အတွေးတွေအကြောင်း ဦးဆောင်သူတွေ သိသင့်တဲ့ အချက် (၃) ချက်

စီးပွားရေးလုပ်ငန်းရှင်တွေ လုပ်ငန်းမှာ ငယ်ရွယ်တဲ့ ဦးဆောင်သူတွေကို မွေးထုတ်တော့မယ်ဆိုရင် သိသင့်တဲ့ အချက် (၆) ချက်
September 12, 2020
သင်ကိုယ်တိုင်ရဲ့ လုပ်ငန်းဦးဆောင်မှု အမှားတွေကနေ သင်ယူသင့်တဲ့ အကြောင်းရင်း (၄) ခု
September 14, 2020

နာမည်ကြီး စာအုပ်လေး တစ်အုပ်ရှိတယ်။ စဉ်းစားပြီးတော့ ချမ်းသာအောင်လုပ်ပါဆိုတဲ့ စာအုပ်လေး။ အဲဒီ စာအုပ်လေးက Personal Development ပိုင်းမှာ အရမ်းကို အရေးပါတယ်။ နပိုလီယံဟေးလ်ဆိုတဲ့ ပုဂ္ဂိုလ်ရေးထားပြီးတော့ မြန်မာနိုင်ငံမှာတော့ ဆရာကြီး ရွှေဥဒေါင်းက အကြံဉာဏ်ဖြင့် ကြီးပွားခြင်းဆိုတဲ့ စာအုပ်လေး အားရင်ရှာပြီး ဖတ်ကြည့်ပါ။ အတွေးတွေက အရေးကြီးတယ်။ ကိုယ့်ရဲ့ Thinking လွဲနေတဲ့အခါမှာ မကောင်းတဲ့ ဘက်ကိုရောက်သွားနိုင်ပြီး Feeling တွေကလည်း မကောင်းဘူးဖြစ်လာမယ်။ လုပ်ဆောင်မှုတွေကလည်း မကောင်းဘူးဖြစ်လာမယ်။ နောက်ဆုံးမှာ ရလဒ်တွေကလည်း မကောင်းဘူးဖြစ်လာမယ်။
ကျွန်တော်တို့က ရလဒ်ကောင်းဖို့ဆိုရင် လုပ်ဆောင်ချက်တွေ ကောင်းရမယ်။ လုပ်ဆောင်ချက် ကောင်းဖို့ဆိုရင် ခံစားမှုတွေ ကောင်းရမယ်။ ခံစားမှုတွေ ကောင်းဖို့ဆိုရင် Thinking တွေကောင်းရမယ်။.ခံစားမှုမကောင်းဘဲ ရလဒ်ကောင်းတွေက ဘယ်လိုမှ ထွက်လာမှာ မဟုတ်ဘူး။ ရလဒ်ကောင်ဖို့ Thinking ကောင်းရမယ်။ ဒါနဲ့ပတ်သက်ပြီးတော့ သိရမယ့် အချက် ၃ ချက် မျှဝေချင်ပါတယ်။
(၁) ကိုယ့်ရဲ့ အတွင်းကမ္ဘာက အပြင်ကမ္ဘာကို ဖန်တီးတယ်။
ကျွန်တော်တို့ ဘာတွေကြုံတွေ့ရမလဲ ဆိုတာက စိတ်ထဲမှာ အရင်ဆုံးဖြစ်တယ်။ စိတ်ထဲမှာ ကိစ္စတစ်ခုကို မဖြစ်နိုင်ဘူးလို့ထင်ရင် မဖြစ်နိုင်တဲ့အကြောင်း သက်သေတွေကို လိုက်ရှာကြတယ်။ မဖြစ်နိုင်ဘူးဆိုတဲ့ အရာကိုပဲ စိတ်ထဲထည့်ထားပြီး လုပ်တဲ့အခါမှာ ကြိုးစားအားထုတ်ချင်စိတ်လည်း မရှိတော့ဘူး။ မသိရင်လည်း သူများကို လိုက်မမေးတော့ဘူး။ အဲဒီအခါမှာ သူက မဖြစ်တဲ့အတိုင်းဘဲ ဇာတ်သိမ်းသွားတယ်။ တစ်ဖက်က ကျတော့ ဖြစ်နိုင်တယ်လို့ စဉ်းစားတဲ့အခါ ဖြစ်နိုင်ဖို့ နည်းလမ်းတွေလိုက်ရှာမယ်။ လေ့လာသင်ယူမယ်။ အဲဒီတော့ ကိုယ့်ရဲ့ အတွေးတွေက အပြင်ကမ္ဘာကို ဖန်တီးတယ်။ ကိုယ်တစ်ယောက်ထဲအတွက် မဟုတ်ပါဘူး ကိုယ့်ရဲ့ Team member တွေအတွက် ရောဖြစ်တယ်။
(၂) ကိုယ့်ရဲ့ အတွေးတွေကို ကိုယ်ကမထိန်းချုပ်ရင် အခြားသူတွေက ထိန်းချုပ်သွားလိမ့်မယ်။
မြင်ကြားနေရတဲ့ စကားတွေရှိတဲ့အတွက် ကိုယ့်အတွေးကို ကိုယ်ကမထိန်းချုပ်ရင် အခြားသူတွေက လွှမ်းမိုးသွားလိမ့်မယ်။ ကိုယ်လိုချင်တဲ့ Result ကဘာလဲ။ ဒါကို ကျွန်တော်တို့ ယုံကြည်မှု ခိုင်ခိုင်မာမာ တည်ဆောက်ထားဖို့လိုတယ်။ ကိုယ့်ရဲ့ ယုံကြည်မှုကို ကိုယ်ကိုယ်တိုင်ကမှ မတည်ဆောက်ဘူးဆိုရင် ကျွန်တော်တို့က တစ်ခြားသူရဲ့ ပါးစပ်ဖျားမှာ လမ်းဆုံးရတဲ့ အခြေအနေဖြစ်နိုင်တယ်။ အဲဒီအတွက် ကိုယ့်ကိုယ်ကိုယ် သေချာပြင်ဆင်ထားဖို့လိုတယ်။ တစ်ယောက်ကပြောလိုက် တစ်မျိုးဖြစ်သွားလိုက် အဲဒီလိုမျိုး မဟုတ်ဘဲ ကိုယ်တကယ် လိုချင်တာဘာလဲ။ ကိုယ့်ရဲ့ ရည်မှန်းချက် ကိုယ့်ရဲ့အတွေးတွေက ဘာလဲဆိုတာကို တကယ်သိဖို့လိုတယ်။ သေသေချာချာသိပြီး ကိုယ်ကိုယ်တိုင် ထိန်းချုပ်နိုင်မှ တစ်ခြားသူတွေ ထိန်းချုပ်တာ သြဇာပေးတာကို မခံရမှာဖြစ်တယ်။
(၃) ကိုယ့်ရဲ့ အတွေးတွေကို ပြောင်းလဲဖို့ဆိုရင် ကိုယ့်ရဲ့ အာရုံစိုက်မှုတွေကိုပြောင်းလဲမှဖြစ်မယ်။
တစ်နေ့တစ်နေ့ ကြားနေရတာတွေ တွေ့နေရတဲ့သူတွေ ဖတ်နေရတာတွေ အများကြီးရှိတဲ့အခါမှာ ကိုယ်ဘာကိုရွေးမလဲ။ ကိုယ်တိုင်စဉ်းစားရမှာက ကိုယ်ဘာကိုလိုချင်တာလဲ။ လုပ်ငန်းအောင်မြင်ဖို့ဆိုရင် လုပ်ငန်းအောင်မြင်ဖို့ဆိုတဲ့ အကြောင်းအရာကို အင်တာနက်မှာရှာ ဘယ်လိုလုပ်ရင် လုပ်ငန်းပျက်စီးမလဲဆိုတာကို ရှာချင်ရင် ဘယ်လိုလုပ်ရင် လုပ်ငန်းပျက်စီးတာကို ကာကွယ်မလဲ ဆိုတဲ့ဘက်ကနေရှာ။ မကောင်းတဲ့ Negative, Negative တွေကိုရှာနေရင် Negative တွေဘဲတွေ့နေလိမ့်မယ်။
City FM Radio နားထောင်တဲ့အခါမှာ ကိုယ်ဖမ်းတဲ့လိုင်းကိုဘဲ ကြားရတယ်။ Tv ရှေ့မှာထိုင်နေတယ်။ ကိုယ်ဖွင့်တဲ့ Channel တွေကိုမြင်ရတယ်။ ကိုယ်မြင်တဲ့ အမြင်က ဖြစ်လာမယ့် အရာတွေကို ဖန်တီးထားသလိုဘဲ ကိုယ်က မဖြစ်နိုင်ဘူးထင်ရင် အရာအားလုံးက ဖြစ်လာမှာ မဟုတ်ဘူး။ ဖြစ်လာမယ်လို့ထင်ရင် ဖြစ်လာလိမ့်မယ်။ ပြဿနာကို အာရုံစိုက်မယ့်အစား ကောင်းတာက အဖြေကို အာရုံစိုက် အရင်တုန်းက အတိတ်ကို အာရုံစိုက်မယ့်အစား အနာဂတ်နဲ့ ပစ္စုပ္ပန်ကို အာရုံစိုက် အနာဂတ်မှာ ဘာတွေဖြစ်ချင်လဲဆိုရင် အနာဂတ်ကို အာရုံစိုက်။
အဲဒါဆိုရင် ကျွန်တော်တို့က ကိုယ့်ရဲ့ အတွေးတွေကို ထိန်းချုပ်လို့ရပြီ။ ကိုယ်က အတိတ်ကိုအာရုံစိုက်မိပြီး ကောင်းတာတွေ ဆိုးတာတွေကို တွေးမိနေရင် ကောင်းတာတွေကို တွေးမိရင် ပျော်တာကတော့ ပျော်တာပေါ့။ ဒါပေမယ့် လက်ရှိမှာ ဘာမှလုပ်လို့မရဘူး။ အရင်တုန်းက မကောင်းတာတွေကို သွားပြီးတွေးနေတယ် ဆိုရင်လည်း သင်ခန်းစာယူရုံကလွဲပြီး ဘာမှ လုပ်လို့မရဘူး။ လုပ်သင့်တာက အနာဂတ်မှာ လိုချင်တဲ့ Result ကဘာလဲ။ အဲဒီအတွက် ငါဘာကို အာရုံစိုက်သင့်လဲ။ ဒါကို အရုံစိုက်မယ်ဆို အဆင်ပြေတယ်။
Naing Win Aung (MBA, ACC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

naingwinaungceocoach

naingwinaungexecutivecoach

Leadership #Coaching #Transformation

NLP #Breakthrough

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial