ညွှန်ကြားတာထက် ပိုပြီးထိရောက်တဲ့အရာ

ရေရှည်မှာ သင်လိုချင်တဲ့ အောင်မြင်မှုကို ရရှိဖို့ စွန့်လွှတ်ရမယ့်စိတ်
July 30, 2020
လုပ်ငန်းခွင်မှာ ဖြစ်တတ်တဲ့ အငြင်းပွားမှုတွေကို ဘယ်လိုဖြေရှင်းကြမလဲ
July 31, 2020

ညွှန်ကြားတာထက် ပိုပြီးထိရောက်တဲ့အရာ

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

ကျွန်တော်တို့ ပုံမှန်အားဖြင့် စဉ်းစားမယ်ဆိုရင် လူတွေအများစု ဦးဆောင်သူတွေရော ဘယ်သူမဆို အများစုကပြောဖို့ကို အားသန်ကြတယ်။ တစ်ခါတုန်းက ကျွန်တော် နေပြည်တော်ကိုသွားတယ် တော်တော်ကြာပြီ။ ၂၀၀၉ လောက်ကသွားတော့ လမ်းမှာ နေပြည်တော်သွားရင်းနဲ့ ကျွန်တော့်ကားက ပျက်သွားတယ်။ ပျက်သွားတော့ ကျွန်တော့်ကားမှာပါတဲ့ အဖွဲ့တွေက ရန်ကုန်ကို တစ်ချို့တွေသွားကြတယ်။ တစ်ယောက်နှစ်ယောက်လောက်ပဲ ကျွန်တော်နဲ့ အစောင့်ကျန်ခဲ့တယ်။ ကျန်ခဲ့ပြီးတော့ ကျန်တဲ့သူတွေက ရန်ကုန်မှာ ဝပ်ရှော့ဆရာ သွားခေါ်ဖို့ပြန်ကြတယ်။

အဲဒီနားလေးမှာ ဖြစ်ချင်တော့ ဆိုင်လေးတစ်ဆိုင်ရှိတယ်။ အမြန်လမ်းပေါ်မှာ ဆိုင်လေးတစ်ဆိုင်ရှိတော့ ဆိုင်လေးက ရိုးရိုးဆိုင်လေးပဲ သေးသေးလေးပဲ။ အဲဒီဆိုင်လေးမှာ ကျွန်တော်ဝင်သွားတယ်။ ဝင်သွားတော့ တချို့တွေလည်း ဘီယာတွေဘာတွေ သောက်နေကြတာပေါ့။ ကျွန်တော်တို့လည်း ကိုယ်မှာချင်တာလေးတွေမှာ မှာပြီးတော့ အဲဒီမှာထိုင်။ ထိုင်တော့ သူတို့ကဖော်ရွေပါတယ်။ လာပါ အစ်ကိုတို့ လာထိုင်ဘာညာ အဲဒီလိုပြောတော့ ကျွန်တော်လည်းဝင်ထိုင် ဝင်ထိုင်ပြီးတော့ ကိုယ်လည်း ဘာပြောရရင်ကောင်းမလဲပေါ့နော်။ ကျွန်တော် သူတို့အခြေအနေကိုကြည့်နေတာ အဲဒီအခါမှာ အဲဒီစားပွဲဝိုင်းမှာထိုင်နေတာက အစ်ကိုသုံးယောက် ထိုင်နေကြတယ်။

အံ့ဩစရာကောင်းတာက အဲဒီသုံးယောက်စလုံးက တစ်ပြိုင်ထဲမှာ စကားတွေပြောနေကြတယ်။ တစ်ပြိုင်ထဲနီးပါးကို စကားတွေပြောနေကြတယ်။ ပြီးတော့ သူတို့ပြောနေတဲ့ အကြောင်းအရာတွေက တစ်ယောက်ပြောတာနဲ့ တစ်ယောက်ပြောတဲ့ အကြောင်းက မဆက်စပ်ကြဘူး။ တစ်နည်းပြောရရင်တော့ တစ်ဖက်လူဘာပြောချင်တာလဲ ဆိုတာမသိဘဲနဲ့ သူတို့ပြောချင်တာကို အားသန်နေတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ Meeting တွေမှာ ကြည့်မယ်ဆိုရင်လဲ နယ်ပယ်အသီးသီးမှာ အစည်းအဝေးတွေလုပ်ရတယ်။ အစည်းအဝေးတွေ လုပ်ကြတဲ့အခါမှာ ဦးဆောင်တဲ့လူတွေက ပြောဖို့ကိုပဲ ပိုပြီးတော့ အားသန်နေကြတယ်။ တစ်နည်းပြောရရင်တော့ ညွှန်ကြားတယ်ပေါ့။

ဒီနေရာမှာ ကျွန်တော်တို့ ဆက်စပ်ပြီးတော့ အရေးကြီးတာလေးတစ်ခုက ပြောတာထက်စာရင် နားထောင်ဖို့လည်း လိုတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ နားထောင်တာထက်ကို နောက်ထပ်လိုတဲ့ အချက်လေး တစ်ချက်ကို ကျွန်တော် Share လုပ်ချင်တာ။ အဲဒါဘာလဲဆိုတော့ ကျွန်တော်တို့ မေးခွန်းမေးရမယ်။ မေးခွန်းမေးရမယ်ဆိုတာက ကျွန်တော်တို့ အစည်းအဝေးတစ်ခု ခေါ်လိုက်တယ် မင်းတို့ ဒါတွေ ဒါတွေ ဒါတွေဖြစ်နေတယ်။ အဲဒါကြောင့် မင်းတို့ ဒါတွေ ဒါတွေ ဒါတွေလုပ်ပါ။ ကျွန်တော်တို့ အဲဒီလိုညွှန်ကြားတယ်။

မင်းတို့ဘာမေးစရာရှိသေးလဲ အများစုက မရှိပါဘူးပြောတယ်။ ပြီးရင်အစည်းအဝေးကြီး ရပ်သွားတယ်။ ပြီးရင် အဲဒါကို ဆက်ပြီးတော့ အကောင်အထည်ဖော်မှုမှာ ဘယ်လောက်ရှိလဲ များသောအားဖြင့် ကိုယ်ထင်သလောက် အားရမှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲ အဲဒီတော့သူတို့ ဘာလုပ်ပါ ဘာလုပ်ပါဆိုပြီး ရသွားတာတွေက ဘယ်ကလာတာလဲဆိုတော့ ကိုယ့်ဆီက လာတာဖြစ်နေတယ်။ အဲဒီတော့ ကျွန်တော်တို့ Coach တွေကကြ ဘာလုပ်လဲ ဘာလုပ်လဲဆိုတော့ ခုနတုန်းက Client တွေ ဒါမှမဟုတ် ကိုယ့်ရဲ့သင်တန်းသားတွေ ဒါမှမဟုတ် ကိုယ့်လက်အောက်က ဝန်ထမ်းတွေ သူတို့တွေ ဘာဖြစ်ချင်တာလဲ ဆိုတာကို ကျွန်တော်တို့က မေးရတယ်။

သူတို့ဘာတွေဖြစ်ချင်လဲ ဒါမှမဟုတ် သူတို့လက်ရှိ ဘာတွေဖြစ်နေတာလဲ။ ဒါမှမဟုတ် ကိုယ်က လက်တွေ့လုပ်ငန်းခွင်မှာဆိုရင် ကိုယ်က ဖြစ်စေချင်တာကရော ဘာလဲ။ ဒါလေးတွေကို အရင်ဆုံး ကျွန်တော်တို့ ရှင်းအောင်လုပ်ဖို့လိုတယ်။ ပြီးသွားလို့ရှိရင် ကိုယ်က သူတို့ကို သွားပြီးတော့ မင်းတို့တွေ ဘာလုပ်လိုက်ပါ ဘာလုပ်လိုက်ပါ ဆိုပြီးတော့ သွားပြီးပြောမယ့်အစား မင်းတို့အနေနဲ့ ဒီကိစ္စအပေါ် ဘယ်လိုမြင်လဲ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မင်းတို့ အတွေ့အကြုံတွေ ဘာတွေဘယ်လိုရှိလဲ။ မင်းတို့ကြားထားတာတွေ ဘာတွေဘယ်လိုရှိလဲ။

အထဲထဲမှာရှိတဲ့ တစ်ယောက်ချင်း တစ်ယောက်ချင်းကို သူတို့ရဲ့သဘောထားကို မေးလို့ရတယ်။ အလှည့်ပေးပြီး မေးလို့ရတယ်။ အဲဒီအတိုင်းပဲ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ မင်းတို့အနေနဲ့ ဖြေရှင်းရမယ်ဆိုရင် မင်းတို့ရဲ့ Idea တွေက ဘာတွေလဲ၊ ဒါနဲ့ပတ်သက်ပြီး မင်းတို့ ဘယ်လိုဖြေရှင်းရင် ကောင်းမယ်ထင်လဲ သူတို့ကို အဲဒါလေးတွေ မေးလို့ရတယ်။ မေးပြီးရင် မတူတဲ့ Idea လေးတွေကို စုစုပြီးတော့ Flip Chart မှာဖြစ်ဖြစ် Whiteboard မှာဖြစ်ဖြစ် ကောက်ရေးထားလို့ရတယ်။ ရေးထားပြီးသွားရင် အဲဒီအချက်တွေထဲမှာ ငါတို့လက်ရှိအခြေအနေနဲ့ အဖြစ်နိုင်ဆုံး နည်းလမ်းကဘာလဲ။ ဒါလေးကို ကျွန်တော်တို့ ပြန်ရွေးလို့ရတယ်။ မရွေးခင်မှာ ကိုယ့်မှာမတူတဲ့ Idea ရှိရင်လဲ အဲဒီမတူတဲ့ Idea ကို သူတို့ကို ချပြလို့ရတယ်။

အဲဒီ Idea တွေ အားလုံးပေါင်းပြီးတော့မှ အဖွဲ့အစည်းအတွက် အသင့်တော်ဆုံး နည်းလမ်းကဘာလဲ ဒါလေးကို ကျွန်တော်တို့ လုပ်ရမယ်။ အဲဒီအတွက်ကြောင့် ဦးဆောင်သူတွေအနေနဲ့ ဘာလုပ်ရမလဲဆိုရင် ပြောပဲပြောတာဆိုရင် နှစ်ခုလုပ်သင့်တယ်။ တစ်ခုက နားထောင်ပေးဖို့လိုတယ်။ နောက်တစ်ခုက မေးခွန်းလေးတေ ွမေးဖို့လိုတယ်။ အဲဒီအခါမှာ ကျွန်တော်တို့ နားထောင်းပေးတယ်ဆိုရင် တစ်ဖက်ကလူက ဘာဖြစ်မလဲဆိုရင် သူတို့ကို လေးစားရာရောက်တယ်။ ငါပြောတာပဲ နားထောင်ဆိုတာထက် သူတို့ပြောတာကိုလဲ နားထောင်ပေးတယ်။

ဒါကအင်မတန် ကောင်းတဲ့အရာဖြစ်တယ်။ ဒါပေမယ့် ဒီနေ့အစီအစဉ်မှာ ကျွန်တော်ပိုပြီးပြောချင်တာက မေးခွန်းမေးတာ။ မေးခွန်းမေးတယ်ဆိုတာ ခုနကပြောသလိုပဲ ကိုယ့်ရဲ့ Idea တွေ သူတို့ရဲ့ ဖြစ်ချင်တာတွေ ပြီးရင် ဒါနဲ့ပတ်သက်ပြီးတော့ သူတို့ ဘယ်လိုဆက်လုပ်မယ်လို့ စဉ်းစားတဲ့အရာတွေ ပြီးရင် နောက်ဆုံးမှာတော့ ဒါနဲ့ပတ်သက်ပြီးတော့ မင်းတို့ ဘယ်ဌာနက ဘာလုပ်မယ် ဆုံးဖြတ်လဲ ဘယ်သူကတော့ အတိအကျအားဖြင့် ဘာလုပ်မယ် ဘယ်နေ့မှာ လုပ်လို့ရမယ် ဒါလေးတွေ ကျွန်တော်တို့မေးလို့ရမယ်။ ဖြစ်နိုင်ရင် ကိုယ်က ဖြည့်စွက်ပြီးတော့ အကြံဉာဏ်တွေ ဘာတွေပေး။

ကျွန်တော်တို့ Coach တွေကတော့ အတတ်နိုင်ဆုံးတော့ အကြံမပေးဘူး။ ဒါပေမယ့် ကိုယ်ကလုပ်ငန်းခွင်မှာ ဦးဆောင်နေတာဆိုရင်တော့ အကြံဉာဏ် ပေးလို့လဲရတယ်။ ဒါပေမယ့် အရေးကြီးတာ အဓိက ဆုံးဖြတ်ချက်တွေ အဓိက Idea တွေက တတ်နိုင်သမျှ သူတို့ဆီက ထွက်လာအောင်လုပ်ရမယ်။ ကိုယ်ကပြောရင် ကိုယ့်စကားဖြစ်တယ်။ သူတို့ပါးစပ်က ထွက်လာရင် သူတို့စကားဖြစ်တယ်။ သူတို့ပါးစပ်က ထွက်လာတာ ဖြစ်တဲ့အတွက်ကြောင့် သူတို့က အဲဒါနဲ့ပတ်သက်ပြီး ပိုပြီးကျေနပ်တယ်။ တကယ်လို့များ သူတို့လုပ်လိုက်လို့ ရလဒ်ထွက်သွားပြီဆို သူတို့စိတ်ထဲမှာ ဘယ်လိုနေမလဲဆိုတော့ ငါတို့က ငါတို့ဟာငါတို့ စဉ်းစားပြီးရတဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်တာလို့ သူတို့မြင်တဲ့အတွက်ကြောင့် သူတို့က ပိုပြီးတော့ ဂုဏ်ယူကြတယ်။

သူတို့ကိုသူတို့ လေးစားမှုရော ယုံကြည်အားထားမှုက ပိုပြီးတော့မြင့်လာမယ်။ အဲဒါဆိုရင် ဘာဖြစ်လာမလဲ နောက်ပိုင်းကိစ္စတွေမှာ ကိုယ်တစ်ယောက်တည်း စဉ်းစားတာထက် သူတို့ပါ ဝိုင်းပြီးစဉ်းစားလာကြလိမ့်မယ်။ အဲဒီအခါမှာ အဖွဲ့အစည်း တိုးတက်ဖို့အတွက်ရော တစ်ယောက်ချင်း တိုးတက်ဖို့အတွက်ရော အများကြီး အထောက်အကူဖြစ်တယ်။ အဲဒီအတွက်ကြောင့် ဦးဆောင်တဲ့သူအနေနဲ့ အမြဲတမ်း ပြောနေမယ့်အစား မေးခွန်းများများ မေးဖို့စဉ်းစားပါ။ မေးခွန်းမမေးခင်မှာ နားလည်းနားထောင်ပေးပါ။

Naing Win Aung (MBA, ACC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

#naingwinaungceocoach
#naingwinaungexecutivecoach
#Leadership#Coaching#Transformation
#NLP#Breakthrough
#Breakthrough_Coaching_Myanmar
#Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial