သင်သာပျော်ရွှင်ချင်တယ်ဆိုရင် ဘယ်သူ့မှာ တာဝန်ရှိမယ်လို့ ထင်လဲ

လုပ်ငန်းရှင်တွေ ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းမှာ ဦးဆောင်တဲ့အခါမှာ အဓိကကျတဲ့ အချက် (၅) ချက်
August 11, 2020
သင့်ဘဝရဲ့ ကဏ္ဍအသီးသီးကို တိုးတက်လာအောင် ဘယ်လိုလုပ်ကြမလဲ
August 14, 2020

သင်သာပျော်ရွှင်ချင်တယ်ဆိုရင် ဘယ်သူ့မှာ တာဝန်ရှိမယ်လို့ ထင်လဲ

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

ကိုယ်သာ ပျော်ရွှင်ချင်တယ်ဆိုရင် အဲဒီပျော်ရွှင်မှုကို ရအောင် ကိုယ်ကိုယ်တိုင်လုပ်မှရမယ်။ ကျွန်တော်တို့ကို ဘယ်သူမှ လာလုပ်ပေးမှာမဟုတ်ဘူး။ မိသားစုဝင်တွေက လုပ်ပေးလို့မရဘူး။ ကိုယ့်ရဲ့ချစ်သူ ကိုယ်ရဲ့အိမ်ထောင်ဖက်က လုပ်ပေးလို့မရဘူး။ ကိုယ်ရဲ့ လက်အောက်က ဝန်ထမ်းကလုပ်ပေးလို့မရဘူး။ ကိုယ်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက လုပ်ပေးလို့မရဘူး။ ကိုယ်ရဲ့ အထက်လူကြီးက လုပ်ပေးလို့မရဘူး။ နိုင်ငံတော် အစိုးရကလည်း လုပ်ပေးလို့ မလွယ်နိုင်ဘူး။

အဲဒီတော့ အရေးကြီးတာဘာလဲ။ ကိုယ်ပျော်ရွှင်ချင်တယ်ဆိုရင် ကိုယ်ကိုယ်တိုင်ပဲလုပ်ရမယ်။ အရေးကြီးတာ လူတော်တော်များများက သူတို့ပျော်ရွှင်ရဖို့ဆိုရင် သူတို့မှာ တစ်ခုခု ရှိဖို့လိုတယ်။ တစ်ယောက်ယောက်က ကူညီဖို့လိုတယ်။ အဲဒီလိုထင်ကြတယ်။ ဒါမှမဟုတ်ရင် ပိုင်ဆိုင်မှု တစ်ခုခုလေးရသွားတဲ့အခါ တစ်ခုခု ဝယ်လိုက်တဲ့အခါ အောင်မြင်မှု တစ်ခုခု ရသွားတဲ့အခါ သူတို့ပျော်မယ်။ ဒီလိုမျိုး ထင်တတ်ကျတယ်။ အဲဒီတော့ ပျော်ရွှင်မှုကို အခြေနေတစ်ခုခုနဲ့ သွားပြီးချိတ်ဆက်ထားတာဖြစ်တယ်။

အဲဒီတော့ စဉ်းစားကြည့်ရအောင် ကျွန်တော်တို့ Phone ဝယ်တယ်။ Phone အသစ်လေး ဝယ်တယ်ဆိုရင် ကျွန်တော်တို့ပျော်မယ်။ ဒါပေမဲ့ အဲဒီပျော်ရွှင်မှုက ဘယ်လောက်ခံမှာလဲ တစ်ပတ်လား နှစ်ပတ် သုံးပတ် တစ်လဆိုရင် အဲဒီပျော်ရွှင်မှုက တော်တော်လေး လျှော့သွားပြီလို့ ကျွန်တော်ထင်တယ်။ အရေးကြီးတာကဘာလဲ ပစ္စည်းဥစ္စာတွေ ပိုင်ဆိုင်တာ ဝယ်တာနဲ့ အဲဒါတွေက ကျွန်တော်တို့အတွက် တစ်နည်းတစ်ဖုံ အထောက်ကူ ဖြစ်လားဆိုတော့ ဖြစ်တယ်။ အတိုင်းတာတစ်ခု သက်ရောက်မှု ရှိလားဆိုတော့ ရှိတယ်။ ဒါပေမဲ့ အဲဒါတွေသက်သက်နဲ့ ကျွန်တော်တို့ ပျော်ရွှင်မှုက တိုက်ရိုက် အချိုးမကျဘူး။

တစ်ချို့လူတွေရှိတယ် အရမ်းအောင်မြင်တယ် ပစ္စည်းဥစ္စာတွေလဲ ရှိတယ်။ ဒါပေမဲ့ ပျော်ရွှင်မှု ပျောက်ဆုံးနေတဲ့လူတွေ လောကကြီးမှာ အများကြီးရှိတယ်။ မြင်ဖူးမှာပေါ့ အဲဒီတော့ အရေးကြီးတာက ဘာလဲ လောကကြီးကို ကျွန်တော်တို့ ဘယ်လိုအဓိပ္ပာယ်ဖွင့်လဲ တစ်ချို့လူတွေက မကောင်းတာတွေကိုပဲ အရာအားလုံး ကြည့်တယ်။ ကောင်းတာတွေ ဘာမှမကြည့်ဘူး။ အဲဒီတော့ ကောင်းတာတွေ ဘာမှမကြည့်တဲ့ အခါကျတော့ မြင်မြင်သမျှ စိတ်ဆင်းရဲစရာတွေပဲ မြင်တယ်။ ဆိုလိုတဲ့သဘောက ဖန်ခွက်တစ်ခုထဲမှာ ရေတစ်ဝက်ရှိတဲ့အခါမှာ ရှိတဲ့ရေကို မမြင်ဘဲနဲ့ မရှိတဲ့ရေကိုပဲ သွားမြင်တယ်။ တစ်ဝက်လျှော့နေတာကိုပဲ သွားမြင်တယ်။ ရှိတဲ့ရေကို မမြင်တဲ့အခါ အဆင်မပြေဘူး။

အဲဒီတော့ ဆိုလိုတဲ့သဘောက ရည်မှန်းချက်ရှိရမယ်။ အမှတ်တစ်ရာမှာ ငါးဆယ်ရတာ ကျေနပ်စရာမဟုတ်ဘူး။ တစ်ရာရအောင် လုပ်ရမယ်။ ဒါကမှန်တယ် ဒါပေမဲ့ တစ်ဖက်မှာကျတော့ ကိုယ့်မှာရှိနေပြီးသား အရာတွေအတွက် ကိုယ်ကကျေနပ်မှုမရှိဘူး။ ကျေးဇူးမတင်ဘူးဆိုရင် နောက်တစ်ဆင့်တက်ဖို့ လိုအပ်တဲ့ ခွန်အားတွေ ကောင်းမွန်တဲ့ သဘောထားတွေ ရှိမှာမဟုတ်ဘူး။ ပြီးရင် ပတ်ဝန်းကျင်ကရှိတဲ့ လူတွေကလဲ ဘယ်သူမှ တွဲလုပ်ချင်မှာ မဟုတ်ဘူး။

အဲဒီလိုလူမျိုးက Leader တစ်ယောက်လုပ်တယ်ဆိုရင် အရမ်းကို ပူလောင်လိမ့်မယ်။ ဒီလိုမျိုး ကျွန်တော်လည်း Drive မလုပ်ဘူးလို့ မဆိုလိုဘူး။ ကျွန်တော် Breakthrough Team ကလူတွေ ကျွန်တော် အင်မတန်တွန်းတဲ့ အခြေနေရှိတယ်။ နေရာတိုင်းမှာ လူကအမြဲတမ်းကြီး Drive လုပ်နေစရာမလိုဘူး။ အခြေနေနဲ့ အချိန်အခါကို ဦးဆောင်နေတဲ့လူ ဒီပေါ်မှာ ကျွန်တော်တို့က ခေါင်းဆောင်မှုကို ပြောင်းပြောင်းသွားရတာ အဲဒီမှာ ကျွန်တော်တိုက တွန်းတွန်းတိုက်တိုက် လိုတဲ့အချိန်ရှိသလို တင်းတိမ်ရောင်ရဲပြီးတော့ ကျေနပ်တဲ့ အခြေနေလေးတွေလဲ ရှိတယ်။

အဲဒီအခါကျတော့ ကိုယ်ရဲ့ပျော်ရွှင်မှုက ဘယ်သူနဲ့ဆိုင်လဲ ကိုယ်ကိုယ်တိုင်နဲ့ပဲ ဆိုင်တယ်။ အဲဒီတော့ ကိုယ်က အဖြစ်ပျက်တွေကို ကောင်းတဲ့ဖက်က ကြည့်တာများလား မကောင်းတဲ့ဖက်က ကြည့်တာများလား ဒါလေးကို ပြန်ပြီးသုံးသပ်ကြည့်ပါ။ ကိုယ်က ကောင်းတဲ့ဖက်က ကြည့်တာများရင် လူတွေက ကိုယ်နဲ့တွဲလုပ်ရတာပျော်မယ်။ လူချစ်လူခင်များတဲ့ ဦးဆောင်သူတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။

Naing Win Aung (MBA, ACC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

#naingwinaungceocoach
#naingwinaungexecutivecoach
#Leadership#Coaching#Transformation
#NLP#Breakthrough
#Breakthrough_Coaching_Myanmar
#Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial