ရာထူးကို အားကိုးလွန်တဲ့ ဦးဆောင်သူတွေမှာ ရှိတတ်တဲ့ အယူအဆအမှား (၅) ခု

ပိုမိုမြင့်မားတဲ့ အခွင့်အလမ်းတွေ ရယူနိုင်ဖို့အတွက်
August 11, 2020
လုပ်ငန်းရှင်တွေ ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းမှာ ဦးဆောင်တဲ့အခါမှာ အဓိကကျတဲ့ အချက် (၅) ချက်
August 11, 2020

ရာထူးအရ လုပ်ပိုင်ခွင့်ပေးထားတယ်။ ဟိုဟာလုပ်လိုက် မင်းဒီဟာလုပ်လိုက် ဆိုတဲ့ဟာက ခေါင်းဆောင်မှုမှာ အနိမ့်ဆုံးဖြစ်တယ်။ John C Maxwell ရဲ့ 5 Levels of Leadership မှာလည်း တော်တော် ကြီးကို Highlight လုပ်ထားတယ်။
(၁) ငါက ခေါင်းဆောင်ဖြစ်တယ်။
ခေါင်းဆောင်နေရာမှာ ထိုင်နေလို့ ခေါင်းဆောင်လို့ ထင်တယ်။ အဲဒါမမှန်ဘူး။ အဲဒါက ခေါင်းဆောင်မဟုတ်ဘဲ ရာထူးရထားတာဘဲ ဖြစ်တယ်။ သူ့မှာသာ အဲဒီရာထူးမရှိတော့ရင် သူဘာမှ မဟုတ်တော့ဘူး။ သူက ခေါင်းဆောင်ဖြစ်တယ်လို့ ထင်နေရင် အဲဒါသူ့အထင်ပဲဖြစ်တယ်။ တကယ့် Reality မှာမဟုတ်ဘူး။ ဒါကိုနားလည်ဖို့လိုတယ်။
(၂) ငါ့လူတွေ ငါ့ကို လေးစားကြတယ်။
ငါ့လူတွေက ငါ့ကိုခေါင်းဆောင်ဆိုပြီး လေးစားကြတယ်လို့ မြင်တယ်။ သူ့လူတွေက ခေါင်းဆောင်အရ လေးစားတာ မဟုတ်ဘူး။ သူ့ရာထူးအရ သူ့လုပ်ပိုင်ခွင့်နဲ့ လုပ်မှာကို ကြောက်နေကြတာ ဖြစ်တယ်။ သူသာ အဲဒီရာထူးမရှိတော့ရင် ဂရုတောင်စိုက်ချင်မှ စိုက်တော့မှာ။
လူတစ်ယောက် ရာထူးတိုးမယ့်ဟာကို မတိုးဘဲနဲ့ နေအောင် သူပိတ်ပင်ထားလို့ရတယ်။ အဲဒီအတိုင်းပဲ သူက ရာထူးရှိနေတဲ့အတွက် လူတွေကို ပြစ်ဒဏ်ခတ်ထားလို့်ရတယ်။ အဲဒီတော့ အထက်လူကြီးက ငြိုငြင်မှာစိုးလို့ ဆိုပြီးတော့ အနေထိုင်ဆင်ခြင်တာတွေ ဂရုစိုက်ပြတာတွေ ရှိပေမယ့် ရင်ထဲမှာမပါဘူး။ ရင်ထဲမှာမပါတော့ တကယ့်တကယ် အရေးကြောင်းရှိလာရင် သူ့ဘက်မှာ ရှိမှာမဟုတ်သလို သူထွက်သွားရင်လဲ ဘယ်သူမှ ဂရုစိုက်မှာ မဟုတ်တော့ဘူး။
(၃) ငါ့လူတွေကို ဘာမဆို ခိုင်းလို့ရတယ်။
ကျွန်တော်တို့ မှတ်ထားရမှာက ဦးဆောင်သူတွေက လူတွေကို အလုပ်အကျွေးပြုရမှာ။ သူတို့တွေကို ကူညီပေးဖို့အတွက် ဦးဆောင်ရမှာ။ မှန်ကန်တဲ့အတွေးအခေါ်ဆိုတာ ဒါမျိုးကို ပြောတာ။ ကိုယ်က သူတို့ကို ကူညီပေးရမှာ။
ကိုယ်ရေးကိုယ်တာ မလိုအပ်တာတွေပါ ခိုင်းလာရင် ဦးဆောင်သူအနေနဲ့ အလွဲသုံးစား လုပ်တာမျိုးတွေ ဖြစ်လာနိုင်တယ်။ အဲဒီအခါမှာ လုပ်ငန်းထိခိုက်တာမျိုးတွေ ဖြစ်လာနိုင်တယ်။ အဲဒီအတွက်ကြောင့် လူတွေကို ကူညီပေးဖို့လိုတယ်။
(၄) ငါ့လူတွေက ငါ့ကို ပြန်မပြောရဲဘူး။
ငါ့လူတွေက ငါ့ကိုမပြောရဲဘူးဆိုတာက ပြဿနာက ဘယ်မှာတတ်လဲဆိုတော့ ကိုယ်က Idea တွေဆုံးရှုံးတာ။ ကိုယ့်လူတွေကို ပြန်မပြောရဲအောင် လုပ်ထားတဲ့အတွက်ကြောင့် လုပ်ငန်းနဲ့ ပတ်သတ်ပြီး ကောင်းမွန်တဲ့ Idea တွေ တစ်ခုခု ပြဿနာ အကြီးကြီး မတက်ခင် ပြဿနာ အသေးလေးတွေကနေ ကိုယ့်လူတွေရဲ့ စကားကို နားထောင်လိုက်ရင် ကာကွယ်လို့ရပါလျက်နဲ့အဲဒီ Idea ကောင်းတွေဆုံးရှုံးလာတယ်။
(၅) ငါမရှိရင် မဖြစ်ဘူး။
သူမရှိရင် သူ့ရဲ့နေရာကို ဒုတိယ တစ်ယောက်က ဆက်ခံသွားတာ ဖြစ်နိုင်သလို ငါမရှိရင် မဖြစ်ဘူးဆိုပြီး ထင်ကြတဲ့သူတွေ ဟိုးရှေးကတည်းက ရှိကြတယ်။ တစ်ကယ်လို့ လူတစ်ယောက်က ငါမရှိရင် မဖြစ်ဘူးလို့ ထင်နေခဲ့လို့ရှိရင် သေကြည့်လိုက်ပါတဲ့ ကမ္ဘာကြီးက သူ့ဘာသာ လည်ပတ်နေတာကို တွေ့ရပါလိမ့်မယ်တဲ့။
ကိုယ်မရှိရင် ကိုယ့်နေရာကို ဆက်ခံမယ့်သူကို ပျိုးထောင်ရမယ်။ သင်ကြားပေးရမယ်။ ကိုယ်မရှိရင်လည်း ကိုယ်ရှိနေတုန်းကလိုပဲ ကောင်းမွန်တဲ့ လမ်းကြောင်းတွေကို ရှေ့ဆက်လို့ ရလာလိမ့်မယ်။ တစ်ကယ်လို့များ သင်ကြားပေးထားတာ မရှိရင်တော့ သူ့ဘာသာ ဖြစ်ချင်တာဖြစ်ဆိုတာမျိုးကို ဦးတည်သွားတာမျိုးလည်း ဖြစ်နိုင်တယ်။
အဓိကက ရာထူးကို အားကိုးတာထက် ကိုယ်နဲ့သူနဲ့ကြားမှာ Relationship တည်ဆောက်ပြီးတော့ ကိုယ်မရှိလည်း ဒီအဖွဲ့အစည်းက ကိုယ်ရှိတုန်းကလို လည်ပတ်နိုင်အောင်လုပ်ပြီး ဦးတည်သွားမယ်ဆိုရင် လုပ်ငန်းတာရှည်ခံဖို့အတွက် အများကြီး အထောက်အကူပြုသလို လုပ်ငန်း နောက်ဆက်တွဲ အမွေ လက်ဆောင်ကလည်း နောက်မျိုးဆက်ကို ပျိုးထောင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။
ရာထူးကို အားကိုးလွန်နေမယ်ဆိုရင်တော့ အဲဒီအခြေအနေကို ဘယ်လိုမှ လုပ်လို့ ရနိုင်မှာမဟုတ်ပါဘူး။ ခေါင်းဆောင်မှုနဲ့ပတ်သတ်ပြီး လက်တွေ့ကျကျ အသုံးချနိုင်မယ်လို့ ယုံကြည်ပါတယ်။


Naing Win Aung (MBA, ACC)

CEO Coach & NLP Master Trainer
Leadership Development Facilitator

naingwinaungceocoach

naingwinaungexecutivecoach

Leadership #Coaching #Transformation

NLP #Breakthrough

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial