သင်ကိုယ်တိုင်ရဲ့ လုပ်ငန်းဦးဆောင်မှု အမှားတွေကနေ သင်ယူသင့်တဲ့ အကြောင်းရင်း (၄) ခု

ဘဝမှာ သင်လိုချင်တဲ့ ရလဒ်တွေကို ရအောင်လုပ်ဖို့ ပြောင်းလဲပစ်ရမယ့် အရာ
August 17, 2020
ခေါင်းဆောင်တွေက စီးပွားရေးလုပ်ငန်းမှာ အရေးကြီးတဲ့ Objective တွေကို ချမပြထားရင် ဖြစ်လာမယ့် ဆိုးကျိုး (၄) ခု
August 19, 2020

သင်ကိုယ်တိုင်ရဲ့ လုပ်ငန်းဦးဆောင်မှု အမှားတွေကနေ သင်ယူသင့်တဲ့ အကြောင်းရင်း (၄) ခု

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

လုပ်ငန်းဦးဆောင်တဲ့ ဘယ်သူမဆို ခေါင်းဆောင်မှုပိုင်းမှာ မှားတာရှိနိုင်တယ်။ လုပ်ငန်းပိုင်းမှာ မှားတာရှိနိုင်တယ်။ ဘယ်လိုပဲပြောပြော အမှားတွေဆိုတာ မွေးကတည်းက ရှိလာကြတာ။ အမှားတွေကို လေ့လာသင်ယူမှုတွေ ပြန်စမ်းစစ်မှုတွေ လုပ်ရင်းနဲ့မှ ကျွန်တော်တို့ တိုးတက်လာကြတာဖြစ်တယ်။ အဲအခါကျတော့ မှားတာက ဘာမှမဖြစ်ဘူး။ အမှားတွေကနေ သင်ယူရမယ်။

(၁) အမှားတစ်ခုကို နှစ်ခါပြန်မှားတာက ဆုံးရှုံးမှု ပိုများတယ်။

လူတွေ အဓိကကြီးမားတဲ့ ဆုံးရှုံးမှုတွေဖြစ်ကျတာက အမှားကို ထပ်တလဲလဲ မှားနေတယ်ဆိုရင် အင်မတန် ဆုံးရှုံးမှုများတယ်လို့ ကျွန်တော့်အနေနဲ့ ထင်တယ်။ အမှားတစ်ခု မှားတယ်၊ အဲဒီအမှားကနေပြီးတော့ သင်ခန်းစာယူလိုက်တယ်ဆိုရင် နောက်ထပ် မမှားတော့ဘူး။ တစ်နည်းအားဖြင့်ပြောရရင် ဘဝဆိုတာ Game ကစားသလိုပဲ အမှားတစ်ခုကနေ သင်ခန်းစားမယူရင် တူညီတဲ့ အမှားတွေပဲ ထပ်တလဲလဲ လာနေပြီးတော့၊ အတွေးအခေါ်တွေ ပြောင်းလိုက်တယ်ဆိုရင် နောက်တစ်ဆင့် တက်သွားတယ်။ နောက်ထပ် အခက်အခဲကို ရင်ဆိုင်ရတယ်။ အမှားတစ်ခုကို ထပ်တလဲလဲ မှားနေရင် အများကြီး ဆုံးရှုံးနိုင်တယ်။

(၂) မှားလို့ ဆုံးရှုံးတာက တစ်မျိုး၊ အဲဒီအမှားကနေ မသင်ယူလိုက်တဲ့အတွက်ကြောင့် အသိပညာမရဘဲ မိအေးနှစ်ခါလိုမျိုး ဖြစ်နေနိုင်တယ်။

ဆိုလိုတာက လူတစ်ယောက်မှာ ဆုံးရှုံးမှုဖြစ်ပြီဆိုထဲက သူ့မှာ အချိန်တွေ၊ ငွေတွေ၊ ပတ်ဝန်းကျင်က အပြောအဆို ခံရတာတွေနဲ့ ဆုံးရှုံးနိုင်တယ်။ အမှိုက်ကနေ ရွှေဖြစ်သလိုပေါ့။ ဒီလိုမျိုး မကောင်းတဲ့ အဖြစ်အပျက်ကနေ သင်ခန်းစာ ရသွားမယ်ဆိုရင် ဆုံးရှုံးမှုက မဖြစ်တော့ဘဲ သင်ခန်းစာ မယူဘူးဆိုရင် အသိပညာပါ မရတော့ဘဲ ဖြစ်သွားလိမ့်မယ်။

(၃) သင်ယူမှုသာ မရှိရင် မတိုးတက်နိုင်ဘူး။

ကိုယ်လိုချင်တဲ့အရာကို အမှားအယွင်းတွေ၊ စမ်းလုပ်ကြည့်ရမှာတွေနဲ့ ပြည့်နေမှာ အဲဒီအခါမှာ ကျွန်တော်တို့က တစ်ခုစမ်းလုပ်ကြည့်လိုက်တယ်။ မှားသွားတယ်။ မှားတာကနေ မသင်ယူဘဲနဲ့ ဘယ်လိုမှ နောက်တစ်ဆင့် တိုးတက်မှုကို မရနိုင်ဘူး။ လမ်းမှားကြီးကို တောက်လျောက် ဆက်လိုက်နေရင် မှားယွင်းနေဦးမှာပဲ။

ရူးသွပ်တယ်ဆိုတာ အမှားတစ်ခုထဲကနေ မတူညီတဲ့ ရလဒ်တွေ လိုချင်နေတာဖြစ်တယ်လို့ အိုင်းစတိုင်းက ပြောဖူးတယ်။ ကိုယ်က တစ်ခုလုပ်ကြည့်တယ် အဆင်မပြေဘူးဆိုရင် နောက်တစ်မျိုး ပြောင်းလုပ်ကြည့်မှ ရမယ်။ ဒီလိုမျိုးလုပ်မှပဲ အဆင်ပြေမယ်။ ဒါပေမယ့် အဲဒီကနေ သင်ယူမှု မလုပ်ရင်လည်း ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ဘူး။

(၄) ခေါင်းဆောင်တွေ ကိုယ့်ဘဝမှာ အချိန်တွေ၊ ငွေတွေရင်းပြီး ရခဲ့တဲ့ သင်ခန်းစာတွေကို လူငယ်ခေါင်းဆောင်တွေကို သင်ပေးရမယ်။

ကိုယ်ကိုယ်တိုင်က လေ့လာသင်ယူမှုတွေ မလုပ်ဘူး။ ကိုယ့်အမှားတွေကနေ သင်ခန်းစာ မယူဘူးဆိုရင် သူတို့ကို ဘယ်လိုလုပ် သင်ပေးတော့မလဲ။

အဲဒီလိုမျိုးကို အသက်ကြီးပြီး အချိန်မစီးတဲ့ လူမျိုးလို့ခေါ်တယ်။ အရေးကြီးတာက အသက်ကြီးပြီး အချိန်စီးတဲ့လူ ဖြစ်လာဖို့ဆိုရင် ကိုယ့်ရဲ့ ကိုယ်ပိုင်အမှားတွေကနေ သင်ခန်းစာယူပြီး ငါဒါတွေကို နောက်မလုပ်တော့ဘူးလို့ သင်ခန်းစားယူပြီး ကိုယ့်လက်အောက်က လူငယ်တွေကို ကိုယ့်ရဲ့ လက်ထောက်ခေါင်းဆောင်၊ သား၊ သမီး၊ တူ၊ တူမ သူတို့တွေကိုလည်း ကိုယ်ရထားတဲ့ အသိတွေကို သင်ပေးဖို့ လိုတယ်။ အဲဒီလို သင်ပေးဖို့လည်း ကိုယ်က အမှားတွေကနေ သင်ခန်းစာယူထားရမယ်။ အဲဒီအတွက် ကိုယ့်ရဲ့အမှားကို သင်ခန်းစာယူပါ။ ကိုယ့်ရဲ့ နောက် Generation ကိုလည်း သင်ခန်းစာ ယူလို့ရအောင် သင်ပေးပါ။

Naing Win Aung (MBA, ACC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

#naingwinaungceocoach
#naingwinaungexecutivecoach
#Leadership#Coaching#Transformation
#NLP#Breakthrough
#Breakthrough_Coaching_Myanmar
#Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial