စီးပွားရေးလုပ်ငန်းရှင်တွေ လုပ်ငန်းမှာ ငယ်ရွယ်တဲ့ ဦးဆောင်သူတွေကို မွေးထုတ်တော့မယ်ဆိုရင် သိသင့်တဲ့ အချက် (၆) ချက်

စီးပွားရေးလုပ်ငန်းရှင်တွေ ဦးဆောင်သူတွေ အဓိက ထားသင့်တဲ့ အချက် အချက် (၃) ချက်
September 11, 2020
အတွေးတွေအကြောင်း ဦးဆောင်သူတွေ သိသင့်တဲ့ အချက် (၃) ချက်
September 13, 2020

လုပ်ငန်းခွင်တွေမှာ ဖွဲ့စည်းပုံ Organizations Structure ရှိတဲ့အတွက်ကြောင့် အဲဒီအဆင့်ဆင့်တိုင်းမှာ ဦးဆောင်နိုင်တဲ့သူ ရှိဖို့လိုတယ်။ အဲဒီအတွက်ကြောင့် Leadership ကို ဟိုးအောက်ဆုံး အဆင့်ကနေစပြီး သင်ပေးမှ သူကတစ်ဆင့်ပြီးတစ်ဆင့် တက်လာတဲ့သဘောရှိတယ်။ ဆိုလိုတဲ့သဘောက အငယ်တွေမှာ Leadership Skill မရှိဘူးဆိုရင် သူတို့ကို အပေါ်ဆွဲခေါ်လို့မရဘူး။ အဲဒီအတွက်ကြောင့် Leadership Skill ကို အဆင့်ဆင့် မြှင့်တင်လာရင်းနဲ့ သူတို့ကို တက်လာအောင်လုပ်လို့ရတယ်။
ငယ်ရွယ်တဲ့ Leader တွေကို ပျိုးထောင်ပေးရင် ဘာဖြစ်လာမလဲဆိုတော့ တစ်ချိန်ကျရင် အပေါ်က Leader တွေ အသက်ကြီးလာတာမျိုးတွေ လုပ်ငန်းခွင်ပြင်ပမှာ သူရဲ့ တိုးတက်ရာ တိုးတက်ကြောင်း ရှာသွားတာမျိုးတွေ ဒါမှမဟုတ် လုပ်ငန်းခွင်ထဲမှာပဲ ရာထူးတင်လိုက်ရတာမျိုးတွေ ဖြစ်လာတဲ့အခါမှာ အောက်ကနေတက်လာမယ့် သူမရှိရင် လုပ်ငန်းက ခါးပြတ်သွားပြီးတော့ ယိုင်သွားနိုင်တယ်။ အဲဒီအခါကျမှ လိုက်ပြီး အစားထိုးဖို့ လုပ်မယ်ဆိုရင် အဆင်မပြေတော့ဘူး။ ဦးဆောင်သူတွေ ကိုယ်ကိုယ်တိုင် အပါအဝင်က တစ်ချိန်ကြရင် အိုလာမှာကို မေ့လို့မရဘူး။ အဲဒီအတွက်ကြောင့် ဆင့်ကဲ ဆင့်ကဲ ဆက်ခံနိုင်မယ့် Leader တွေကိုပျိုးထောင်ထားဖို့လိုတယ်။
(၁) သူတို့ကို မှန်ကန်တဲ့ ခေါင်းဆောင်မှု အရည်အချင်းတွေသိလာအောင် သင်ပေးဖို့လိုတယ်။
ခေါင်းဆောင်မှု ခံယူချက်ဆိုတာ အလိုလိုနေရင်း ရှိလာတာ မဟုတ်ဘူး။ ဒီလောက်ကတော့ သူတို့သိမှာပဲဆိုပြီး တွေးလို့မရဘူး။ အထူးသဖြင့် ကိုယ့်ရဲ့လုပ်ငန်းမှာ ဦးဆောင်တဲ့ လူတွေမှာ ဘယ်လို Policy တွေရှိဖို့လိုတယ်။ Core Value တွေရှိရင် သူတို့ကို ဒါတွေသင်ပေးထားဖို့လိုတယ်။ ဒါမသိဘဲနဲ့ အပေါ်တက်လို့ မရဘူး။ ဒါတွေကို မလုပ်ဘဲနဲ့ ခေါင်းဆောင်လုပ်လို့ မရဘူး။ လက်အောက်က လူတွေကို မကြည့်ဘဲနဲ့ အတ္တကြီးနေလို့မရဘူး။
လက်အောက်က လူတွေပြောတာကို နားမထောင်ဘဲနဲ့ ခေါင်းဆောင်လုပ်လို့မရဘူး။ ခေါင်းဆောင်တယ်ဆိုတာက ကိုယ့်ကျိုးထက် သူတို့ရဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ သူတို့ရဲ့ အခက်အခဲတွေကို နားလည်ပြီး ကူညီပေးဖို့ဖြစ်တယ်။ ဒါမျိုးတွေကို မသင်ပေးဘဲနဲ့ ငယ်ရွယ်တဲ့ ခေါင်းဆောင်တွေကို ပျိုးထောင်ဖို့ မလွယ်ဘူး။ ဒါတွေကို သင်ပေးထားမှရမယ်။
(၂) သူတို့ အားငယ်နေနိုင်တဲ့အတွက် သူတို့ကို အားပေးရမယ်။
ဝန်ထမ်းအငယ်လေးတွေကို သူတို့ Experience တစ်ခုရလာလို့ ပျိုးထောင်ပေးတော့မယ်ဆိုရင် တစ်ဖက်မှာ သူတို့ပျော်နေတာရှိသလို တစ်ဖက်မှာလည်း သူတို့အားငယ်နေတာ ရှိနိုင်တယ်။ အဲဒီအချိန်မှာ သူတို့ကို အားပေးရမယ်။ ငါတို့တုန်းက ဘယ်လိုအခက်အခဲတွေကို ကျော်ဖြတ်ခဲ့ရတယ်။ မင်းတို့ကို ယုံကြည်လို့ ပျိုးထောင်ပေးတာ မင်းတို့လုပ်နိုင်မယ်လို့ ယုံကြည်တယ် ဒါမျိုးလေးတွေပြောမယ်ဆိုရင် သူတို့မှာ ရှိတဲ့ အားငယ်စိတ်တွေ ပျောက်သွားနိုင်တယ်။
(၃) သူတို့သိရမယ့်အရာတွေကို အချိန်ကာလ အပိုင်းအခြားတစ်ခုချင်းဆီမှာ သင်ပေးရမယ်။
စိတ်ဓာတ်ရေးရာ၊ ဆက်ဆံရေး၊ တစ်ခြားသူတွေကို ဘယ်လိုမျိုးဦးဆောင်လမ်းပြရမလဲ၊ ဘယ်လိုစီမံခန့်ခွဲရမလဲ၊ ဘယ်လိုဦးဆောင်ရမလဲ ဒါမျိုးတွေကို တစ်ချိန်မှာ တစ်ခုဆီ သူတို့ကို Coaching လုပ်သွားမယ်၊ Mentor လုပ်သွားမယ်ဆိုရင် အဆင်ပြေနိုင်တယ်။ အားလုံးကို တစ်ပြိုင်ထဲ သွားသင်တာမျိုးတွေ မလုပ်နဲ့။ တစ်ခုစီ တစ်ခုစီ အချိန်ဇယားဆွဲပြီးတော့ ကိုယ့်လုပ်ငန်းမှာပဲရှိတဲ့ Technical Skill တွေကိုလည်း တစ်ပိုင်းစီ အချိန်ယူပြီး သင်ပေးသွားဖို့လိုတယ်။
(၄) သူတို့လိုအပ်တဲ့ အရင်းအမြစ်တွေကို ထောက်ပံပေးရမယ်။
Leadership ကို သွားတဲ့အခါမှာ လက်ဗလာနဲ့ သွားလို့မရဘူး။ လိုအပ်မယ့် ဖုန်းတွေ Laptop တွေ စီစဉ်ပေးတာပဲဖြစ်ဖြစ်၊ သင်တန်းတွေ Online သင်တန်းတွေ အပ်ပေးတာဖြစ်ဖြစ် အပြင်မှာ တက်ခိုင်းတာဖြစ်ဖြစ် ဒါမှမဟုတ်ရင် သူတို့လက်အောက်မှာ လိုအပ်တဲ့အခါ Team Member တွေ ထည့်ပေးတာပဲဖြစ်ဖြစ် လိုအပ်တဲ့ Supporting တွေပေးရမယ်။ လုံလုံလောက်လောက် ဦးဆောင်ဖို့ သူတို့မှာ လုံလောက်တဲ့ အရင်းအမြစ်တွေ ရှိရဲ့လားသိရမယ်။
(၅) တိုးတက်မှုကို ကြည့်ပြီး Coach လုပ်ပေးဖို့လိုတယ်။
လုပ်ငန်းရှင်တွေအားလုံး ကျွန်တော် သေချာပေါက်ပြောနိုင်တာက Coach တစ်ယောက်ထားပါ။ ပြီးရင် Coaching Skill ကိုလည်း တက်အောင်လုပ်ထားပါ။ သူတို့ကို Coach မလုပ်နိုင်ဘဲနဲ့ ကိုယ်က Inside Out မလုပ်နိုင်ဘူး။ ကိုယ်က ပြောပဲပြောတာ နားထောင်ပေးဖို့လိုတယ်။ သူတို့ရင်ထဲက စကားတွေ ထွက်လာအောင် မေးတက်ဖို့က မလွယ်ဘူး။ သူ့ဟာသူ အဖြေရှာတက်အောင် လုပ်ပေးဖို့က မလွယ်ဘူး။ သူတို့ကိုယ်တိုင် အဖြေရှာနိုင်အောင် လုပ်ပေးရမယ်။
(၆) စွမ်းဆောင်ရည်ကောင်းရင် ကောင်းသလိုချီးကျူး အားပေးစကားပြောရမယ်။
လူငယ်တွေက ချီးကျူးတာကို လိုချင်ကြတယ်။ ချီးကျူးတဲ့အခါမှာလည်း လူအများရှေ့မှာ ချီးကျူးပေးရမယ်။ လူအများရှေ့မှာ ချီးကျူးပေးတာက ဘာမှမဖြစ်ဘူး။ တစ်ချို့က ချီးကျုးလိုက်ရင် သူတို့မြောက်သွားမလားလို့ ထင်တက်ကြတယ်။ တကယ်က မချိုးကျူးဘဲနေရင် သူတို့လုပ်တာ မှန်သလား မှားသလားလည်းမသိ အဲဒီအခါမှာ အဆင်မပြေ ဖြစ်တက်တယ်။ အဲဒီအတွက်ကြောင့် ငယ်ရွယ်တဲ့ ခေါင်းဆောင်လေးတွေကို ပျိုးထောင်ပေးတဲ့အခါမှာ လိုရင်လိုသလို ချီးကျူးပေးမယ်ဆိုရင် အများကြီးအဆင်ပြေပါတယ်။
Naing Win Aung (MBA, ACC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

naingwinaungceocoach

naingwinaungexecutivecoach

Leadership #Coaching #Transformation

NLP #Breakthrough

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial