သင့်ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်ကို အကဲဖြတ်တော့မယ်ဆိုရင် သင်သိထားသင့်တဲ့ အချက် (၅) ချက်

စီးပွားရေးလုပ်ငန်းကို ဦးဆောင်တဲ့အခါမှာ အဓိကကျတဲ့ Function (၄) ခု
September 9, 2020
စီးပွားရေးလုပ်ငန်းရှင်တွေ ဦးဆောင်သူတွေ အဓိက ထားသင့်တဲ့ အချက် အချက် (၃) ချက်
September 11, 2020

ဒီနေ့မှာတော့ စီးပွားရေးလုပ်ငန်းရှင်တွေ သင့်ရဲ့ Team Member တွေရဲ့ အရည်အချင်းကို အကဲဖြတ်တဲ့အခါမှာ သတိထားသင့်တဲ့ အချက်တွေကို မျှဝေသွားမှာဖြစ်ပါတယ်။ သင့်မှာ Team Member တွေသာ မရှိရင် သင့်ကိုယ်သင် Leader လို့လည်း ပြောလို့မရဘူး။ သူတို့နဲ့ အတူတကွ ပူးပေါင်းလုပ်ဆောင်ရမှာ ဖြစ်တယ်။
အဲဒီလိုပဲ တစ်ယောက်ချင်းစီတိုင်းမှာ အရည်အချင်းတွေရှိတယ်။ ဦးဆောင်သူကောင်းဖြစ်ဖို့ဆိုရင် နောက်လိုက်ကောင်းတွေ ရှိဖို့အရေးကြီးတယ်။ အဲဒီလိုပဲ သူတို့ရဲ့ အရည်အချင်းတွေကို ကျွန်တော်တို့ အကဲဖြတ်ရမယ်။ လိုအပ်ရင် တိုးတက်လာအောင် လုပ်ပေးရမယ်။ အဲဒီလိုမျိုးအကြဲဖတ်တဲ့အခါမှာ သင့်ကိုယ်သင် မေးဖို့လိုတဲ့ အရာလေးတွေရှိတယ်။
(၁) သင်သူတို့ကို တာဝန်တိတိကျကျ သတ်မှတ်ပေးထားရဲ့လား။
ဝန်ထမ်းတစ်ယောက်ကို အရည်အချင်း အကဲဖြတ်တော့မယ်ဆိုရင် သူတို့ကို တာဝန်တိတိကျကျ ခွဲထားပေးရဲ့လား အရင်ဆုံးသိဖို့လိုတယ်။ ကိုယ်လိုချင်တဲ့ Result ကို တိတိကျကျ မပြောထားဘဲ ဒီဝန်ထမ်းတစ်ယောက် တာဝန်မကျေဘူးလို့ပြောလို့မရဘူး။ သူ့ကိုမပြောထားတဲ့ အခါကျတော့ သူအဆင်ပြေသလို လုပ်နေမှာဖြစ်တယ်။ အဲဒါမျိုးက Leader တစ်ယောက်အနေနဲ့ တိတိကျကျ တာဝန်ခွဲဝေပေးထားဖို့ လိုတယ်။
(၂) သင် သူတို့ရဲ့ တာဝန်ကို ဘယ်လိုလုပ်ရမလဲဆိုတဲ့ SOP တွေသတ်မှတ်ပေးထားရဲ့လား။
သူတို့ကိုပေးထားတဲ့ အလုပ်တာဝန်အတွက် ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းတွေကို ပြောပြထားရဲ့လား။ ကိုယ်လိုချင်တဲ့ Result တပုံစံထဲ ရဖို့ဆိုရင် စံသတ်မှတ်ချက်တွေ ရှိဖို့လိုတယ်။ အဲဒီစံသတ်မှတ်ချက်တွေကို သူတို့သိအောင် လုပ်ပေးထားဖို့လိုတယ်။ သူတို့သိအောင် မလုပ်ဘဲနဲ့ ဒီ Result ရအောင် လုပ်ပါဆိုရင် သူတို့က ထင်သလို လုပ်နိုင်တယ်။ အဲဒီအခါ ကိုယ်ထင်တာနဲ့ လွဲနေနိုင်တယ်။ အဲဒီအတွက်ကြောင့် အထိအခိုက် မခံနိုင်တဲ့ နေရာလေးတွေမှာဆိုရင် ဘယ်လိုလုပ်ရမလည်းဆိုတာကို သေချာသတ်မှတ်ပေးထားရင် အများကြီး အဆင်ပြေတယ်။
(၃) သင် သူတို့ကို သေသေချာချာ သင်ပြထားပေးပြီးပြီလား။
SOP တွေ သတ်မှတ်ပြီးသွားပြီဆိုရင် သူတို့ကို လက်တွေ့အသုံးချဖို့ သေသေချာချာ သင်ပေးပြီးပြီလား။ သေချာမသင်ပေးထားရင် လူတစ်ယောက်က အဓိပ္ပာယ်တစ်မျိုး ပြန်နိုင်တဲ့အတွက်ကြောင့် ဒါက ဒီလိုလုပ်ရတယ်ဆိုပြီး Demonstration တွေဘာတွေ လုပ်ပြရမယ်။ စာဖတ်တိုင်း တက်တာမဟုတ်တဲ့အတွက်ကြောင့် သင်ပေးဖို့လိုတယ်။
(၄) စွမ်းဆောင်မှု စံနှုန်းတွေကို သေချာနားလည်အောင် ပြောပြထားရဲ့လား။
တာဝန်တွေလည်း ပြောပြထားတယ် လုပ်ရမယ့် နည်းလမ်းကိုလည်း ပြောပြထားတယ်။ ရှင်းပြထားတယ်။ လုပ်လည်းလုပ်ပြပြီးသွားပြီဆိုရင် အရေးကြီးတာကဘာ လိုချင်တာကဘာ လက်ခံနိုင်တဲ့ Result ကဘာ လက်မခံနိုင်တဲ့ Result ကဘာ ဆိုတာတွေကို သေချာရှင်းပြထားရဲ့လား။ သူတို့ကိုယ်တိုင်ကရော နားလည် သဘောပေါက်ရဲ့လား ဆိုတာကို ကိုယ့်ကိုယ်ကိုယ် သေချာပြန်မေးဖို့လိုလိုတယ်။
(၅) သင့်ဝန်ထမ်းတွေရဲ့ လုပ်ဆောင် ချက်တွေကို သေချာလေ့လာထားရဲ့လား။
ဆိုလိုတာက ပြောထားတဲ့ အချက်တွေကို လုပ်ပြီးသွားပေမယ့် အပေါ်ယံလေး မကြည့်ဘဲ သူတို့ဘယ်လိုလုပ်နေလဲ အဆင်ပြေရဲ့လား။ သူတို့ဘယ်လောက် စေတနာထားလဲ။ သူတို့လုပ်နေတဲ့ဟာတွေက ဘယ်နေရာတွေမှာ ကောင်းပြီး ဘယ်နေရာတွေမှာ မကောင်းဘူးဆိုတာတွေကို သေချာကြည့်ပြီးမှ Feedback ပေးမယ်ဆိုရင် သူတို့အနေနဲ့ အများကြီး လက်ခံလာနိုင်မယ်လို့ ယုံကြည်ပါတယ်။


Naing Win Aung (MBA, ACC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

naingwinaungceocoach

naingwinaungexecutivecoach

Leadership #Coaching #Transformation

NLP #Breakthrough

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial