ဦးဆောင်သူတွေဆီကနေ နောက်လိုက်တွေ မျှော်လင့်ထားကြတဲ့ ခံယူချက် (၄) ခု

ခေါင်းဆောင်တစ်ယောက်အနေနဲ့ သဘောထားမှန်ကန်စွာ ထားခဲ့ရင် ရရှိလာနိုင်မဲ့ အကျိုးကျေးဇူး (၅) ခု
June 23, 2020
ဦးဆောင်သူတွေအနေနဲ့ မှန်ကန်တဲ့ အတွေးအခေါ် အယူအဆ တွေနဲ့ ဦးဆောင်နိုင်မဲ့ နည်းလမ်း (၃) ခု
June 23, 2020

ဦးဆောင်သူကောင်းလို့ရှိရင် နောက်လိုက်တွေ စိတ်ချမ်းသာပြီးတော့ ခေါင်းဆောင်မကောင်းရင် နောက်လိုက်တွေ စိတ်ညစ်ရတယ်။ ခေါင်းဆောင်ကောင်းလို့ နောက်လိုက်တွေ စိတ်ချမ်းသာမယ်ဆိုရင် သူတို့ကို မှီခီုနေကြတဲ့ ဖောက်သည်တွေရော အများအတွက်ရော အများကြီးအဆင်ပြေတယ်။

ဦးဆောင်တဲ့သူတွေ ခေါင်းဆောင်တွေ အနေနဲ့ ကိုယ့်ရဲ့နောက်လိုက်တွေ ကိုယ့်ဆီက ဘာတွေ မျှော်မှန်းထားသလဲဆိုတာကို သိပြီးတော့ အဲဒါလေးတွေကို လိုက်ပြီး ဖြည့်ဆည်းပေးနိုင်မယ်ဆိုလို့ရှိရင် လုပ်ငန်းခွင်ကအများကြီး တိုးတက်ဖို့အတွက်ကို သိသိသာသာ အကျိုးရှိလိမ့်မယ်လို့ ကျွန်တော်အနေနဲ့ အများကြီးယုံကြည်တယ်။

ဦးဆောင်တဲ့ သူတွေဆီကနေပြီးတော့ နောက်လိုက်တွေ အများအားဖြင့် မျှော်မှန်းနိုင်တဲ့ ခံယူချက် (၄)ချက်

(၁) ငါ့လူတွေက ငါ့အတွက် တန်ဖိုးအရှိဆုံး ပိုင်ဆိုင်မှုတွေဖြစ်တယ်။

သူတို့မှာရှိတဲ့ ရွှေတွေငွေတွေ စီးပွားဥစ္စာတွေ ဒါတွေက တန်ဖိုးရှိချင်ရှိမယ် ဒါတွေက ရုပ်ဝတ္ထုအားဖြင့် တန်ဖိုးရှိတယ်။ အနာဂတ်မှာ ခိုင်မာတဲ့ အောင်မြင်မှုတွေ ထိမ်းသိမ်းထားဖို့ဆိုရင် လူတွေ အရေးကြီးတယ်။

လူကောင်းတွေ မရှိဘဲနဲ့ ကျွန်တော်တို့ ဘယ်လိုမှ အနာဂတ်ကို ရှေ့ဆက်သွားဖို့ အဆင်ပြေမှာမဟုတ်ဘူး။ ကျွန်တော်တို့ Breakthrough ရဲ့ Brand ကျွန်တော်တို့ Breakthrough ရဲ့ Logo က ဘာလည်းဆိုတော့ တောင်ပုံကလေးနဲ့ ငှက်ကလေးပျံနေတာ အဲဒီငှက်ကလေးက ဘာလည်းဆိုရင် လင်းယုန်ငှက်က ပျံသွားတာ။ အဲဒီလင်းယုန်ငှက်က ဘာလည်းဆိုရင် ဒဏ္ဍာရီထဲက Story လိုဟာမျိုးရှိတယ်။

အဲဒီလင်းယုန်ငှက်က ဆိုရင် သူအသက်တစ်ခုပြည့်လာတဲ့ အခါမှာ သူ့ရဲ့နှုတ်သီးတွေ အတောင်ပံတွေကို ပြန်ပြီးတော့ လဲတယ်ဆိုတဲ့ Story လေးရှိတယ်။ အဲဒါလေးကို အခြေခံထားတာပေါ့။

ဒီလင်းယုန်ငှက်တွေက Comfort Zone ထဲက ထွက်တယ်ဆိုရင် သူ့အသိုက်ထဲက ငှက်ကလေးတွေကို တွန်းချပြီး အဲဒီမှာပျံပြီးတော့ ထွက်လာတယ်။

ကျွန်တော်တို့ Breakthrough က ဒီလိုမျိုး အကြောင်းအရာ လေးတွေ ယူပြီးတော့ ကျွန်တော်တို့ Logo ကို ယူထားတာ။

ဒါပေမယ့် Breakthrough ရဲ့ Logo က Breakthrough ရဲ့ တန်ဖိုးမဟုတ်ဘူး။ Breakthrough ရဲ့ Brand က Breakthrough ရဲ့ တန်ဖိုးမဟုတ်ဘူး။ ကျွန်တော်ယုံကြည်တာက Breakthrough ရဲ့ ဝန်ထမ်းတွေ ကျွန်တော့်ရဲ့ Team Members တွေ သူတို့တွေသာ မရှိတော့ရင် ဘာတန်ဖိုးမှ မရှိတော့ဘူး။

အဲဒီအတွက်ကြောင့် Breakthrough ရဲ့ အဓိကတန်ဖိုးက ကျွန်တော့်ရဲ့ တန်ဖိုးအရှိဆုံး ပိုင်ဆိုင်မှုက ကျွန်တော်ရဲ့ Team Members တွေပဲ။
ကျွန်တော်က သူ့တို့ကို ပိုင်တယ်ပြောတာမဟုတ်ဘူး။ ကျွန်တော့်အနေနဲ့ သူတို့ဟာ အင်မတန် အရေးပါတဲ့ သူတွေဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ ပြောချင်တယ်။

(၂) ငါ့လူတွေကို နားထောင်ပေးဖို့ ငါ့မှာ တာဝန်ရှိတယ်။

ဒီခံယူချက်က ဘာလို့ အရေးကြီးတာလည်း။ အကြောင်းရင်း နှစ်ခု အရေးကြီးတယ်။

တစ်ခုက ကျွန်တော်ရဲ့ လူတွေကလည်း ပြောချင်တယ်။ သူတို့မှာ ပြောချင်တဲ့ စကားတွေရှိတယ်။ သူတို့အဆင်ပြေတာ ၊မပြေတာ သူတို့ ဒါတွေကို ပြောချင်တာရှိတယ်။

သူတို့ပြောချင်တာတွေကို နားမထောင်ပေးဘူးဆိုရင် နားထောင်ပေးဖို့ အချိန်မပေးနိုင်ဘူးဆိုရင် ကိုယ်က ခေါင်းဆောင်မလုပ်သင့်ဘူး။

ကိုယ်က မန်နေဂျာဖြစ်ပြီးတော့ အောက်ကလူတွေနဲ့ စကားမပြောနိုင်ဘူး ကိုယ်က လုပ်ငန်းရှင်ဖြစ်တယ် အချိန်မရလို့ အောက်ကလူတွေနဲ့ စကားမပြောနိုင်ဘူး။ လက်အောက်မှာလည်း နားထောင်ပေးမယ့်သူ မထားထားဘူးဆိုရင် အဲဒီလုပ်ငန်းက ပြဿနာတက်မှာပဲ။

အဲဒါအတွက်ကြောင့် ကိုယ့်ရဲ့ လက်အောက်က သူတွေကို နားထောင်ပေးဖို့ တာဝန်ရှိတယ်။ သူတို့မှာလည်း အခက်အခဲတွေ တင်ပြချင်တာတွေရှိတယ်။ သူတို့ဆီက ကိုယ်က နားထောင်ပေးလို့ရှိရင် သူတို့ဆီက Idea ကို ယူပြီးတော့ Customer Service မှာ ပိုကောင်းဖို့ပဲ ဖြစ်ဖြစ် ကိုယ်ရဲ့ Business ကို နောက်ထပ် တိုးတက်အောင် လုပ်ဖို့ဖြစ်ဖြစ် သုံးလိုရတယ်။

ကျွန်တော်တို့ အဲဒီအတွက်ကြောင့် ကိုယ့်ရဲ့ လူတွေကို နားထောင်ပေးဖို့ ကိုယ့်မှာတာဝန်ရှိတယ်။ ဒါကိုဦးဆောင်တဲ့သူတွေက နှလုံးသွင်းထားဖို့ အရေးကြီးတယ်။

(၃) ငါ့လူတွေကို ဂရုစိုက်ဖို့ ငါ့မှာတာဝန်ရှိတယ်။

ကိုယ့်ရဲ့ လူတွေကို ဂရုစိုက်ဖို့ ကိုယ့်မှာ တာဝန်ရှိတယ်။ ဆိုလိုတဲ့ သဘောက ဘာလည်း ဆိုတော့ သူတို့တွေ မျက်နှာကောင်းကြရဲ့လား၊ သူတို့ ပျော်နေကြလား၊ သူတို့ စိတ်ညစ်နေကြလား၊ ဘာအခက်အခဲတွေ ရှိနေကြလည်း။
အဲဒါတွေကို သူတို့လာမတင်ပြခင် သိနေရမယ်။ လာတင်ပြမှ သိတာက နောက်ကျနေတယ်။ ပြောခွင့်ရှိတယ် ဒါပေမယ့် တချို့တွေက မပြောရဲတဲ့ သူတွေရှိတယ်။ မပြောရဲတဲ့သူတွေလည်း ပြောရဲလာအောင် မပြောဘဲနဲ့လည်း ကိုယ်က သိလာအောင် လုပ်ဖို့လိုတယ်။

ဦးဆောင်တဲ့သူတွေက အနံ့ခံကောင်းဖို့ လိုတယ်။ အနံ့ခံတယ်ဆိုတာ နှာခေါင်းနဲ့အနံ့ခံတာထက် ကိုယ်ကသိနေရမယ်။ စပိုင်တွေထားပြီး သိတယ်ဆိုတာထက် အဲ့လိုမျိုးမဟုတ်ဘူး။ ကိုယ်က လိုက်မေးနေပြီးတော့ သိနေရမယ်။

နောက်လိုက်တွေကို ဂရုစိုက်ဖို့အတွက် ဦးဆောင်တဲ့သူတွေမှာ တာဝန်ရှိတယ်။

(၄) ငါ့လူတွေကို ကူညီပေးဖို့ ငါ့မှာတာဝန်ရှိတယ်။

သူတို့ကို ကျွန်တော်တို့ ဘယ်လို ကူညီပေးနိုင်မလဲ သူတို့အခက်အခဲတွေ့တဲ့နေရာ ဒီနေရာမှာ ကျွန်တော်တို့ ဝန်ခံရမှာက သူတို့လိုချင်သမျှ အရာအားလုံးတော့လည်း ကျွန်တော်တို့ မလုပ်ပေးနိုင်ဘူး။ ကိုယ်လုပ်ပေးနိုင်တာက ကိုယ့်ရဲ့ အတတ်နိုင်ဆုံးပဲ ကိုယ်လုပ်ပေးနိုင်တယ်။

အဲဒီတော့ ဒီနေရာမှာ သေချာဖို့က ကိုယ့်ရဲ့အတက်နိုင်ဆုံးက ကိုယ်တကယ် လုပ်ပေးနိုင်တဲ့ အတက်နိုင်ဆုံးပဲဖြစ်ရမယ်။ ကိုယ်လုပ်ပေးနိုင်တာထက် လျှော့ထားတာမျိုးတွေဆိုရင်တော့ မကောင်းဘူး။ တချို့တွေ ခက်ခဲနေတဲ့ အပိုင်းလေးတွေရှိတယ်။

ဒါလေးတွေကို ကိုယ်က နည်းပညာလေးနဲ့ ပံ့ပိုးပေးတာတို့ (ဒါမှမဟုတ်) ဝယ်ယူဖြည့်ဆည်းပေးလို့ ရတာလေးတွေ ဖြည့်ဆည်းပေးတာတို့ သူတို့ကို သင်တန်းခေါ်ပြီး ပေးတတ်တာတို့ သူတို့လိုချင်တဲ့ အတက်ပညာ ကျွမ်းကျင်တဲ့ဆရာတွေ ခေါ်ပြီးတော့ မျှဝေပေးတာတို့ ဒါမျိုးလေးတွေ ကျွန်တော်တို့ လုပ်ပေးနိုင်တယ်ဆိုရင် ဝန်ထမ်းတွေ သူတို့လုပ်နေတဲ့အလုပ်မှာ ဆက်ပြီးတော့ ဖြစ်မြောက်အောင် အကောင်အထည် ဖော်တဲ့နေရာမှာ အများကြီး အကျိုးဖြစ်ပြီး ကျွန်တော်တို့ရဲ့ Team Members တွေက ကိုယ်နဲ့ အလုပ်လုပ်ရတဲ့ အတွက်ကြောင့် အများကြီး ပျော်ရွှင်ကြမှာ သေချာပါတယ်။

Naing Win Aung (MBA, UK)
Business & Executive Coach
Leadership Development Facilitator
Myanmar 1st NLP Master Trainer

naingwinaungexecutivecoach

Leadership #Coaching #Transformation

NLP #Breakthrough

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial