အရေးပါတဲ့ဆုံးဖြတ်ချက်တွေကို အမှားအယွင်းမရှိအောင် ဘယ်လိုဆုံးဖြတ်ချက်ချမလဲ

လုပ်ငန်းခွင်မှာ ဖြစ်တတ်တဲ့ အငြင်းပွားမှုတွေကို ဘယ်လိုဖြေရှင်းကြမလဲ
July 31, 2020
အဖွဲ့အစည်းတစ်ခုမှာ ရာထူးတစ်ခုရလာပြီဆိုရင် ဘာတွေလုပ်သင့်လဲ
August 4, 2020

အရေးပါတဲ့ဆုံးဖြတ်ချက်တွေကို အမှားအယွင်းမရှိအောင် ဘယ်လိုဆုံးဖြတ်ချက်ချမလဲ

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲


ကျွန်တော်တို့ ဘဝမှာ အရေးကြီးတဲ့ ကာလတွေကြုံလာနိုင်သလို အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေလည်း ချရနိုင်တယ်။ အဲဒီတော့ ကျွန်တော့်ဆရာ John C Maxwell ရဲ့ Course တစ်ခုထဲမှာ သူကဘာပြောလဲဆိုတော့ နာမည်ကျော်တဲ့ CEO တစ်ယောက် ဒါမှမဟုတ်ရင် လစာအများကြီးရတဲ့ CEO တစ်ယောက် အဲဒီလစာအများကြီးရတဲ့ CEO တစ်ယောက် ချမှတ်တဲ့ စည်းကမ်းချက်တွေ ၁၀၀% မှာ ၉၅% က သာမန် အထက်တန်းအောင်ထားတဲ့ ကလေးတစ်ယောက် လုပ်လို့ရတယ်။ သူ့အတွက် အရေးကြီးတာက ၅% ကအရေးကြီးတာ။ အဲဒီ ၅% ကို သူဘယ်လိုကိုင်တွယ်သလဲ သူဘယ်လိုချမှတ်သလဲ ဒါကသူ့အတွက် အများကြီး ပိုအရေးပါတယ်။
ကျွန်တော်တို့အနေနဲ့ မလွှဲသာမရှောင်သာသော ခက်ခဲတဲ့ကာလတွေ ကြုံနိုင်တယ်။ အဲဒီကာလတွေမှာ ကျွန်တော်တို့အနေနဲ့ ဆုံးဖြတ်ချက်တွေ ချရနိုင်တယ်။ အဲဒီဆုံးဖြတ်ချက်တွေကို ကျွန်တော်တို့ ဘယ်လိုချကြမလဲ။ ကျွန်တော်တို့ အဲဒီဆုံးဖြတ်ချက်တွေက ကိုယ့်ဘဝအတွက် ချမှာလား။ ဒါမှမဟုတ် ကိုယ့်အဖွဲ့အစည်းအတွက် ချရမှာလား။ ဒါလေးကို ကျွန်တော်တို့ သိဖို့လို့တယ်။ အဲဒီတော့ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေကို ချရတော့မယ်ဆိုရင် အရင်ဆုံး ကျွန်တော်တို့ သိဖို့လိုတယ်။
ကိုယ့်ဘဝအတွက်ဆိုရင် အရေးကြီးဆုံးက ဘဝမှာ ကိုယ်မသေခင်မှာ ကိုယ်အတွက် အရေးကြီးဆုံး အချက်တွေက ဘာတွေလဲ။ ကိုယ့်ဘဝအတွက် ရည်ရွယ်ချက်က ဘာတွေလဲ။ ကိုယ့်အတွက် ဘဝမှာအရေးကြီးဆုံး ဦးစားပေးဆုံး ဒီအချက်တွေက ဘာတွေလဲ သိဖို့လိုတယ်။ အဲဒီအတိုင်း ကိုယ့်အဖွဲ့အစည်းအတွက်ဆိုရင် ရေရှည်အတွက် အရေးကြီးဆုံး အချက်တွေက ဘာတွေလဲ။ ဒါလေးတွေကို ကိုယ်ကပြန်သုံးသပ်ဖို့လိုတယ်။
ကျွန်တော်တို့က အရေးကြီးတဲ့ ဆုံးဖြတ်ချက်ဆိုတာ ချမှတ်တဲ့အခါမှာ တစ်ခါတစ်လေကျရင် ရေတိုနဲ့ စဉ်းစားတဲ့အခါမှာ ရေရှည်မှာ ကိုယ့်အတွက် အာရုံစိုက်ရမယ့် အရာတွေကို လက်လွတ်လိုက်ရမယ်ဆိုရင် ဒါအဆင်မပြေဘူး။ ဒီလိုပဲ ကိုယ်ကရေရှည်ကို အရမ်းကြီးကြည့်လွန်းပြီးတော့ ရေတိုမှာ ရှင်သန်နိုင်ဖို့တောင် မဖြစ်နိုင်တော့ဘူးဆိုရင် ဒါလည်းအလကားပဲ။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့က ဘယ်လိုကြောင့်ပဲပြောပြော ရေရှည်မှာ ကိုယ်ဖြစ်ချင်တဲ့ဟာတွေ ဒါလေးတွေကို ကိုယ်ကမမေ့ဖို့လိုတယ်။
အဲဒီတော့ ဒါလေးတွေကို ကျွန်တော်တို့က အရင်ဆုံး သုံးသပ်ဖို့လိုတယ်။ ပြီးသွားရင် ကျွန်တော်တို့ ဘာလုပ်ရမလဲ အရင်တုန်းက ကျွန်တော်တို့ အလားတူအဖြစ်အပျက်တွေကို ကျွန်တော်တို့ ဘာတွေကြုံဖူးသလဲ၊ အရင်တုန်းက အဖွဲ့အစည်းထဲမှာပဲဖြစ်ဖြစ် ကိုယ့်ဘဝမှာပဲဖြစ်ဖြစ် ဒီလိုမျိုး အလားတူအဖြစ်အပျက်တွေ ဘာတွေဖြစ်ခဲ့ဖူးသလဲ။ အဲဒီလိုမျိုး အလားတူ အဖြစ်အပျက်တွေ ဘာတွေဖြစ်ခဲ့ဖူးသလဲ။ အဲဒီလိုမျိုး ကိုယ့်ဆီမှာရှိတဲ့ အရင်တုန်းက Case အဟောင်းလေးတွေ ကိုဒါလေးတွေကို ကိုယ်ကပြန်ရှာပြီး ကြည့်ဖို့လိုတယ်။
အဲဒီလိုမျိုး ကိုယ့်ဆီမှာရှိတဲ့ အရင်တုန်းက Case အဟောင်းလေးတွေကို ပြန်ရှာပြီး လေ့လာဖို့လိုသလို အခြားလူတွေ ဒီလိုကိစ္စမျိုးကို ရင်ဆိုင်ရတဲ့အခါမှာ သူတို့တွေ ဘယ်လိုမျိုး ဖြေရှင်းခဲ့ကြသလဲ။ ဒါလေးတွေကို ကျွန်တော်တို့ လေ့လာဖို့လိုတယ်။ အဲဒီတော့ ဖြစ်နိုင်ရင် ကျွန်တော်တို့ Google တွေ ဘာတွေမှာ ရှာဖို့လိုတယ်။ ကျွန်တော်တို့ ဖြစ်နိုင်ရင် စာအုပ်တွေဘာတွေမှာ ရှာဖွေလေ့လာတာ ဒါမှမဟုတ်ရင် သိတဲ့လူတွေဆီမှာ မေးမြန်းတာ ဒါမျိုးလေးတွေလည်း ကျွန်တော်တို့ ဖြစ်နိုင်တယ်။ ပြီးသွားရင် ကျွန်တော်တို့ တစ်ခါတစ်လေကျရင် အချိန်က သိပ်အများကြီးတော့ ရမှာမဟုတ်ဘူး။ ဒါပေမယ့် ရတဲ့အချိန်တွေမှာ အတတ်နိုင်ဆုံး ကြိုးစားပြီး လုပ်ရတာ ဖြစ်နိုင်တယ်။
ကျွန်တော်တို့ နောက်ဘာလုပ်ဖို့လိုမလဲဆိုရင် ကိုယ့်ရဲ့ အဖွဲ့အစည်းထဲမှာရှိတဲ့ ကြံရည်ဖန်ရည်ရှိတဲ့လူတွေ ဒါမှမဟုတ်ရင် ရာထူးအရ ကျွန်တော်တို့ အသိပေးဖို့လိုတဲ့သူတွေ သူတို့တွေကို ကျွန်တော်တို့က မေးမြန်းပြီးတော့ သူတို့ရဲ့ သဘောထားတွေ ဘာတွေရှိလဲ။ သူတို့အနေနဲ့ ကိုယ့်ကို ဘာတွေတင်ပြနိုင်လဲ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ သူတို့ဘာတွေသိသလဲ။ ဒါလေးတွေ ကျွန်တော်တို့ သူတို့ကို မေးလို့ရတယ်။ မေးလိုက်ပြီးသွားပြီဆိုရင် ကျွန်တော်တို့အနေနဲ့ ရွေးချယ်စရာ ဘယ်နှစ်ခုရှိလဲ။ဒီအခြေအနေကနေပြီးတော့ လွတ်မြောက်ဖို့၊ ဖြေရှင်းနိုင်ဖို့အတွက် ဆုံးဖြတ်ချက် အနေနဲ့ ချမှတ်စရာ ဘယ်နှစ်ခုရှိသလဲ ၅ ခုလား ၁၀ ခုလား ကျွန်တော်တို့ သတ်မှတ်လိုက်။
အဲဒီကနေပြီးမှ အဖြစ်နိုင်ဆုံး ဆုံးဖြတ်ချက်လေးတွေကို ကျွန်တော်တို့ ဦးစားပေးပြန်ဆွဲ။ ပြီးသွားရင် တစ်ခုချင်းမှာ ကောင်းတာဘာရှိမလဲ။ နောက်တစ်ခု ချမယ်ဆိုရင် ကောင်းတာဘာရှိလဲ ဆိုးတာဘာရှိလဲ။ ဒါလေးတွေကို လုပ်ကြည့်ပြီးတော့ ကျွန်တော်တို့က ချင့်ချိန်ကြည့်ရမယ်။ ချင့်ချိန်ကြည့်ပြီးသွားပြီဆိုရင် အဲဒီမှာ ကျွန်တော်တို့က အားသာချက်တွေ အားနည်းချက်တွေ ရေရှည်မှာဖြစ်လာနိုင်မယ့် အလားအလာတွေ ဒါတွေကို ကျွန်တော်တို့ ချရေးကြည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့ စပြီးတော့ ရင်ထဲမှာ ရှင်းလာလိမ့်မယ်။
ကျွန်တော်တို့ တိုင်ပင်သင့်တဲ့လူတွေနဲ့ တစ်ချက်ပြန်ပြီးတော့ တိုင်ပင်ကြည့်ဖို့လိုတယ်။ အဖွဲ့အစည်းထဲကပဲဖြစ်ဖြစ် အပြင်ကပဲဖြစ်ဖြစ် ကိုယ့်ဘဝမှာဆိုရင် မိသားစုပဲဖြစ်ဖြစ် ဒါမှမဟုတ်ရင် ကိုယ့်ကို လမ်းညွှန်နေကျပုဂ္ဂိုလ်တွေ။ သူတို့နဲ့ ကျွန်တော်တို့က တိုင်ပင်ကြည့်ဖို့လိုတယ်။ အဲဒီလို တိုင်ပင်ပြီးသွားပြီဆိုရင် ဘယ်ဆုံးဖြတ်ချက်က ကိုယ့်အတွက် အသင့်တော်ဆုံးဖြစ်မလဲ။ ဒါလေးကို ကျွန်တော်တို့က ချမှတ်ပြီးသွားပြီဆိုရင် လုပ်စရာရှိတာ လုပ်ကြည့်မယ်။ လုပ်ကြည့်ရင်းနဲ့မှ ကိုယ်က လမ်းကြောင်းလွဲနေတယ်လို့ ယူဆတယ်ဆိုရင်တော့ ကျွန်တော်တို့ အတတ်နိုင်ဆုံး လမ်းကြောင်းလွဲတဲ့ဟာကို ပြန်ပြင်ဖို့ကြိုးစားရမယ်။
လမ်းကြောင်းမှန်နေပြီဆိုရင် ဒါကိုပိုပြီးတော့ကောင်းအောင် ဘယ်လိုလုပ်မလဲ ကျွန်တော်တို့ ဒါကိုသိ ဖို့လိုတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ ကျွန်တော်တို့ နားလည်ဖို့လိုတာတစ်ခုက ဆုံးဖြတ်ချက် တစ်ခုမချခင်မှာ ကျွန်တော်တို့က အဲဒီဆုံးဖြတ်ချက်ရဲ့ အရှင်သခင်ပဲ။ ဒါပေမယ့် ဆုံးဖြတ်ချက်ကို ချပြီသွားပြီဆိုရင်တော့ ကျွန်တော်တို့က အဲဒီဆုံးဖြတ်ချက်ရဲ့ ကျွန်ဖြစ်သွားတယ်။ အဲဒီတော့ ကျွန်တော်တို့ တစ်ချို့ဆုံးဖြတ်ချက်တွေကို မချခင်မှာ မလောဖို့လိုတယ်။ ဥပမာ သွေးပူနေတဲ့အချိန်မှာ အရမ်းကိုစိတ်လူပ်ရှားနေတဲ့အချိန် မိုက်ရူးရဲဆန်တဲ့ ဆုံးဖြတ်ချက်တွေမှာ ကျွန်တော်တို့ မချသင့်ဘူး။
တစ်ခါတစ်လေကျရင် ကိုယ်က အရမ်းကိုတက်ကြွနေတဲ့အချိန်မျိုးမှာ ဒါကအရမ်းကိုလုပ်မယ်ဆို လုပ်ချထည့်လိုက်တဲ့ အချိန်မျိုးမှာ အခန့်မသင့်ရင် ကိုယ့်အတွက် နောင်တရစရာတွေ ဘာတွေဖြစ်နိုင်တယ်။ တစ်ချို့ကိစ္စတွေမှာ အခြားသူတွေကပြောတိုင်း ချက်ချင်းဆုံးဖြတ်တာမျိုး မဟုတ်ဘဲနဲ့ အချိန်လေးနည်းနည်းယူပြီး သေချာစဉ်းစားပါ။ ပြီးရင် သေချာကြိုတင်ပြင်ဆင်ပါ။ နောက်ပြီးတော့ အချက်အလက်တွေကို လေ့လာပါ။ ပြီးတော့ အတတ်နိုင်ဆုံး မြန်မြန်လေးလုပ်ပါ။
တစ်ချို့ဆုံးဖြတ်ချက်တွေ ချဖို့အတွက်က ကျွန်တော်တို့ အချိန်အများကြီး မရနိုင်ဘူး။ အဲဒီတော့ အရေးကြီးတာကတော့ ဆုံးဖြတ်ချက်က ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ကိုယ့်ရဲ့အနာဂတ်မှာ အဲဒါက ပါလာတော့မယ်၊ ကိုယ့်အနေနဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ရတော့မယ်။ ဒါလေးကို နားလည်ပြီးတော့ ကိုယ့်အနေနဲ့ သတိလေးကြီးကြီးထားပြီးတော့ သေချာလေ့လာပြီးတော့ လုပ်ဖို့လိုတယ်။ ဒါပေမယ့် ဆုံးဖြတ်ချက်ချရဲတဲ့ သတ္တိကလည်း ဦးဆောင်သူတွေအနေနဲ့ မဖြစ်မနေ အရေးကြီးတယ်ဆိုတာ ကိုယ့်အနေနဲ့ နားလည်ဖို့လိုတယ်။ အဲဒီအတွက်ကြောင့် ဆုံးဖြတ်ချက်တွေကို ကိုယ့်အနေနဲ့ ချနိုင်အောင်ကြိုးစားပါ။ ပြီးရင် ကိုယ့်အနေနဲ့ ဖြစ်လာတဲ့ အကျိုးဆက်တွေကိုလည်း အကောင်းဆုံး ရင်ဆိုင်ဖြေရှင်းနိုင်အောင် ကြိုးစားပါ။
Naing Win Aung (MBA, ACC)CEO Coach & NLP Master TrainerLeadership Development Facilitator
#naingwinaungceocoach#naingwinaungexecutivecoach#Leadership #Coaching #Transformation#NLP #Breakthrough#Breakthrough_Coaching_Myanmar#Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial