စီးပွားရေး လုပ်ငန်းလုပ်ပြီဆိုတည်းက ကိုယ့်ရဲ့ရည်ရွယ်ချက်နဲ့ ကိုယ်လိုချင်တဲ့ Result က ဘာလဲဆိုတာကို သိဖို့လိုတယ်။ လုပ်ငန်းရှင်တွေက မှန်မှန်ကန်ကန် ထိထိရောက်ရောက်နဲ့ ဦးဆောင်ဖို့ အဓိကထားသင့်တဲ့ ရည်ရွယ်ချက် (၃) ခု ရှိတယ်။
(၁) Profit
စီးပွားရေး လုပ်ငန်းလုပ်ရင် ဘာလို့လုပ်တာလဲလို့ မေးတဲ့အခါမှာ တော်တော်များများက အမြတ်ရချင်လို့ လုပ်တာလို့ ဖြေတယ်။ ဒါက မှန်သင့်သလောက်တော့ မှန်ပါတယ်။ အဓိကက Profit က အရေးကြီးတယ်။ အမြတ်မရဘဲနဲ့ လုပ်ငန်းလုပ်တယ်လို့ မခေါ်ဘူး။ ငွေကြေးအရ မဟုတ်ဘဲနဲ့ တန်ဖိုးတက်နေတာဆိုရင်လည်း တစ်နည်းတစ်ဖုံ မြတ်နေတာပဲ။ အရေးကြီးတာ အမြတ်ရနေဖို့လိုတယ်။ အမြတ်မရဘဲနဲ့ အဲဒီလုပ်ငန်းက ရပ်တည်ဖို့ မလွယ်ဘူး။
စီးပွားရေးလုပ်ငန်းကို ဦးဆောင်ပြီဆိုရင် အကျိုးအမြတ် များရဲ့လား။ ကုန်ကျစရိတ်တွေ များနေလား။ မြတ်တယ်ဆိုတာက ရောင်းတဲ့စရိတ်ထက် ထုတ်လုပ်တဲ့စရိတ် ဝယ်တဲ့စရိတ်က သက်သာမှ ကိုယ်က အကျိုးအမြတ် များမှာဖြစ်တယ်။ ကျွန်တော်ငယ်ငယ်က မလုပ်တက်ဘဲနဲ့ လက္ဘရည်ဆိုင်တွေဖွင့် အဲဒီတုန်းက ထမင်းပေါင်းတစ်ပွဲရဲ့ စရိတ်က ရောင်းတဲ့စရိတ်ထက်ကိုများနေတာ ကိုယ်က သူများဆီက ဆိုင်ပြန်ဝယ်ပြီးလုပ်တာ ဖြစ်တဲ့အတွက်ကြောင့် သူသွားတဲ့အတိုင်းသွားတော့ ဆုံးရှုံးမှုတွေရှိတာပေါ့။ ဘယ်လိုပဲပြောပြော အမြတ်မရှိရင် လုပ်ငန်းက မရပ်တည်နိုင်ဘူး။
(၂) People
လူတွေထဲမှာ ကိုယ့်ရဲ့လုပ်ငန်းမှာ လုပ်နေတဲ့ Team Member တွေပါနိုင်တယ်။ အပြင်မှာရှိတဲ့ ကိုယ့်ရဲ့ ဖောက်သည် Client တွေ။ ဒါမှမဟုတ်ရင် ကိုယ်လုပ်ငန်းနဲ့ စပ်ဆက်နေတဲ့ သူတွေပေါ့။ စီးပွားရေးလုပ်ငန်း လုပ်တဲ့အခါမှာ လူတွေကို ကူညီဖို့ဆိုတဲ့ Mindset မပါဘဲ လုပ်လို့မရဘူး။ လူတွေကို ကူညီဖို့ဆိုရင် အရင်ဆုံး ကိုယ်ရဲ့ Team Member တွေကို ရသင့်ရထိုက်တာတွေရအောင် သိသင့်သိထိုက်တာတွေသိအောင် အသိပညာ အတက်ပညာတွေ ရအောင်လုပ်ပေးဖို့လိုတယ်။
Customer တွေ ကိုယ့်ဆီ လာဝယ်တဲ့အခါမှာ သူတို့လိုချင်တာတွေ ရသွားရဲ့လား၊ ကိုယ့်ကြောင့် သူတို့အကျိုးစီးပွား တစ်ခုခုဖြစ်သွားမှ သူတို့အကျိုးရှိတယ် ခေါ်တယ်။ နောက်ထပ်တစ်ခုက ကိုယ့်ကြောင့် ကိုယ့်ပတ်ဝန်းကျင်က လူတွေမထိခိုက်ဖို့ ကျွန်တော်တို့ ဆင်ချင်သင့်တယ်။
(၃) Planet
ကျွန်တော်တို့ နေထိုင်ရာကမ္ဘာကြီး၊ ကိုယ့်ရဲ့လုပ်ငန်းကြောင့် ကမ္ဘာကြီး ထိခိုက်ပျက်စီးစေတယ်ဆိုရင် မကောင်းဘူး။ ကိုယ့်ကြောင့် လူတွေနေထိုင်တဲ့ ပတ်ဝန်းကျင် မထိခိုက်ဖို့ အရေးကြီးတယ်။ သာဘာဝပတ်ဝန်းကျင်ကြီးက တစ်ဖြည်းဖြည်း ပျက်စီးနေတာ။ ဒါက ကိုယ့်ပတ်ဝန်းကျင်ကို မကြည့်တဲ့သူတွေ ရေရှည်ကို မကြည့်တဲ့သူတွေ နောက်မျိုးဆက်တွေအတွက် ကျွန်တော်တို့က မတရားဘူးဖြစ်သွားတယ်။ အဲဒီတော့ ကျွန်တော်တို့က အတက်နိုင်ဆုံး ကိုယ့်ရဲ့လုပ်ငန်းကြောင့် ကမ္ဘာကြီးမှာ ပိုကောင်းမလာဘူးဆိုရင်တောင် ပိုဆိုးမသွားဖို့ စီးပွားရေး လုပ်ငန်းရှင်တိုင်းမှာ တာဝန်ရှိပါတယ်။
Naing Win Aung (MBA, ACC)
CEO Coach & NLP Master Trainer
Leadership Development Facilitator
naingwinaungceocoach
naingwinaungexecutivecoach
Leadership #Coaching #Transformation
NLP #Breakthrough
Breakthrough_Coaching_Myanmar
Make_Myanmar_A_Better_Place