သင့်လုပ်ငန်း တိုးတက်ဖို့အတွက် သင့်ကိုယ်သင် အမြဲတမ်းမေးနေသင့်တဲ့ မေးခွန်း (၁) ခု

လုပ်ငန်းတစ်ခုရဲ့ အောင်မြင်မှုကို တားထားတတ်တဲ့ အရာ (၂) ခု
November 10, 2020
သင့်လုပ်ငန်း အိပ်မက်တွေအတွက် အားဖြစ်စေမယ့် အဆိုအမိန့် (၁) ခု
November 18, 2020

ဒီမေးခွန်းက ”Tony Robbins” ရဲ့ ”Business Mastery” ဆိုတဲ့ သင်တန်းကို ကျွန်တော် တက်တဲ့အချိန်မှာ သူက ဒီမေးခွန်းကိုပဲ အကြိမ်ကြိမ် Highlight လုပ်ပြီး မေးခဲ့တာဖြစ်ပါတယ်။

ဒီမေးခွန်းကတော့ “What Business are you really in?” ဖြစ်ပါတယ်။ ကိုယ်က ဘယ်လိုလုပ်ငန်းကို အမှန်တကယ် လုပ်နေတာလဲ။ ဘယ်လို လုပ်ငန်းမှာ အမှန်တကယ် ရောက်နေတာလဲ ဖြစ်ပါတယ်။

ဆိုလိုတဲ့သဘောက ကျွန်တော်တို့က စားသောက်ဆိုင် ဖွင့်တယ် ဆိုပါစို့။ ကိုယ်က မုန့်ဟင်းခါး ရောင်းတယ်ဆိုရင် မုန့်ဟင်းခါး ရောင်းတယ်လို့ပဲ ကိုယ့်ရဲ့ ခေါင်းထဲမှာ ဝင်ရင် ဝင်နေပါမယ်။ ဒါပေမယ့် ကိုယ်က တကယ် ဘာကို လုပ်နေတာလဲ။ ဒါမှမဟုတ် ကိုယ်က Fashion အင်္ကျီတွေ ရောင်းတယ် ဆိုပါစို့။ ကိုယ် တကယ်ရောင်းတာ ဘာကို ရောင်းနေတာလဲ။ ဒါမှမဟုတ် ကျွန်တော်တို့လို သင်တန်းကျောင်းတွေကို ဖွင့်ထားတယ်။ ကျွန်တော်ဆိုရင် Leadership သင်တန်းကျောင်းကို ဖွင့်ထားတယ်။ အဲဒီတော့ ”ခင်ဗျား ဘာလုပ်တာလဲ” ဆိုရင် ”ကျွန်တော်က ခေါင်းဆောင်မှု သင်တန်းတွေကို ဖွင့်ထားတယ်” လို့ ဖြေတာမျိုး ဖြစ်ရင် ဖြစ်မယ်။ ဒါပေမယ့် အဲဒါဟာ ကိုယ် တကယ်လုပ်တဲ့ အလုပ် ဟုတ်ရဲ့လား။

ဥပမာ စားသောက်ဆိုင် လုပ်ငန်းဆိုရင် ကျွန်တော်တို့ ဘာလုပ်တာလဲ ဆိုတဲ့အခါ လူတွေကို ဗိုက်ပြည့်စေတဲ့ အလုပ်မျိုးတွေ၊ တစ်ခုခုစားလိုက်ရင် ဗိုက်ပြည့်သွားတာမျိုးပါ။ အဲဒီတော့ ဗိုက်ပြည့်စေတဲ့ အလုပ် ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ မမေ့ဖို့ လိုအပ်ပါတယ်။ အစားအစာရောင်းတဲ့ အလုပ်ဆိုတာ လူတွေကို ကျန်းမာရေးနဲ့ ညီညွတ်စေမယ့်၊ အရသာကောင်းတဲ့ အစားအစာတွေကို စားပြီးတော့ သူတို့ကို စိတ်ချမ်းသာမှုနဲ့ ပျော်ရွှင်မှုတွေ ရရှိစေတာမျိုး ဖြစ်နိုင်ပါတယ်။

တချို့ လုပ်ငန်းတွေဆိုရင် လူတွေက အဲဒီဆိုင်ကို သွားထိုင်တယ်ဆိုတာ နေရာထိုင်ခင်း ကောင်းလို့၊ စကားပြောလို့ ကောင်းလို့ သွားထိုင်တာ ဖြစ်နိုင်တယ်။ Starbuck တို့မှာဆိုရင် ရုံးချိန်ပြင်ပမှာ အစည်းအဝေးထိုင်လို့ရတဲ့ နေရာပုံစံမျိုးလို့ လူတွေက သတ်မှတ်ပြီး သွားကြတာမျိုး ဖြစ်နေပါတယ်။ အဲဒီတော့ ကိုယ့်ဆီကို လူတွေက လာပြီး ဝယ်ကြတာက ဘာကြောင့် ဒီလိုလာပြီး ဝယ်ကြတာလဲ၊ ကိုယ်အဓိက လူတွေကို ဘာလုပ်ပေးတဲ့ ဝန်ဆောင်မှု လုပ်ပေးနေတာလဲ၊ ဘာလုပ်ပေးတဲ့ လုပ်ငန်းကို လုပ်နေတာလဲ ဆိုတာတွေကို သေချာ နားလည်ဖို့ လိုပါတယ်။ ခုနကပြောတဲ့ Fashion တွေဆိုရင် လူတွေကို သူတို့ရဲ့ ယုံကြည်မှုတွေကို မြင့်တက်စေတဲ့ လုပ်ငန်းမျိုးလည်း ဖြစ်နိုင်ပါတယ်။

ကျွန်တော်တို့ သင်တန်းဆိုရင် ခေါင်းဆောင်မှု သင်တန်းဆိုတာထက် လူတွေကို မျှော်လင့်ချက်တွေ ရှိလာစေတာမျိုး၊ လူတွေကို သူတို့ ဘာလုပ်ရမလဲ ဆိုတာ ရှင်းလင်းသွားစေတာမျိုး၊ လူတွေကို သူတို့ရဲ့ အားသာချက်နဲ့ အားနည်းချက်တွေကို သူတို့ဘာသာသူတို့ ပြန်ပြီး သိစေတာမျိုးနဲ့ သူတို့ လက်ရှိလုပ်နေတဲ့ လုပ်ငန်းတွေမှာ ရလဒ်ကောင်းတွေ ထွက်စေပြီးတော့ သူတို့ကိုယ်သူတို့ ဂုဏ်ယူနိုင်တဲ့ ဘဝကို ရရှိစေတဲ့အခြေအနေမျိုးတွေ ဖြစ်လာအောင် ဖြစ်ပါတယ်။ ပြီးရင် Coaching ကတော့ လုပ်ငန်းရှင်တွေကို သူတို့ လက်ရှိလုပ်နေတဲ့ လုပ်ငန်းမှာ အရောင်းတွေနဲ့ အမြတ်တွေကို ဆနဲ့ချီ ပိုမိုတိုးတက်လာစေဖို့ ဒါမှမဟုတ် လုပ်ငန်းမှာ ပိုပြီး စနစ်ကျလာမယ်၊ သူ့ရဲ့ ဝန်ထမ်းတွေလည်း ပိုတိုးတက်လာပြီး လုပ်ငန်းမှာ သူမပါရင်တောင် အတိုင်းအတာ တစ်ခုဖြစ်ဖြစ် လုံးဝဖြစ်ဖြစ် လည်ပတ်လို့ ရတဲ့ အခြေအနေမျိုးကို ဦးတည်သွားပြီး လုပ်ငန်းရှင်က လွတ်မြောက်မှုကို ခံစားလို့ ရလာတဲ့ အခြေအနေမျိုးအထိ ဖြစ်နိုင်ပါတယ်။ လုပ်ငန်းခွင်မှာ ပိတ်မိနေတာထက်စာရင် အလုပ်ကို သူသွားလည်းရတယ်။ မသွားရင်လည်း သူ့ရဲ့အလုပ်က လည်ပတ်နေမှာပဲ ဆိုတဲ့ ယုံကြည်မှုမျိုးနဲ့ လွတ်လပ်မှုမျိုးတွေကို ပြန်ပြီး ရရှိလာစေဖို့ ကူညီပေးတဲ့ အလုပ်မျိုးဖြစ်ပါတယ်။

ဒါကြောင့် မိတ်ဆွေတို့အနေနဲ့ ကိုယ်က ဘယ်လို လူတွေကို ဘယ်လိုမျိုး ဖြစ်လာအောင် လုပ်ပေးတဲ့ လုပ်ငန်းမျိုးမှာ လုပ်နေတာလဲ။ ဒါကို ကိုယ့်ကိုယ်တိုင် ပြန်ပြီး ရှင်းလင်းအောင် လုပ်ကြည့်ပါ။ လက်ရှိလုပ်နေတာထက် ပိုပြီး ကောင်းအောင် ကျွန်တော်တို့အနေနဲ့ ဘာလုပ်နိုင်မှာလဲ ဆိုတာကိုလည်း ဆက်ပြီးတော့ စဉ်းစားပေးကြပါ။ ဒါဆိုရင် ကိုယ့်လုပ်ငန်းကို ဦးဆောင်တဲ့နေရာမှာ အများကြီး အကျိုးရှိလိမ့်လို့ ကျွန်တော့်အနေနဲ့ မျှော်လင့်မိပါတယ်။

Naing Win Aung (MBA, PCC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

naingwinaungceocoach

naingwinaungexecutivecoach

Leadership #Coaching #Transformation

NLP #Breakthrough

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial