ဘဝမှာ တိုးတက်လာဖို့ ကိုယ့်ကိုယ်ကိုယ် အားမလို အားမရ ဖြစ်နေသူတွေ အတွက်
ကိုယ့်အခြေအနေကို ကိုယ့်ဟာကိုယ်သိဖို့ လိုတယ်။
ကျွန်တော်တော့ ငယ်ငယ်ကတည်းက စာသိပ်တော်တဲ့အထဲမှာ မပါဘူး။
အထက်တန်းကျောင်းမှာရော တက္ကသိုလ်မှာရော ဆရာ၊ ဆရာမတွေ ချီးကျူးခံတဲ့ အုပ်စုထဲမှာလည်း မပါဘူး။
ရလဒ်တွေ သိပ်မဆိုးပေမယ့် သိပ်ကောင်းတာတော့လည်း မဟုတ်ဘူး။
ဉာဏ်သိပ်ကောင်းတဲ့ အုပ်စုထဲမှာ မပါတာတော့ သေချာတယ်။
ဒါဆိုရင် ဘာလုပ်ရမလဲ။ ဝီရိယများများ စိုက်ဖို့ လိုတယ်။
အချိန်များများ လေ့လာရမယ်။ အလုပ်များများ လုပ်ရမယ်။
သူများ မထသေးတဲ့အချိန်ထရမယ်။ သူများထက် နောက်ကျပြီးမှ အိပ်ရမယ်။
စာအုပ်တွေ အသားကုန်ဖတ်ရမယ်။ သင်တန်းတွေ တက်ရမယ်။ ကိုယ့်ထက်ပိုသိတဲ့သူတွေဆီကနေ သင်ယူရမယ်။
ဉာဏ်လည်း မကောင်းဘူး။ ကြိုးလည်း မကြိုးစားဘူး။ ပျင်းပါပျင်းနေသေးတယ်ဆိုရင်တော့ လစ်ဖို့ပဲ ရှိတယ်။
အခုစာဖတ်နေတဲ့ မိတ်ဆွေတော့ မသိဘူး။
သင်လည်း အပေါ်က အချက်တွေ လိုချင်လားလို့ ကိုယ့်ဟာကိုယ် စဉ်းစားကြည့်ပါ။
လိုချင်တယ်ဆိုရင်တော့ မကြိုးစားနဲ့။ ဆင်ခြေတွေပေးပြီး အချိန်သာဆွဲနေပါ။
မလိုချင်ဘူးဆိုရင်တော့ ရုန်းပါ။
ကိုယ်အခုဘာလုပ်သလဲဆိုတာဟာ ကိုယ်တစ်ယောက်တည်းကို မဟုတ်ပဲ ကိုယ်ချစ်တဲ့သူတွေကိုပါ သက်ရောက်မှုရှိလာလိမ့်မယ်ဆိုတာကို သတိရပါ။
ဘယ်သူမဆို ပြောင်းလဲနိုင်တယ်။
သူ့ကိုယ်သူတင်မကပဲ ပတ်ဝန်းကျင်ကိုပါ တိုးတက်ပြောင်းလဲနိုင်စေတဲ့ လူတစ်ယောက် ဖြစ်လာနိုင်တယ်။
အဲဒါ ကျွန်တော်လက်ခံထားတဲ့ ယုံကြည်မှုဖြစ်တယ်။
အဲဒီအတိုင်း ကျွန်တော်ဆုပ်ကိုင်ထားတယ်။