သင့်အနေနဲ့ နယ်ပယ်တစ်ခုမှာ ထွန်းထွန်းပေါက်ပေါက်ဖြစ်ဖို့ မဖြစ်မနေ နားလည်ရမယ့် အရာ (၁) ခု

ဦးဆောင်သူတွေမှာရှိနေတဲအားနည်းချက်တွေနဲ့ သူတို့ဘာတွေလုပ်နိုင်လည်းဆိုတဲ့ ရွေးချယ်နိုင်တဲ့ အချက် (၂) ချက်
June 30, 2020
လူတိုင်းလေးစားရတဲ့ ဦးဆောင်သူတွေမှာ ရှိတဲ့ အချက်(၁) ချက်
July 8, 2020

နယ်ပယ်တစ်ခုမှာ ထွန်းထွန်းပေါက်ပေါက်ဖြစ်ဖို့ ကျွန်တော်တို့အနေနဲ့ Coaching လုပ်တယ်ဆိုတာက လူကိုအဓိက ထားတယ်။ အဲဒီလူက Business Owner ဆိုလည်း Business မှာအောင်မြင်ရမယ်။ အကယ်၍သူက လုပ်ငန်းခွင်မှာ လုပ်နေတဲ့ မန်နေဂျာဆိုရင်လည်း သူလုပ်နေတဲ့ လုပ်ငန်းခွင်မှာ သူရည်မှန်းထားတဲ့အတိုင်း အဆင့်တစ်ဆင့်ကို ထွန်းထွန်းပေါက်ပေါက် လုပ်နိုင်တဲ့အခြေအနေ တစ်ခုဖြစ်မယ်။

ကျွန်တော်တို့ ယုံကြည်တာက Personal Growth လို့ခေါ်တဲ့ လူတစ်ယောက်က သူရဲ့အရည်အချင်းကို မြှင့်တင်ဖို့လိုတယ်။ ကိုယ်ရည်ကိုယ်သွေး မြှင့်တင်ဖို့ အရေးကြီးတယ်။

လုပ်ငန်းရှင်ဆိုရင်လည်း အရည်အချင်း ရှိသလောက်ပဲ သူ့လုပ်ငန်းက အောင်မြင်မယ်။ ကိုယ်က ကုမ္ပဏီမှာ ဝန်ထမ်းလုပ်မယ်ဆိုလည်း ကိုယ့်အနေနဲ့ အရည်အချင်း ရှိသလောက်ပဲ အပေါ်ကိုတက်နိုင်မယ်။ ဦးဆောင်သူတစ်ယောက် သူအရည်အချင်းရှိသလောက်ပဲ သူ့အဖွဲ့အစည်းက ဘယ်လောက် ဝေးဝေး သွားမလဲ သူ့အရည်အချင်းကပဲ ဆုံးဖြတ်တယ်။ အဲဒီအတွက် မဖြစ်မနေလုပ်ရမယ့် အရာက ကျွန်တော်တို့ရဲ့ အရည်အချင်းကို ကျွန်တော်တို့မြှင့်တင်ဖို့ လိုတယ်။

ကျွန်တော်ဆိုရင်လည်း ၂၀၁၅ မှာ Coaching Business ကိုစပြီးထောင်ဖို့ပြင်တယ်။ အဲဒီတုန်းကနေစပြီးတော့ ကျွန်တော် လေ့လာသင်ယူတာ တစ်ခါမှ မရပ်ဘူး။ ၂၀၀၇၊၂၀၀၈ လောက်ထဲက စခဲ့တဲ့ သင်ယူမှုက အခုချိန်ထိ ရပ်လို့မရဘူး။ လေ့လာသင်ယူမှု ဆိုတာကလည်း ဘယ်တော့မှ ရပ်လို့ရမှာ မဟုတ်ဘူး။ လေ့လာသင်ယူမှုဆိုတာ ရပ်လို့မရတာ အားလုံးသိတယ်။ ဘယ်အချိန်မှ ရပ်လို့ရမလဲဆိုတော့ သေမှ ရပ်လို့ရမယ်။

အရေးကြီးတာ ကျွန်တော်တို့ ဘယ်အပိုင်းမှာ လေ့လာသင်ယူမလဲ။ နဂိုထဲက အားသန်ပြီးသား နေရာမှာ လေ့လာသင်ယူမှာလား ကိုယ်အားနည်းနေတဲ့ နေရာမှာ လေ့လာသင်ယူမှာလား။ လူတစ်ယောက်မှာ အားနည်းချက်တွေ အရမ်းရှိနေရင်တော့ မကောင်းဘူး။ လိုအပ်တဲ့ အရည်အချင်း တွေရှိရင်လေ့လာ လေ့လာပြီးရင် အဲဒီအရည်အချင်းမှာ လိုအပ်တဲ့ဟာတွေကိုဖြည့်ရမယ်။ အဲဒီအခါမှာ အားနည်းချက်တွေကတော့ အတိုင်းအတာ တစ်ခုအထိ မြှင့်တင်ရမှာ သေချာတယ်။

ကျွန်တော်တို့ကို လူတွေက သိလာပြီးတော့ ဘယ်သူပါဆိုပြီး ပြောလာတဲ့အဆင့်၊ ပေါက်တဲ့ အဆင့်တစ်ဆင့် ဖြစ်ချင်တယ်ဆိုရင် ကျွန်တော်တို့က ကိုယ်အားသန်တဲ့ နယ်ပယ်တစ်ခုခုမှာ ထူးချွန်မှရမယ်။ မကျွမ်းကျင်တဲ့ နေရာမှာရှိတဲ့ ကိုယ့်ရဲ့အရည်အချင်းကို သွားပြီးမြှင့်နေမယ်ဆိုရင် ကျွန်တော်တို့ဘယ်လောက်ပဲ မြှင့်တင်သည် ဖြစ်ပါစေ ကျွန်တော်တို့အနေနဲ့ သာမန်အဆင့်ကနေ တက်မှာမဟုတ်ဘူး။

တစ်ချို့အရည်အချင်းလေးတွေက သိပ်ညံ့နေတော့လည်း နည်းနည်းလေး မြှင့်ဖို့လိုတယ်။ ဒါကို ကျွန်တော် မငြင်းဘူး။ ဒါပေမယ့် အဲဒီ သာမန်အဆင့်လောက်ပဲရှိတဲ့ အရည်အချင်းနဲ့ ထိုးဖောက်ပြီး လူတွေက ကျွန်တော်တို့ကို လက်ခံအောင် လုပ်ဖို့ဆိုတာ အင်မတန်ခက်တယ်။

ကိုယ်ဝါသနာပါပြီးသား အားသန်ပြီးသား လိုင်းတစ်လိုင်းမှာ ကိုယ့်အနေနဲ့ ထွန်းထွန်းပေါက်ပေါက် ဖြစ်အောင် လုပ်ရမယ်။ လူတွေက ဒီလူကိုကြည့်လိုက်တာနဲ့ ဒါပဲ ဒီလူကိုကြည့်လိုက်တာနဲ့ ဒီလူက ဒါနဲ့ပက်သက်ပြီး ဆရာကျတဲ့သူ ဒီလိုမျိုး ဖြစ်ရမယ်။ကျွန်တော်ဆိုရင် လူတွေကို ဦးဆောင်တဲ့အပိုင်းမှာ တောက်လျောက် ဝန်ထမ်းတွေ ထောင်နဲ့ချီပြီးကိုလည်း ဦးဆောင်ခဲ့တယ်။ လူတွေကိုလည်း တိုးတက်ရာ တိုးတက်ကြောင်း လုပ်ပေးတယ်။ ကျွန်တော်က ဒီအပိုင်းမှာ အားသန်တယ်။

အကယ်၍ Business နဲ့ပတ်သက်တာဆိုရင် Finical Management လိုဟာမျိုး Marketing လိုဟာမျိုးတွေကို စနစ်တကျနဲ့ သူများကိုသင်ဆိုရင် ကျွန်တော်သင်တတ်မှာ မဟုတ်ဘူး။ Marketing ဆို ပိုပြီးဆိုးတယ်။ Marketing ကကိုယ်က အထိုက်အလျောက်တော့ နားလည်တယ်။

ဘယ်နေရာမှာ အဓိက ကောင်းလည်းဆိုတော့ လူတွေကို သူတို့ရဲ့အရည်အချင်းတွေ တက်လာအောင် သူတို့ရဲ့ အတွေးအခေါ်တွေ တက်လာအောင် ကိုယ့်အဖွဲ့အစည်းမှာ ဦးဆောင်သူတွေကို မြှင့်တင်ပေးရမှာ ဒီလိုမျိုး အပိုင်းတွေမှာ ကိုယ့်အနေနဲ့ အားသန်တယ်။ အဲဒီအခါမှာ ဒီလိုမျိုး အပိုင်းတွေမှာ အားသန်တဲ့အတွက် ကျွန်တော် Professional Service လုပ်တဲ့အခါမှာ အဆင်ပြေတယ်။ ကိုယ်က လိုင်းတစ်လိုင်းကိုဖိပြီး ထူးထူးချွန်ချွန် ထွန်းထွန်းပေါက်ပေါက် ဖြစ်အောင် လုပ်မယ်ဆိုရင် အဲဒီလိုင်းက ကိုယ်အားသန်တဲ့ လိုင်းဖြစ်ရမယ်။ ကျန်တဲ့ အရည်အချင်းတွေကတော့ ကိုယ်အားရင် အားသလိုဖြည့်ပါ။

ဒါပေမယ့် တစ်လိုင်းနဲ့ ပတ်သက်လာရင်တော့ လုံးဝ ဆရာကျနေရမယ်။ ဒီလိုဖြစ်အောင် လုပ်မယ်ဆိုရင် လူတွေက ကိုယ့်ကိုယ် မှတ်မှတ်ရရဖြစ်နေလိမ့်မယ်။ အဲဒီကိစ္စနဲ့ပတ်သက်ရင် ကိုယ့်ဆီလာချင်လိမ့်မယ်။ ကိုယ့်အတွက် စိတ်ဆန္ဒပြင်းပြမှု ရှိနေပြီး ကိုယ်နဂိုထဲက အားသန်တဲ့နေရာကို ရှာပါ။ တစ်စိုက်မတ်မတ် တိုးတက်အောင်လုပ်ပါ။ အချိန်အတိုင်းအတာ တစ်ခုရောက်ရင် လူတွေက ကိုယ့်ကိုယ် အဲဒီအပိုင်းနဲ့ ပက်သက်ပြီး အသိအမှတ် ပြုလာပါလိမ့်မယ်။

Naing Win Aung (MBA, UK)

Business & Executive Coach

Leadership Development Facilitator

Myanmar 1st NLP Master Trainer

#naingwinaungexecutivecoach

#Leadership #Coaching

#Transformation

#NLP #Breakthrough

#Breakthrough_Coaching_Myanmar

#Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial