အသင်းအဖွဲ့တွေ မညီညွတ်တဲ့ အကြောင်းအရင်း (၃) ခု

အဖွဲ့ဝင်ကောင်းများမှာ ရှိသင့်တဲ့ အရည်အချင်း (၅) ခု
November 4, 2020
အသင်းအဖွဲ့ တည်ဆောက်မှုနဲ့ပတ်သက်ပြီး သိသင့်တဲ့ အဆိုအမိန့် (၁) ခု
November 6, 2020

အသင်းအဖွဲ့တွေ မညီညွတ်တဲ့ အကြောင်းအရင်း (၃) ခု

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

(၁) ခေါင်းဆောင်တွေက သူတို့ဘာကို တန်ဖိုးထားတယ်ဆိုတာ မရှင်းလင်းခြင်း။

ခေါင်းဆောင်တွေကိုယ်တိုင်က သူတို့ ဘာကို တန်ဖိုးထားတယ်၊ သူတို့ ဘာကို လိုချင်တယ်၊ ဘာတွေကို ဖြစ်ချင်တယ်၊ ဘာတွေကိုတော့ လုပ်မယ်၊ ဘာတွေကိုတော့ မလုပ်ဘူး။ အဲဒါတွေနဲ့ပတ်သက်ပြီး သူတို့ကိုယ်တိုင်အနေနဲ့ မရှင်းလင်းကြတာကို ဆိုလိုတာ ဖြစ်ပါတယ်။

ခေါင်းဆောင်တွေအနေနဲ့ အဲဒါတွေကို မရှင်းလင်းတဲ့အတွက်ကြောင့် သူ့ရဲ့ Team မှာ မညီညွတ်တဲ့ကိစ္စတွေ ဖြစ်လာတယ်။ ခေါင်းဆောင်ကိုယ်တိုင်ကိုက ဒီရက်မှာ ဒီဟာလုပ်လိုက်၊ နောက်ရက်မှာ ဟိုဟာလုပ်လိုက်နဲ့ အမျိုးမျိုး ပြောင်းနေတဲ့အတွက်ကြောင့် နောက်လိုက်တွေက မရှင်းလင်းတဲ့ အခြေအနေမျိုးတွေ ဖြစ်လာတယ်။

အဲဒါကြောင့် ခေါင်းဆောင်တွေက လုပ်ငန်းတစ်ခုကို လုပ်နေတဲ့အခါမှာ “ငါတန်ဖိုးထားတဲ့အရာတွေက ဘာတွေလဲ”။ (၁) က ဘာလဲ၊ (၂) က ဘာလဲ၊ (၃) က ဘာလဲ။ အဲဒီလို Value ကို ရှင်းနေဖို့ လိုပါတယ်။

အဲဒါကလည်း သင်ကိုယ်တိုင် ချက်ချင်းသိပ်ပြီးစဉ်းစားလို့ရတဲ့အရာ မဟုတ်ဘူး။ ဘယ်ကနေသွားပြီး စဉ်းစားရမလဲဆိုတော့ သင့်ဘဝမှာ ဘာတွေကို တန်ဖိုးထားသလဲ၊ ဘဝမှာ သင့်အတွက် အရေးကြီးဆုံးအရာ (၁) က ဘာလဲ၊ (၂) က ဘာလဲ၊ (၃) က ဘာလဲ အဲဒါတွေ စဉ်းစားထားရင် အရမ်းကောင်းတယ်။

သင်လက်ရှိလုပ်ငန်း လုပ်နေတယ်ဆိုရင် လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ “ငါ့အတွက် အရေးကြီးဆုံး (၁) က ဘာလဲ၊ (၂) က ဘာလဲ၊ (၃) က ဘာလဲ အဲဒီလိုစဉ်းစားတယ်ဆိုရင် သင်ဘာကို တန်ဖိုးထားတယ် ဘာကို ရည်ရွယ်ပြီးတော့ လုပ်နေသလဲဆိုတာ ပိုပြီးတော့ ရှင်းလင်းလာပါလိမ့်မယ်။

(၂) အဖွဲ့ထဲမှာရှိတဲ့ Team Member တစ်ယောက်ချင်းက သူတို့ဘာကို တန်ဖိုးထားတယ်ဆိုတာ မရှင်းလင်းခြင်း။

အဖွဲ့ထဲမှာရှိတဲ့ သူတို့တစ်ယောက်ချင်းအနေနဲ့ သူတို့ ဘာကို လိုချင်တာလဲ၊ ဘာဖြစ်ချင်တာလဲ။ အဲဒါတွေကို မရှင်းလင်းဘူးဆိုရင်လည်း အသင်းအဖွဲ့တွေ မညီညွှတ်တဲ့ကိစ္စတွေ ဖြစ်လာမယ်။ သူကိုယ်တိုင်ကိုက သူဘာလိုချင်တာလဲ မရှင်းလင်းရင် ကျန်တဲ့လူတွေကို ဘယ်လိုသွားပြီး ကူညီမလဲ။ လူတစ်ယောက်ချင်းအနေနဲ့ သူတို့ ဘာကိုလိုချင်လဲဆိုတာ ရှင်းလင်းဖို့လိုပါတယ်။

(၃) အဖွဲ့တစ်ခုအနေနဲ့ ဘာကို တန်ဖိုးထားရမလဲဆိုတာကို သေသေချာချာ သတ်မှတ်ထားတာမရှိရင် Team Member တွေက ညီညွတ်မှု ရှိမှာမဟုတ်ဘူး။

ဆိုလိုချင်တာက Leader တွေမှာလည်း သူတို့ဖြစ်ချင်တဲ့ အရာတွေရှိတယ်။ တစ်ယောက်ချင်းမှာလည်း သူတို့ဖြစ်ချင်တာတွေ ရှိတယ်။ အဲဒါတွေအားလုံးကို စုပေါင်းလိုက်ပြီးတော့ အဖွဲ့အစည်းတစ်ခုလုံးအနေနဲ့ ငါတို့က ဘာတွေကိုလုပ်မယ်၊ ဘာကိုတွေတော့ ရှောင်ကြဉ်မယ် စတာတွေနဲ့ပတ်သက်ပြီး သေသေချာချာ သတ်မှတ်ထားတာ မရှိရင် အားလုံးက တစ်ယောက်တစ်ပေါက် ဖြစ်နေလိမ့်မယ်။ အဲဒါက မိသားစုတွေမှာလည်း ဆိုင်တယ်။ လင်မယားကြားမှာလည်း ဆိုင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်က စိတ်ဝင်စားတာ တန်ဖိုးထားတာတွေ မတူတတ်ကြပါဘူး။ အဲဒီအခါမှာ တန်ဖိုးထားမှုက ဝိရောဓိဖြစ်လာပြီး တစ်ယောက်နဲ့တစ်ယောက်က လမ်းခွဲရတာမျိုးတွေ ဖြစ်လာတယ်။
ဦးဆောင်တဲ့သူတွေ သင် ဘာကို လိုချင်တာလဲဆိုတာ သိအောင် လုပ်ရမယ်။ သင့်ရဲ့ အထိမခံတဲ့ တန်ဖိုးထားမှုတွေဖြစ်တဲ့ ဘာတွေကိုတော့ လုပ်မယ်၊ ဘာတွေကိုမလုပ်ဘူး၊ အဲဒါတွေကို ရှင်းလင်းအောင် လုပ်သင့်ပါတယ်။

Team Member တွေ တစ်ယောက်ချင်းစီမှာရှိတဲ့ တန်ဖိုးထားမှုတွေက ဘာတွေလဲ။ ပြီးရင် အားလုံးပေါင်းပြီးတော့ လုပ်ငန်းအဖွဲ့အစည်းကို နောက်တစ်ဆင့်သွားဖို့အတွက် Team Member တွေ တစ်ယောက်ချင်းမှာ ရှိသင့်တဲ့ တန်ဖိုးထားမှုတွေ အရည်အချင်းတွေက ဘာတွေလဲ။ အဲဒါတွေကို သင်တစ်ယောက်တည်း သတ်မှတ်တာမဟုတ်ဘဲနဲ့ အဓိကကျတဲ့ အဖွဲ့သားတွေကိုခေါ်ပြီး စုစည်းပြီး သတ်မှတ်မယ်ဆိုရင် သင်သတ်မှတ်တာမဟုတ်ဘဲနဲ့ အားလုံးပေါင်းပြီး သတ်မှတ်တာဖြစ်တဲ့အတွက်ကြောင့် လိုက်နာတဲ့နေရာမှာလည်း ပိုပြီးတော့ ထိရောက်မှုရှိနိုင်ပါတယ်။ ပိုပြီးတော့ အဆင်ပြေနိုင်တယ်။ အဲဒီအတွက်ကြောင့် ဒီအချက် (၃) ချက်ကို ပြန်ပြီး‌တော့ စဉ်းစားပါ။ သင်က ဘာကိုတန်ဖိုးထားသလဲ။ တစ်ဖွဲ့လုံးအနေနဲ့ ဘာကိုတန်ဖိုးထားရမလဲ။ ဒါလေးတွေကို ရှင်းလင်းဖို့တော့ လိုပါလိမ့်မယ်။

Naing Win Aung (MBA, PCC)
CEO Coach & NLP Master Trainer
Leadership Development Facilitator
#naingwinaungceocoach #naingwinaungexecutivecoach #Leadership #Coaching #Transformation #NLP #Breakthrough_Coaching_Myanmar #Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial