သင်သာ အလုပ်ကို ထိထိရောက်ရောက် မလုပ်ရင် ကြုံတွေ့ရနိုင်တဲ့ မကောင်းတဲ့ အကျိုးဆက် (၅) ခု

လူတွေကို သူတို့လိုချင်တဲ့ ရလဒ်တွေ မရအောင် တားဆီးထားတဲ့ ထိပ်ဆုံးက အရာတစ်ခု
January 21, 2021
သင့်ရဲ့ဘဝမှာ ရလဒ်ကောင်းတွေလိုချင်ရင် လိုက်နာသင့်တဲ့ စည်းကမ်းချက် ( ၅) ချက်
January 25, 2021

(၁) အချိန်ကုန်တယ်

အချိန်ကုန်တယ်ဆိုတာက ကိုယ်က ဒီဟာကို လုပ်လိုက်ပြီးတော့ တကယ့်တကယ်တမ်းမှာ မကောင်းသွားတဲ့အတွက် ကိုယ်က အဲဒါကြီးကို နောက်တစ်ခေါက် ပြန်လုပ်ရတဲ့အတွက်ကြောင့် အချိန်ကုန်တယ်။

(၂) အလုပ်မပြီးဘူး

အလုပ်တစ်ခုကို ကိုယ်က နေ့တစ်ပိုင်းနဲ့ပြီးအောင် လုပ်မယ်လို့ဆုံးဖြတ်ထားပြီးတော့ အဲဒါက မထိရောက်သွားဘူးဆိုရင် ကိုယ်က နောက်ထပ်နေ့တစ်ပိုင်း လုပ်ရပြီဆိုလို့ရှိရင် အဲဒါက သွားရော။ အဲဒီတော့ အချိန်ကုန်တယ်။ အလုပ်မပြီးသွားဘူး။ အလုပ်ပြီးတယ်ဆိုတာက ကိုယ့်အလုပ်ကို အမှတ်ခြစ်လိုက်လို့ ရပြီ။ တစ်ခြားသူကို လွှဲလိုက်လို့ရပြီ။ အဲဒါဆိုလို့ရှိရင် တစ်ခြားသူ ဆက်လုပ်သွားလို့ရပြီ။ ကိုယ်က အလုပ်တော့ လုပ်လိုက်တယ်။ သေသေချာချာ ထိထိရောက်ရောက် မလုပ်လိုက်ဘူးဆိုရင် အချိန်သာကုန်သွားပေမယ့် အလုပ်ကမပြီးသွားဘူး။

(၃) ကိုယ့်ကြောင့် တစ်ခြားသူတွေလည်း အလုပ်မပြီးတာတွေလည်း ဖြစ်နိုင်တယ်

ကိုယ်က အလုပ်ကို ထိရောက်အောင်မလုပ်ဘဲနဲ့ လွဲချော်နေတဲ့အတွက်ကြောင့် တစ်ခြား ကိုယ်နဲ့ဆက်စပ်နေတဲ့ ပုဂ္ဂိုလ်တွေ၊ Department တွေ၊ Customer တွေ၊ Client တွေ သူတို့တွေလည်း အလုပ်မပြီးတဲ့ အခြေအနေတွေ ဖြစ်လာနိုင်တယ်။

(၄) နာမည်ပျက်လာနိုင်တယ်

နာမည်ပျက်လာနိုင်တယ်ဆိုတာက ကုမ္ပဏီလည်း နာမည်ပျက်လာနိုင်တယ်။ Department လည်း နာမည်ပျက်လာနိုင်တယ်။ Team လည်း နာမည်ပျက်လာနိုင်တယ်။ ကိုယ်တစ်ယောက်ချင်းကလည်း နာမည်ပျက်လာနိုင်တယ်။ နောက်ပြီး သူ့ကို သွားခိုင်းလိုက်လို့ရှိရင်လည်း မပြီးဘူး။ ပေါ့ပေါ့ဆဆလုပ်တတ်တဲ့လူလို့ ဒီလိုမျိုး မြင်လာပြီဆိုရင် ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။

(၅) အလုပ်ထိခိုက်လာနိုင်တယ်

အခန့်မသင့်ရင် ပျက်သွားနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကုမ္ပဏီထဲက ဝန်ထမ်းတွေက တစ်ခုခုပြောလိုက်ရင် သေသေချာချာ မမှတ်ဘူး။ လုပ်လိုက်ရင် တလွဲ။ မှာလိုက်တာက တစ်မျိုး၊ လုပ်လာတာကတစ်မျိုး။ လုပ်လာလို့ရှိရင်လည်း တကယ်ကို မကောင်းဘူး။ အရည်အသွေး မမှီဘူး။ ဒါမျိုးတွေ ဖြစ်လာပြီဆိုရင် ကုမ္ပဏီကိုပါ ထိခိုက်မယ်။ Department ပါထိခိုက်မယ်။ အဲဒီဝန်ထမ်းမှာလည်းထိခိုက်မယ်။ အားလုံးအတွက် ထိခိုက်နိုင်တယ်။ အဲဒီအချက်တွေကို ဆင်ခြင်ပြီးသွားပြီဆိုရင် ကိုယ့်အနေနဲ့ အလုပ်ကို ထိထိရောက်ရောက်ဖြစ်အောင် ဘယ်လိုလုပ်မလဲ။ အဲဒါနဲ့ပတ်သက်ပြီးတော့ အဖြေရှာဖို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းချင်ပါတယ်။

Naing Win Aung (MBA, PCC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

naingwinaungceocoach

naingwinaungexecutivecoach

Leadership #Coaching #Transformation #NLP

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial