အသင်းအဖွဲ့ တည်ဆောက်မှုနဲ့ပတ်သက်ပြီး သိသင့်တဲ့ အဆိုအမိန့် (၁) ခု

သင့်အဖွဲ့သားတွေ အရောင်းကောင်းတာကို လိုချင်ရင် ဦးဆောင်သူတွေ သင်ပြပေးသင့်တဲ့အရာ (၄)ခု
December 27, 2020
လာမယ့် ၁၀ နှစ်မှာ သင်နောင်တမရအောင် ကူညီပေးမယ့် ရိုးရှင်းတဲ့ အကြံပြုချက် (၁၀) ချက်
January 1, 2021

ဒီအဆိုအမိန့်ကို ပြောထားသူက Helen Keller ဖြစ်ပါတယ်။ သူက ဘာပြောလဲဆိုတော့ “တစ်ယောက်တည်းဆိုရင် လုပ်နိုင်တာနည်းနည်းပဲ ရှိတယ်၊ အတူတကွဆိုရင် အများကြီးလုပ်နိုင်တယ်” ဆိုပြီး Helen Keller က ပြောထားတာဖြစ်ပါတယ်။ ရှေ့က ဆောင်းပါးတွေထဲမှာ ကျွန်တော် ပြောပြဖူးတာ ရှိပါတယ်။ အဲဒါကတော့ NLP Master Trainer ဖြစ်ဖို့ဆိုတဲ့ သင်တန်းတခုကို ၂၀၁၉ ခုနှစ်တုန်းက သွားတက်တဲ့အခါမှာ ကျွန်တော်တစ်ယောက်တည်းသာ သွားတက်မယ်ဆိုရင် ကျွန်တော်က မြန်မာနိုင်ငံရဲ့ ပထမဆုံး NLP Master Trainer စပြီး ဖြစ်လာမှာဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော် သံယောဇဉ်ရှိတဲ့ ကျွန်တော်တို့ Breakthrough ရဲ့ Leadership Team Member တွေဖြစ်ကြတဲ့ ဦးကိုကိုအောင်၊ ကိုနိုင်လိုမွန်နဲ့ ကိုလင်းလင်းထွန်းတို့ သုံးယောက်ကိုပါ အမေရိကန်နိုင်ငံကို ခေါ်သွားပြီး NLP University မှာ အတူတူသွားတက်လိုက်တော့ မြန်မာနိုင်ငံမှာ ပထမဆုံး NLP Master Trainer လေးယောက်ဖြစ်သွားတယ်။ ကျွန်တော်တစ်ယောက်တည်းရမယ့် နာမည်ကောင်းကို သူတို့တွေ ၃ ယောက်ကိုပါ မျှဝေပေးလိုက်တယ်။ အဲဒီလိုမျိုး လုပ်တဲ့အခါမှာ ဘာအကျိုးကျေးဇူး ရှိသွားလဲဆိုတော့ မြန်မာပြည် ပြန်ရောက်ပြီးတော့ သင်တန်းတွေလုပ်တဲ့အခါ ကျွန်တော့် Team Member တွေရဲ့ Image က အများကြီး တက်လာတယ်။ သူတို့ရဲ့ Image တွေ တက်လာတာက ဘာကိုဆိုလိုလဲဆိုတော့ ကျွန်တော့် Image တက်လာတာနဲ့ အတူတူပဲ။ အဲဒီအခါကျတော့ ကျွန်တော့်အနေနဲ့ ကိုယ်တစ်ယောက်တည်းပဲ နာမည်ယူ၊ ကိုယ်တစ်ယောက်တည်းပဲ လုပ်နေတာထက် ကိုယ့်ရဲ့ Team ကိုပါ လက်တွဲပြီး ခေါ်တယ်ဆိုရင် ကိုယ်မသွားနိုင်တဲ့နေရာကို သူတို့ကို လွှတ်ပေးလို့ ရတယ်။ ကိုယ်မလုပ်နိုင်တဲ့ နေရာမှာလည်း သူတို့ဝင်ဖြည့်ပေးလို့ ရတယ်။ ကိုယ်မောလာတဲ့အခါမှာလည်း သူတို့တာဝန်ယူလို့ ရတယ်။ အဲဒီအတွက်ကြောင့် ဒီမှာရှိတဲ့သူတွေကလည်း တစ်ယောက်ထဲ ကစားတာကို အားသန်နေတာလား အဖွဲ့လိုက် ကစားတာကို အားသန်တာလား အဲဒါလေးကို ပြန်ပြီးသုံးသပ်ကြည့်ပါ။ တစ်ယောက်ကောင်း ကစားတာထက် ဖြစ်သင့်တာက Team အလိုက် ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ ကိုယ်က Leader ဖြစ်ကို ဖြစ်ရမယ်လို့ မဆိုလိုဘူး။
ငါဦးဆောင်မှ Team နဲ့ လုပ်နိုင်မယ်၊ မဟုတ်ရင် ငါတစ်ယောက်တည်းလုပ်မယ် ဆိုတာက မရင့်ကျက်တဲ့ အနေအထားဖြစ်သွားပြီ။ ဆိုလိုတဲ့သဘောက တချို့နေရာတွေမှာ သင်ဦးဆောင်ရတာ ဖြစ်နိုင်တယ်။ တစ်ချို့နေရာတွေမှာ သင်ကနောက်လိုက်လုပ်ရတာ ဖြစ်နိုင်တယ်။
ကျွန်တော့်အမြင်မှာတော့ ခေါင်းဆောင်မှုနဲ့ နောက်လိုက်လုပ်မှုက အများကြီးမကွာဘူး။ သင်က တတ်တယ်ဆိုရင် သင်က ဦးဆောင်၊ သင်မတတ်တဲ့နေရာမှာဆိုရင် သင့်ထက်ပိုတတ်တဲ့သူရဲ့ စကားကို နားထောင်၊ ဒါဆိုရင် ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ အများကြီးပိုပြီး အဆင်ပြေနိုင်တယ်။
ကျွန်တော်တို့ လုပ်သင့်တာက အားမသန်တဲ့နေရာမှာ အားသန်တဲ့သူတွေကို ထည့်လိုက်မယ်ဆိုရင် အများကြီး အဆင်ပြေတဲ့အတွက် ဒါက ဦးဆောင်သူတွေ မန်နေဂျာတွေ အများကြီး အသုံးချသင့်တယ်လို့ ထင်ပါတယ်။
ဒါပေမဲ့ သင် မကျွမ်းကျင်တဲ့နေရာမှာ ကျွမ်းကျင်တဲ့သူတွေကို ထည့်လိုက်မယ်ဆိုရင် သင် အားသာကျွမ်းကျင်တဲ့ နေရာမှာ လုပ်ရဲတဲ့အတွက်ကြောင့် သင့်ရဲ့ ထုတ်လုပ်မှုစွမ်းအား Productivity ကလည်း ပိုပြီးတော့ မြင့်တယ်။
ပြီးရင်တော့ သူများရဲ့ အကျိုးစီးပွားကို ထည့်စဉ်းစားပေးဖို့လိုတယ်။ သင်က Leader တစ်ယောက် လုပ်နေပြီးတော့ သင့်ရဲ့ Team Member တွေရဲ့ အကျိုးစီးပွားကို ထည့်မစဉ်းစားပေးဘူး၊ သင်က ဝန်ထမ်းဖြစ်တဲ့အခါမှာလည်း သင့်ရဲ့ Team Member တွေနဲ့ Leader ရဲ့ အကျိုးစီးပွားကို ပြန်မကြည့်ပေးဘူးဆိုရင် သင်က Team Member ကောင်းတစ်ယောက် ဖြစ်မှာမဟုတ်ဘူး။ တစ်ယောက်တည်းဆိုရင် လုပ်နိုင်တာက နည်းနည်းပဲရှိတယ်။ အတူတကွဆိုရင် လုပ်နိုင်တာက အများကြီးပဲ။
ဒါလေးကို နှလုံးသွင်းထားပြီး သင့်ဘဝမှာ လက်ရှိရနေတဲ့ ရလဒ်တွေနဲ့ ကျေနပ်နေမှာလား။ ဒါမှမဟုတ် ဘယ်လောက်ထိ မြင့်မားတဲ့ရလဒ်တွေကို မျှော်လင့်ထားလဲ။ အဲဒါတွေကို ပြန်ပြီးစဉ်းစားပါ။ သင်က တကယ်မြင့်မားတဲ့ ရလဒ်လိုချင်ရင် ဘယ်သူတွေနဲ့ ပူးပေါင်းပြီးလုပ်ရမလဲ စဉ်းစားပါ။ ပူးပေါင်းဆောင်ရွက်မှုက လူတစ်ယောက်ချင်း လုပ်နိုင်တာထက်ယှဉ်ရင် အများကြီး တိုးတက်မှုတွေ ရလာနိုင်တယ်လို့ ပြောချင်ပါတယ်။
Naing Win Aung (MBA, PCC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

naingwinaungceocoach

naingwinaungexecutivecoach

Leadership #Coaching #Transformation #NLP

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial