ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အရေးကြီးတဲ့ အချက် (၄) ချက်

သင့်ရဲ့ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးတိုးတက်မှုကို အာရုံစိုက်သင့်တဲ့ အကြောင်းအရင်း (၄) ခု
July 16, 2020
ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အကြံပြုချက် (၅) ချက်
July 16, 2020

ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အရေးကြီးတဲ့ အချက် (၄) ချက်

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

Personal Growth နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဆွေးနွေးလာတာ 2016 ကတည်းက စပြီး ဆွေးနွေးလာတာ။ ကျွန်တော့်ရဲ့ဆရာ John C Maxwell ရဲ့ 15 In Valuable Laws of Growth ပေါ့နော်။

အဲဒါကို ကျွန်တော့်ရဲ့ သင်တန်းတွေမှာ သင်တယ်။ နောက်ပိုင်း ကျွန်တော့်ရဲ့ TLJ သင်တန်းတွေမှာ ထည့်ပြီးသင်တယ်။ သင်ရင်းနဲ့ ကျွန်တော် တောက်လျှောက်ဆွေးနွေးလာတာ အရင်တုန်းက ပုံမှန်အားဖြင့် သိတာတော့ Personal Development ဆိုပြီးသိတာပေါ့။

အခုနောက်ပိုင်းကတော့ Personal Growth လို့ခေါ်တယ်။ ကိုယ်ရည်ကိုယ်တွေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သတ်ပြီးတော့ ခုနကပြောသလိုပဲ ကျွန်တော်တို့ သင်တန်းတွေမှာတော့ ဆွေးနွေးလာတာ တော်တော်လေး များပြီ။ အဓိကက လူတော်တော်များများ အောင်မြင်မှုလို့ ပြောလို့ရှိရင် နားလည်တယ်။

ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်မှုလို့ပြောရင် အဲဒီလောက်ထိ စိတ်မဝင်စားဘူး။ ကျွန်တော့်အနေနဲ့ ပြောရရင် အောင်မြင်မှုဆိုတာက ဘာလဲဆိုရင် ရလဒ်ဖြစ်ပြီးတော့ ကိုယ်ရေကိုယ်သွေး ဖွံ့ဖြိုးတိုးတက်မှုကတော့ လုပ်ရပ်ဖြစ်တယ်။

နောက်တစ်နည်းပြောရရင်တော့ ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်မှုက လုပ်လို့ရအောင် ပြင်ဆင်တာပေါ့။ လုပ်တဲ့အဆင့်ကို မရောက်သေးဘူး။ လုပ်လို့ရအောင်လို့ ကိုယ့်ရဲ့အသိပညာတွေ၊ အရည်အချင်းတွေ မြင့်တက်လာအောင် အရင်ဆုံးလေ့လာတာပေါ့။

ကိုယ်ဘယ်လောက် လုပ်နိုင်လဲဆိုတာ ကိုယ်ဘယ်သူလဲဆိုတာနဲ့ ဆိုင်တယ်။ ကိုယ်ဘယ်သူလဲဆိုတာက ကိုယ်ဘယ်လောက် လေ့လာသလဲနဲ့ ဆိုင်တယ်။ အဲဒီအတွက်ကြောင့် ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်မှုက အရေးကြီးတယ်။

(၁) ကိုယ်သာ ကိုယ်ရေးကိုယ်သွေး ဖွံ့ဖြိုးတိုးတက်လာရင် ကိုယ့်ရဲ့ အသိပညာ၊ ဗဟုသုတတွေ တိုးတက်လာလိမ့်မယ်။

အသိပညာ၊ ဗဟုသုတတွေ တိုးတက်လာတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ငါတော့ ဒါလေးတွေပိုသိလာတယ်။ တစ်ခုခု ကြားလိုက်လို့ရှိရင် ဒါလေးငါကြားဖူးတယ်။ ဒါဆိုလို့ရှိရင် ဆက်စပ်ဆက်စပ်ပြီး ကိုယ့်ရဲ့ အသိပညာလေးတွေ မြင့်လာတဲ့သဘောပဲ။ အဲဒီအခါ ကိုယ့်ကိုယ်ကိုယ် လေးစားမှု့ ပိုမြင့်လာမယ်၊ ပိုပြီးတော့ ပျော်လာမယ်။

(၂) ကိုယ့်ရဲ့ လုပ်နိုင်စွမ်းတွေ မြင့်တက်လာတယ်။

ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်မှု ရှိလာတယ်ဆိုတဲ့ အဓိပ္ပာယ်က ကိုယ့်ရဲ့ လုပ်နိုင်စွမ်းတွေ မြင့်လာတယ်ဆိုတဲ့ သဘောပဲ။ ကိုယ့်ကို တစ်ခုခုခိုင်းလိုက်ရင် ဟိုဟာမသိဘူး ဒီဟာမသိဘူး။ IT နဲ့ပတ်သတ်ရင် သမီးမသိလို့၊ သားမသိလို့ ဒါက ကလေးတုန်းကဖြစ်တဲ့ဟာ။

ဒါမှမဟုတ်ရင် ငါတို့က အသက်ကြီးသွားလို့ လိုက်မမှီတော့ဘူး။ ဒါဆိုရင်လည်း ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်မှုနှိမ့်တာပဲ။
ကိုယ့်အနေနဲ့ လေ့လာသင်ယူချင်စိတ် မရှိဘူး။ ကိုယ့်ရဲ့ အရည်အချင်းတွေ မတက်လာဘူးဆိုရင် ကိုယ့်မှာ Personal Growth မရှိတာပဲ။ Personal Growth ရှိတယ်ဆိုတာ

နံပါတ် (၁) ကိုယ်ရဲ့အသိပညာ၊ ဗဟုသုတ တိုးတက်လာတာကိုခေါ်တယ်။ နံပါတ် (၂) က ကိုယ်ရဲ့အရည်အချင်းတွေ၊ ကိုယ်ရဲ့လုပ်နိုင်စွမ်းတွေတိုးတက်လာတာကိုခေါ်တယ်။

(၃) ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း ပိုပြီးတော့ မြင့်လာမှု။

ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ဘူး အဲဒီလိုလူမျိုးက ဘာသွားလုပ်မလဲ အရေးကြီးတာက ကိုယ့်ရဲ့ အသိပညာ ဗဟုသုတ တိုးတက်လာတယ်၊ ကိုယ့်မှာ ပညာရှိတယ်ဆိုရင် ပညာရှိသလို နေရတယ်။ ပညာရှိသလို ပြောရဆိုရတယ်။

ကျွန်တော်တို့ကိုယ်တိုင်လည်း အမှားမရှိလို့မဟုတ်ဘူး။ ထိန်းသိမ်းနေရတာတွေ များကြီးပဲ။ ကျွန်တော်ဆိုရင် ကျွန်တော့် သင်တန်းမှာ အမြဲတမ်းပြောတယ် ကျွန်တော့်ကို ဆရာဆရာလို့ မခေါ်ပါနဲ့။ ကျွန်တော်က ကျွန်တော် ကိုယ်တိုင်လည်း လေ့လာတယ်။ ဒီမှာရှိတဲ့မိတ်ဆွေတွေလည်း ကျွန်တော့်ထက် သာတဲ့သူတွေ အများကြီးရှိတယ်။

ဒီမှာကြည့်နေတဲ့ မိတ်ဆွေတွေလဲ ကိုယ့်နယ်ပယ်မှာ ကျွမ်းကျင်တဲ့သူတွေ အများကြီးရှိတယ်။ ကျွန်တော်ဆိုရင်လည်း ကျွန်တော် မျှဝေနေတဲ့ အကြောင်းရာတွေ ကျွန်တော်ဆရာတွေဆီက လေ့လာလာသလို ကျွန်တော်ကိုယ်တိုင်လည်း ဖြည်းဖြည်းချင်း အသုံးချပြီး တိုးတက်အောင်ကြိုးစားနေတယ်။

အရေးကြီးတာက ဘယ်နေရာမှာမဆို ကိုယ်စကားလုံးအသုံးနှုန်း ရွေးချယ်လိုက်တာ၊ ကိုယ်လုပ်လိုက်တဲ့အရာ ဘယ်ဟာတွေက မှန်သလဲ၊ ဘယ်ဟာတွေ မှားသလဲ။ ဘယ်လောက်အထိပြောသင့်လဲ၊ ဘယ်လောက်အထိ မပြောသင့်ဘူးလဲ။

ဒါတွေကို ကျွန်တော်တို့ သိပြီးချင့်ချိန်နိုင်မှ ကိုယ်ရည်ကိုယ်သွေး မြင့်တက်လာတယ် ပြောမှာပေါ့။ လုပ်သင့် မလုပ်သင့်လည်း ကိုယ်ကမသိဘူး၊ ကိုယ်ကိုယ်ကိုယ် ထိန်းလည်းမထိန်းနိုင်ဘူး၊ ပြောလည်းမပြောနိုင်ဘူး ဒါမျိုးဆိုရင်တော့ ထားပါ။

အရေးကြီးတာက ကိုယ်ရည်ကိုယ်သွေး မြင့်တက်လာတယ်ဆိုတဲ့ အဓိပ္ပာယ်က ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မှု၊ ကိုယ့်ကိုယ်ကိုယ် အကောင်းနဲ့အဆိုးနဲ့၊ အကြောင်းနဲ့အကျိုးနဲ့ သိပြီးတော့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း ပိုပြီးတော့မြင့်တက်လာဖို့ ဒါကိုခေါ်တယ်။

(၄) ကိုယ်ရည်ကိုယ်သွေး မြင့်တက်လာတယ်ဆိုတဲ့ အဓိပ္ပာယ်က တခြားသူတွေကို ကိုယ့်လိုမျိုးပဲ သိလာအောင်၊ တတ်လာအောင် ၊ လုပ်လာအောင် သိလည်းသိလာအောင်၊ ခံစားတတ်လာအောင်၊ လုပ်လည်းလုပ်လာအောင် ကျနော်တို့က ပြန်ပြီးတော့သင်ပြပေးနိုင်ရမယ်။

ကိုယ့်အနေနဲ့ အသိပညာတစ်ခုကို သိတယ်။ ဒါပေမဲ့ တခြားသူကို နားလည်အောင် ပြန်မပြောနိုင်ဘူးဆိုရင် ကိုယ်မသိသေးတာနဲ့ တူတယ်။ ကိုယ့်အနေနဲ့ ကိုယ်သိတယ်ဆိုရင် တခြားသူတွေကို ပြန်ပြီးနားလည်လာအောင် ပြောပြပေးနိုင်ရမယ်၊ သင်ပေးနိုင်ရမယ်။

သူနားဝင်သွားအောင် သူ့အနေနဲ့သဘောပေါက်သွားအောင် သူလိုက်လုပ်ချင်လာအောင် ဒီလိုမျိုးမပြောနိုင်ရင်တောင် ကိုယ်က ဘာသာရပ်တစ်ခု၊ အကြောင်းအရာတစ်ခု၊ အသိပညာတစ်ခုကို သေသေချာချာ တတ်တယ်လို့ ပြောလို့ရမှာမဟုတ်ဘူး။

အဲဒီအတွက်ကြောင့် ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုချက်တွေတော့ အများကြီးရှိမှာပါ။ ကျွန်တော်အနေနဲ့ကတော့ အဓိက (၄) ခုကိုမျှဝေထားပါတယ်။

Naing Win Aung (MBA, ACC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

#naingwinaungexecutivecoach
#ceocoah
#Leadership#Coaching#Transformation
#NLP#Breakthrough
#Breakthrough_Coaching_Myanmar
#Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial