ထိရောက်တဲ့ ဦးဆောင်သူတွေမှာ ရှိသင့်တဲ့ ခံယူချက် (၄) ချက်

ဦးဆောင်တဲ့လူတွေ တခြားလူတွေကို ဦးဆောင်တဲ့နေရာမှာ ဘာကြောင့် ခံယူချက်အမှန်တွေ ရှိဖို့အတွက် အရေးကြီးသလဲဆိုတဲ့ အကြောင်းရင်း (၃) ချက်
July 13, 2020
နှလုံးသွင်းမှန်တဲ့ ဦးဆောင်သူဖြစ်လာဖို့ အတွက် အကြံပြုချက် (၃) ချက်
July 14, 2020

ထိရောက်တဲ့ ဦးဆောင်သူတွေမှာ ရှိသင့်တဲ့ ခံယူချက် (၄) ချက်

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

ဦးဆောင်တဲ့ လူဆိုတာ အလုပ်လုပ်ရင် ထိရောက်ဖို့လိုတယ်။ ကိုယ်က အချိန်တစ်ခုပေးလိုက်တယ် တစ်နာရီဆိုရင် တစ်နာရီပေးလိုက်တယ် ငါးနာရီပေးရင် ပေးလိုက်တယ် ရှစ်နာရီပေးရင် ပေးလိုက်တယ် တစ်ပတ်မှာ ကိုယ်ဘယ်လောက်လုပ်လဲပေါ့ အဓိကက အလုပ်ဘယ်လောက် လုပ်လဲဆိုတာထက် ကိုယ်လုပ်တာ ဘယ်လောက် ထိရောက်လဲ မထိရောက်လဲဆိုတာ အများကြီး အရေးကြီးတယ်။

ထိရောက်တဲ့ ဦးဆောင်သူဖြစ်ဖို့ လိုတယ်။ ထိရောက်တဲ့ ဦးဆောင်သူဖြစ်ဖို့ဆိုရင် အလုပ်လုပ်တယ် ဒါပေမယ့် မထိရောက်ဘူးဆိုရင် အလကားပဲ။ တကယ်ကို ထိရောက်တဲ့ ဦးဆောင်သူဖြစ်ဖို့လိုတယ်။

အဲဒီလို ဖြစ်ဖို့ဆိုရင် ကျွန်တော်တို့မှာ အရေးပါတဲ့ ခံယူချက်တွေရှိဖို့လိုတယ်။ အဲဒီခံယူချက်တွေနဲ့ ပတ်သက်ပြီး ကျွန်တော် အနေနဲ့မျှဝေချင်တဲ့ အကြောင်းအရာလေးခုရှိတယ်။

(၁) ငါအကုန်မသိဘူး ငါ့မှာ လေ့လာစရာ အများကြီး ကျန်သေးတယ်။

ဒီမှာကြည့်နေတဲ့ မိတ်ဆွေတွေဟာ လုပ်ငန်းရှင်တစ်ယောက် ဖြစ်တယ်။ အတိုင်းတာ တစ်ခုထိ အောင်မြင်တယ်ဆိုရင် ဘယ်လိုထင်မလဲဆိုတော့ ကိုယ့်ကိုယ်ကိုယ် ငါတော်တော်လေးလုပ်နိုင်တယ် ဆိုတဲ့ စိတ်မျိုးရှိကြတယ်။ ဒီလိုစိတ်မျိုးကလည်း အရေးကြီးတယ် မဟုတ်ရင် စိတ်ဓာတ်ကျတာတွေ ဖြစ်လာနိုင်တယ်။ တချို့ကကျတော့ ငါမလုပ်နိုင်ဘူးလို့ထင်တယ် အဲဒီအခါမှာ စိတ်ဓာတ်ကျစရာတွေ ဖြစ်လာတယ်။

ကိုယ်က ငါမှာလုပ်နိုင်စွမ်းရှိတယ် ငါဒါတွေလုပ်နိုင်တယ်လို့ ခံယူရင် ကိုယ်ကနေလို့ကောင်းတယ် ဒါက တစ်နည်းပြောတာ ကိုယ့်ကိုယ်ကိုယ် လေးစားမူတွေ မြင့်တာပေါ့ ဒါပေမယ့် အဲဒီဘက်က သိပ်လွန်သွားလို့ရှိရင် ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ် အရမ်းသိတယ် တတ်တယ် ဒီလိုမျိုးထင်လာတယ်။

ငါအကုန်မသိဘူး ငါ့မှာလေ့လာစရာတွေ ကျန်သေးတယ် ဒီလိုမျိုး ခံယူချက် အမြဲတမ်း နှလုံးသွင်းထားဖို့ လို့တယ်။

(၂) ငါတစ်ယောက်ထဲ အကုန်လုပ်လို့မရဘူး ငါ့ကိုကူညီပေးမယ့် လူတွေလိုတယ်။

ကိုယ့်ရဲ့ Team ထဲမှာ Team Member တွေ အများကြီး ရှိတဲ့အခါ အရမ်းကောင်းတယ်။ ကျွန်တော်တို့က ကိုယ်လုပ်နေတဲ့အလုပ်ကို ကိုယ်တစ်ယောက်ထဲ လုပ်နေရသကဲ့သို့ ကျွန်တော်တို့ စိတ်ထဲမှာ တခါတလေကျရင် ထင်လာတယ်။ ကိုယ်က ဦးဆောင်တဲ့သူဆိုတာ တခြားလူတွေထက် ပိုသိပြီး ပိုပြီးလုပ်ရမယ် ဒါက အတိုင်းတာတခုမှန်တယ်။

ကိုယ်တစ်ယောက်ထဲ အကုန်လုံး လုပ်လို့ရတယ်လို့ စိတ်ထဲမှာ ထင်သွားလို့ရှိရင် ကျွန်တော်တို့ ပတ်ဝန်းကျင်က လူတွေကို အထင်သေးတာ မျိုးတွေ ဖြစ်လာမယ်။ အဲဒီအတွက်ကြောင့် ငါတစ်ယောက်ထဲ အကုန်လုပ်လို့မရဘူး ငါ့ကို ကူညီပေးမယ့်လူလိုတယ် သူတို့ကို တန်ဖိုးထားရမယ်။ ဒီလိုစိတ်မျိုး ခံယူချက်မျိုး ရှိဖို့လိုတယ်။

(၃) ဦးဆောင်သူ တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ အလုပ်ကလူတွေကို လုပ်ပြရမယ့် တာဝန်ချပြပြီးသွားလို့ရှိရင် အဲဒီအလုပ်တွေကို သူတို့လုပ်လာနိုင်အောင် ကျွန်တော်တို့ ပြန်ပြီးကူညီပေးဖို့ဖြစ်တယ်။

Team Member တွေ သူတို့ တစ်ခုခုလုပ်ဖို့ဆိုရင် သူတို့ ဘာလုပ်ရမလဲ ချပြဖို့တာဝန်ရှိတယ်။ အဲဒီအခါကျတော့ လူတွေကို သူတို့ဘာလုပ်မလဲဆိုတဲ့ တာဝန်တွေ သူတို့ရှင်းသွားအောင် လုပ်ဖို့အရေးကြီးတယ်။ မရှင်းရင် အဆင်မပြေဘူး ရှင်းသွားအောင် သေချာချပြရမယ်။

အဲဒီအလုပ်တွေ လုပ်လာနိုင်အောင် ကိုယ့်ဘက်က ဘာကူညီပေးရမလဲ သင်ပေးရမလား ဒါမှမဟုတ်လို့ရှိရင် အထောက်အကူပစ္စည်းတွေ ဝယ်ပေးရမှာလား လူတွေဖြည့်ပေးရမလား ဘာလုပ်ပေးရမလဲ ဒါကို ကူညီပေးဖို့ဖြစ်တယ်။ ကူညီပေးဖို့ဆိုတဲ့ဟာကို လိုင်းတားထားရမှာ ကိုယ်ရဲ့ နားထောင်တဲ့နေရာမှာ ကူညီပေးဖို့ကို နားမလည်ရင် အကျိုးရှိမှာမဟုတ်ဘူး။

(၄) ကိုယ့်ရဲ့ထိရောက်မူကို ကိုယ်ဘယ်လောက် အလုပ်လုပ်သလဲ ဆိုတာထက် ကိုယ်ဘယ်လောက် အလုပ်ပြီးလဲ ဆိုတာနဲ့ တိုင်းတာမယ်။

လူတွေက အလုပ်လုပ်နေပြီဆိုရင် ကိုယ်ဟာကိုယ် သိပ်အလုပ်များနေတယ်ထင်တာ အလုပ်များနေတဲ့လူ ကိုသွားမေးကြည့်လိုက် အလုပ်ဘယ်လောက်ပြီးလဲဆိုရင် အလုပ်မပြီးတဲ့လူတွေ အများကြီးပဲ။

ကျွန်တော်တို့အနေနဲ့ မြင်သာထင်သာတဲ့ ရလဒ် အကျိုးကျေးဇူးတွေ ဒါတွေကို ကျွန်တော်တို့ မပြနိုင်ပဲနဲ့ အလုပ်ဘယ်လောက်များပါတယ်ပဲ ပြောနေရင် အလကားပဲ။

ကျွန်တော်တို့ ငယ်ငယ်တုန်းက သင်ရတဲ့ဟာရှိတယ်။ ကျွန်တော် YKKO မှာ ကိုးနှစ်ဝန်းကျင် လုပ်ခဲ့တယ် YKKO က Founder က ကျွန်တော့် ဦးလေးအရင်းလဲဖြစ်တယ် သူ့ဆီကနေပြီးတော့ Entrepreneurship နဲ့ ပတ်သက်ပြီးတော့ အထူးသဖြင့် Business Leadership နဲ့ ပတ်သက်ပြီး အများကြီး လေ့လာခဲ့တယ်။ သူကပြောတယ် သားတို့တဲ့ အလုပ်ညီမျှခြင်းအရွေ့တဲ့။ အရွေ့ဆိုတာ ရွေ့ဆိုတာ မရှိပဲနဲ့ အလုပ်ပြီးတယ်မခေါ်ဘူး။

တစ်ရက်လုံး လာထိုင်လုပ်နေတယ် ပြီးလည်းပြီးရော ဘာမှလဲမပြီးဘူးဆို ဒါက အလုပ်ပြီးတယ်မခေါ်ဘူး။ ဒါကြောင့် ထိရောက်မူကို ကိုယ်ဘယ်လောက် အလုပ်လုပ်သလဲဆိုတာထက် ဘယ်လောက် အလုပ်ပြီးလဲဆိုတာနဲ့ တိုင်းတာတယ်။

ဒီမှာရှိတဲ့ မိတ်ဆွေတွေ ကိုယ့်ရဲ့လုပ်ငန်းနဲ့ အဖွဲ့အစည်းကို ဦးဆောင်တဲ့အခါမှာ အများကြီး အရေးကြီးပြီး အသုံးတည့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။

Naing Win Aung (MBA, ACC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

#naingwinaungexecutivecoach
#Leadership #Coaching #Transformation
#NLP #Breakthrough
#Breakthrough_Coaching_Myanmar
#Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial