ကိုယ့်ကိုယ်ကိုယ် မကောင်းတဲ့ စကားတွေ ပြောနေမယ်ဆိုရင် ဖြစ်လာနိုင်တဲ့ မကောင်းတဲ့ ရလဒ် (၄) ခု

ဦးဆောင်သူတွေ အနေနဲ့ Personal Development Plan ဆွဲမယ်ဆိုရင် သတိထားသင့်တဲ့ အချက် ( ၃ ) ချက်
June 26, 2020
လူအများ ချစ်ခင်လေးစားတဲ့ ဦးဆောင်သူ ဖြစ်ချင်တဲ့သူတွေ ကိုယ့်ကိုယ်ကိုယ် ပြောသင့်တဲ့ စကား (၃) ခွန်း
June 30, 2020

Self talk ဆိုတာ ဘာလဲဆိုရင် ကျွန်တော်တို့ လူတစ်ယောက်က အများဆုံး ကိုယ့်ကိုယ်ကိုယ် စကားပြောတယ်။ တစ်နေ့တာ အတွင်းမှာ အာရုံခံကြည့်ပါ ကိုယ့်ကိုယ်ကိုယ် ပြောတဲ့စကားတွေ အများကြီးရှိပါတယ်။

တချို့အရာတွေက မကောင်းတဲ့ Self-talk တွေဖြစ်ပြီး တချို့အကြောင်းအရာတွေက ကောင်းတဲ့ Self-talk တွေဖြစ်တယ်။

တချို့ အကြောင်းအရာ တွေက ကိုယ့်ရဲ့ အနာဂတ်အတွက်ကို အထောက်အပံ့ ဖြစ်တဲ့ အကြောင်းအရာ တွေဖြစ်ပြီးတော့ တချို့ ကိုယ့်ကိုယ်ကိုယ် ပြောတဲ့အရာတွေက ကိုယ့်ရဲ့ အနာဂတ်ကို အနှောင့်အယှက်ဖြစ်တဲ့ အကြောင်းအရာ တွေဖြစ်တယ်။

ကိုယ့်ကိုယ်ကိုယ် Negative ဖြစ်တဲ့ Self-talk တွေ ပြောမယ်ဆိုရင် ကျွန်တော်တို့ ရလာနိုင်တဲ့ မကောင်းတဲ့ ရလဒ် (၄) ခုကို မျှဝေပေးမှာ ဖြစ်ပါတယ်။

(၁) စိတ်ညစ်ရမယ်

ကိုယ့်ကိုယ်ကိုယ် မကောင်းတဲ့ စကားတွေပြောတယ်။ မကောင်းတဲ့ စကားတွေဆိုတာ မင်းလုပ်နိုင်မှာမဟုတ်ဘူး မင်းဟာ ညံ့တဲ့အကောင် ဒါလေးတောင် မလုပ်နိုင်ဘူးလား ဒီလိုဟာမျိုးတွေ ဒါတွေက မကောင်းတဲ့ စကားတွေ ဖြစ်တယ်။

သင်တန်းတစ်ခု သွားတက်မယ်ဆိုရင် အဲ့ဒါသွားတက်မနေနဲ့ အဲ့ဒါအလကားပဲ အချိန်တာကုန်သွားတယ် အဲ့သင်တန်းက မကောင်းဘူး သင်တန်းက ကောင်းရင်လဲ မင်းရမှာမဟုတ်ဘူး ဒါမျိုးတွေပေါ့ ဒါတွေက Negative ဖြစ်တဲ့ဟာတွေ ဖြစ်တယ်။

လုပ်ငန်းခွင်မှာ ဆိုရင်လည်း ဒီအတိုင်းပဲ ကြိုးစားမနေနဲ့ကြိုးစားလဲ မင်းကိုရာထူးတိုးပေးမှာ မဟုတ်ဘူး ကြိုးစားလဲမင်း ဘာမှဖြစ်မှာ မဟုတ်ဘူး ကိုယ့်ကိုယ်ကိုယ် စိတ်ထဲမှာ အဲ့လိုမျိုး ပြောနေတယ်။ ဒါတွေက မကောင်းတဲ့ Self-talk တွေဖြစ်တယ်။ကိုယ့်ကိုယ်ကိုယ် မကောင်းတဲ့ အဲ့လိုစကားတွေ ပြောမယ်ဆိုရင် စိတ်ညစ်ရမယ်။

(၂) မကောင်းတဲ့ စိတ်ခံစားမှုတွေ ဝင်လာမယ်

မကောင်းတဲ့ စကားတွေ ပြောရင် မကောင်းတဲ့ ခံစားမှုတွေ ဝင်လာမယ် Negative Emotion တွေ ဝင်လာမယ်။ Negative Emotion ဆိုတာ ဘာလဲ? ဝမ်းနည်းတာ ဖြစ်နိုင်တယ် ဒါမှမဟုတ် ဒေါသထွက်တာ ဖြစ်နိုင်တယ် ။

ဝမ်းနည်းတယ်ဆိုတာ ငါတော့ မတိုးတက်နိုင်တော့ဘူး ဆိုပြီး ဒါမျိုးတွေ ဝမ်းနည်းလာတတ်တယ်။ ဒါမှမဟုတ် ငါဒီလိုဖြစ်တာ ဘယ်သူကြောင့်ပဲလို့ လှည့်သွားလို့ရှိရင်တော့ ဒေါသထွက်လာတယ်။

ဒါမှမဟုတ်ရင် ကိုယ့်ကိုယ်ကိုယ် ဒေါသထွက်တာလဲ ဖြစ်နိုင်တယ် အဲ့အခါကြတော့ မကောင်းတဲ့ Negative Self talk တွေ ပြောမိလာပြီး မကောင်းတဲ့ စိတ်ခံစားမှုတွေ ဝင်လာနိုင်တယ်။

(၃) စိတ်ပျက် အားလျော့လာမယ်

Depression ဝင်လာမယ် စိတ်ဓာတ်ကျတယ် ဆက်ပြီး ကြိုးစား အားထုတ်မှုတွေ လုပ်ရမဲ့အစား မကောင်းတာတွေပဲ ကိုယ့်ကိုယ်ကိုယ် ပြောနေမိတဲ့ အတွက်ကြောင့် စိတ်ပျက် အားလျော့လာတယ် ကြိုးစားချင်စိတ်တွေ မရှိတော့ဘူးဖြစ်လာမယ်။

(၄) ပတ်ဝန်းကျင်က လူတွေနဲ့ အဆင်မပြေ ဖြစ်လာမယ်

ကောင်းတဲ့ စကားတွေ ကိုယ့်ကိုယ်ကိုယ် ပြောလေ့ရှိလား မကောင်းတဲ့ စကားတွေ တစ်ခုခု ပြောလေ့ရှိလား? ကိုယ့်ကိုယ်ကိုယ် မကောင်းတဲ့ စကားတွေကို အများစုက ပြောဖူးကြမှာပါ ပြောတယ်ဆိုလို့ရင် ကိုယ့်အနေနဲ့ စိတ်ညစ်ရဖူးလား။ ဒါမှမဟုတ်လို့ရှိရင် ကိုယ့်အနေနဲ့ တစ်ခုခု မကောင်းတဲ့စကား ကိုယ့်ကိုယ်ကိုယ် ပြောလိုက်မိပြီးတော့စိတ်ထဲမှာ ပူလောင်နေတဲ့ ခံစားမှုတွေရော ကြုံတွေ့ခဲ့ဘူးလား။

ကိုယ့်အနေနဲ့ စိတ်ပျက်အားလျော့တဲ့ အတွေးတွေရော ကိုယ့်မှာရှိလား။ ဒါမှမဟုတ်ရင် အဲ့လိုမျိုး မကောင်းတဲ့ ခံစားမှုတွေ ဝင်နေတဲ့အချိန်မှာ ပတ်ဝန်းကျင်က လူတွေနဲ့ အဆင်မပြေ ဖြစ်တာတွေ ကြုံဘူးလား ကျွန်တော် ကိုယ်တိုင်လဲ ကြုံဘူးတယ်၊ ကြုံတဲ့သူတွေကိုလည်း ကျွန်တော်အနေနဲ့ တွေ့ဖူးတယ်။

ဒီမှာရှိနေတဲ့ မိတ်ဆွေတွေလည်း ဘဝမှာ ဒီလိုမျိုး အဖြစ်အပျက်တွေ ကြုံဖူးကျမယ်လို ကျွန်တော်အနေနဲ့ လက်ခံပါတယ်။ အဲ့အတွက်ကြောင့် ကိုယ့်ကိုယ်ကိုယ် ပြောတဲ့စကားကို စောင့်ကြည့်ပါ မကောင်းတဲ့ဘက်ကို ပြောနေပြီဆိုရင် ကောင်းတဲ့ဘက်ကို ပြောင်းလဲနိုင်အောင် ကြိုးစားပါ။

Naing Win Aung (MBA, UK)
Business & Executive Coach
Leadership Development Facilitator
Myanmar 1st NLP Master Trainer

naingwinaungexecutivecoach

Leadership #Coaching #Transformation

NLP #Breakthrough

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial