ဦးဆောင်တဲ့လူတွေ တခြားလူတွေကို ဦးဆောင်တဲ့နေရာမှာ ဘာကြောင့် ခံယူချက်အမှန်တွေ ရှိဖို့အတွက် အရေးကြီးသလဲဆိုတဲ့ အကြောင်းရင်း (၃) ချက်

အရည်အချင်းရှိတဲ့သူကို မအောင်မြင်အောင် တားဆီးထားတဲ့အရာ (၁) ခု
July 8, 2020
ထိရောက်တဲ့ ဦးဆောင်သူတွေမှာ ရှိသင့်တဲ့ ခံယူချက် (၄) ချက်
July 13, 2020

ဦးဆောင်တဲ့လူတွေ တခြားလူတွေကို ဦးဆောင်တဲ့နေရာမှာ ဘာကြောင့် ခံယူချက်အမှန်တွေ ရှိဖို့အတွက် အရေးကြီးသလဲဆိုတဲ့ အကြောင်းရင်း (၃) ချက်

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

ဦးဆောင်တဲ့လူတွေ ဘယ်သူမဆိုဖြစ်နိုင်တယ် အထူးသဖြင့် company ပိုင်ရှင်တွေ ဒါမှမဟုတ် မန်နေဂျာတွေ လုပ်ငန်းခွင်မှာ လုပ်နေကြတဲ့ Supervisors တို့ ဒါမှမဟုတ်ရင်လည်း Senior Level မှာဆိုလို့ရှိရင်လည်း Director တွေ Departement Head တွေ ပါနိုင်တယ်။

ဒါမှမဟုတ်လို့ရှိရင် ဒီမှာကြည့်နေတဲ့ မိတ်ဆွေတွေ လူငယ်တွေပါလို့ရှိရင် ကိုယ်က လုပ်ငန်းခွင်ဝင်တယ် ကိုယ်ဝင်တာက တစ်လစောပြီးဝင်တယ် ကိုယ်နောက်မှ တစ်လ နောက်ကျရောက်လာတဲ့လူကို ကိုယ်က ရှေ့ကနေပြရတယ် ဒါဆိုလို့ရှိရင် ကိုယ်က ဦးဆောင်သူ ဦးဆောင်သူဆိုတာ ဘယ်သူမဆိုဖြစ်နိုင်တယ်။

ဦးဆောင်တဲ့လူတွေဟာ ဘာကြောင့် သူတို့မှာ မှန်ကန်တဲ့ အမြင်တွေ မှန်ကန်တဲ့ ခံယူချက်တွေ ရှိတာလဲ ဒါနဲ့ပက်သက်ပြီးတော့ ကျွန်တော် အနေနဲ့ အကြောင်းရင်း (၃) ခု ကိုမျှဝေချင်တယ်။

ကိုယ်က ဦးဆောင်ပြီ ဆိုကတည်းက ကိုယ်ကျိုးအတွက် မဟုတ်ဘဲနဲ့ ဆက်စပ်တဲ့လူတွေရဲ့ အကျိုးတွေကို ကြည့်ပေးရမယ် ဆိုတဲ့ စိတ်မျိုးဖြစ်တယ်။ ခေါင်းဆောင်တယ်ဆိုတာက ကျွန်တော်တို့ ကိုယ်ကျိုးပဲ ကြည့်မယ်ဆိုရင် ကျွန်တော်တို့နောက်ကို ဘယ်သူမှ လိုက်ချင်မှာမဟုတ်ဘူး။

ကိုယ်က ဦးဆောင်တယ်ဆိုကတည်းကိုယ်က ကိုယ်နဲ့ဆက်စပ်နေတဲ့လူတွေ ကိုယ့်ရဲ့ Team member တွေ ကိုယ် Departement ထဲက လူတွေ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေ သူတို့တွေရဲ့ အကျိုးစီးပွားကို ကြည့်ပေးမယ်ဆိုတဲ့ စိတ်မျိုး ဒါကမှန်ကန်တဲ့အမြင် မှန်ကန်တဲ့ အမြင်ဆိုတာ အများကြီးရှိနိုင်တယ်။

ကျွန်တော်တို့ရဲ့ အတွေးအခေါ်တွေ ယုံကြည်မူတွေ အမြင်တွေ ကျွန်တော်တို့ နှလုံးသွင်းထားတဲ့ဟာတွေ ဒါတွေအကုန်လုံးက ခုနတုန်းက ပြောထားတဲ့ မှန်ကန်တဲ့အမြင် ဆိုတဲ့အထဲမှာ အကျုံးဝင်တယ်။

(၁) ကိုယ့်မှာ မှန်ကန်တဲ့ အမြင်မရှိရင် ကိုယ့်ရဲ့ လက်အောက်က လူတွေကလဲ ရှိမှာမဟုတ်ဘူး။

ဦဆောင်တဲ့ လူဆိုတာ ရှေ့ကနေ စံပြလုပ်ရတယ်။ ကိုယ်ကိုယ်တိုင်ကမှ စံပြမဖြစ်ဘဲနဲ့တော့ နောက်ကလူတွေ လိုက်ပြီးဖြစ်လာဖို့ ကျွန်တော်တို့ မျှော်လင့်လို့ ရလာမှာ မဟုတ်ဘူး။

ကိုယ့်ရဲ့ လက်အောက်က လူတွေ အတွေးအခေါ်လွဲနေရင် ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးစစ်ဆေးရတော့မယ်။

ကိုယ့်ရဲ့ အတွေးအခေါ်မှန်ဖို့က ကိုယ့်ရဲ့ လက်အောက်က လူတွေ အတွေးအခေါ်မှန်ဖို့ အများကြီး ကျွန်တာ်တို့မှာ အရေးပါနေတယ်။ ကျွန်တော်တို့အနေနဲ့ ကိုယ့်ရဲ့ လက်အောက်လူတွေ အတွေးအခေါ် မှန်ချင်လို့ရှိရင် ကိုယ့်ရဲ့ အတွေးအခေါ်မှန်အောင် ဂရုစိုက်ဖို့လိုတယ်။

(၂) ကိုယ့်မှာ မှန်ကန်တဲ့ အမြင်မရှိလို့ရှိရင် လူအများနဲ့ ဆက်ဆံတဲ့နေရာမှာ အဆင်ပြေမှာ မဟုတ်ဘူး။

ကျွန်တော်တို့နဲ့ ဆက်ဆံတဲ့လူတွေက ဘယ်သူကတော့ သူ့ ကိုယ်ကျိုးပဲကြည့်တယ်။ ဥပမာ ဒီပုဂ္ဂိုလ်က သူ့အတွက်ပဲ သူကြည့်တဲ့လူ ငါတို့အတွက် ကြည့်ပေးတဲ့လူ မဟုတ်ဘူး ဒီလိုမျိုးစဉ်းစားလို့ရှိရင် ကိုယ်လက်အောက်က လူက မတတ်သာလို့ ကိုယ့်အောက်မှာနေရင်နေမယ် အချိန်တစ်ခုရောက်ရင် သူတို့စွန့်ခွာသွားမှာပဲ။

ဒီအတိုင်းပဲ ကျွန်တော်တို့ရဲ့ ဖောက်သည်တွေကလည်း ကိုယ်ကျိုးပဲကြည့်ပြီး ရရင်ရသလို ယူနေမယ် သူတို့ကိုပြန်ပြီး ပေးဖို့မစဉ်းစားဘူးဆိုရင် သူတို့ ကိုယ်နဲ့ကြာရှည်နေချင်မှာမဟုတ်ဘူး။

(၃)ကိုယ့်မှာ မှန်ကန်တဲ့ အမြင်မရှိရင် ဘဝမှာ အောင်မြင်သင့်သလောက် မအောင်မြင်နိုင်သလို ပျော်ရွှင်သင့်သလောက် မပျော်ရွှင်နိုင်ဘူး။

လူတွေ မအောင်မြင်ဘူး။ ဘာလို့ မအောင်မြင်လဲဆိုရင် အားလုံးသိနိုင်တယ်။ အဓိကက အတွေးခေါ်လွဲတာပဲ။ မအောင်မြင်ဘူးဆိုတာ ရလဒ်မကောင်းတာ ရလဒ် ဘာလို့ မကောင်းတာလဲဆိုရင် လုပ်ရပ်မကောင်းလို့ လုပ်ရပ်က ဘာဖြစ်လို့မကောင်းလဲဆိုရင် စကတည်းက အတွေးအခေါ်လွဲနေတာ အတွေးအခေါ် လွဲနေပြီဆိုကတည်းက လုပ်ရပ်က မကောင်းဘူး အဲ့ဒါက မအောင်မြင်နိုင်ဘူး။

ဘဝမှာ အောင်မြင်သင့်သလောက် မအောင်မြင်နိုင်တာ နောက်တခုကတော့ ပျော်ရွှင်ခြင်း မပျော်ရွှင်ခြင်းဆိုတာ ဘယ်လောက် ချမ်းသာတာ မချမ်းသာတာက အဓိက အချိုးကျတာမဟုတ်ဘဲနဲ့ ဘယ်လောက်ထိ ကျွန်တော်တို့ အခြေအနေကိုယ် ကျွန်တော်တို့မြင်သလဲ ကျွန်တော်တို့ မရှိတဲ့အရာကို ကြိုးစားအားထုတ်မူ လုပ်ရမှာမှန်သလို ရှိနေပြီးသား အရာကို ဘယ်လောက်ထိ ကျေးဇူးတင်သင့်လဲ ဒီပေါ်မှာမူတည်ပြီးတော့ ပျော်တယ် မပျော်ဘူးဆိုတာ ဖြစ်လာတယ်။

ပျော်တယ်မပျော်ဘူးဆိုတာ ရုပ်ဝတ္ထုပစ္စည်း ဘယ်လောက်ပဲရှိပြီးတော့ မပျော်တဲ့လူတွေ အများကြီးရှိတယ်။ တချို့ကျတော့လည်း အတိုင်းတာတခုရှိတယ် သူတို့ဘဝကို ကျေနပ်တယ်။ အဲဒီအခါမှာ ပျော်တယ်။

အဲဒီအတွက်ကြောင့် ကိုယ်က မှန်ကန်တဲ့ နှလုံးသွင်းမူမရှိရင် ကိုယ့်ဘဝက ပျော်စရာလဲကောင်းမှာမဟုတ်ဘူး။

ဦးဆောင်တဲ့လူတွေ ဒါမှမဟုတ် ဘယ်သူမဆို လူတိုင်းလူတိုင်းမှာ မှန်ကန်တဲ့ အတွေးခေါ်တွေ မှန်ကန်တဲ့ အမြင်တွေ ရှိဖို့လိုတယ်။ ကိုယ့်ရဲ့ အတွေးအခေါ်ကို ပြန်ပြီးစစ်ဆေးပါ ပြုပြင်သင့်တာတွေ ပြုပြင်ပါ။

Naing Win Aung (MBA, ACC)
CECoacach & NLP Master Trainer
Leadership Development Facilitator

#naingwinaungexecutivecoach
#Leadership #Coaching #Transformation
#NLP #Breakthrough
#Breakthrough_Coaching_Myanmar
#Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial