သင့်လုပ်ငန်းအလားအလာကို မြှင့်တင်ဖို့အတွက် အဓိကကျတဲ့ သော့ချက် (၅) ခု

သင့်အဖွဲ့အစည်းထဲမှာ ကိုယ့်စည်းကမ်း ကိုယ်ထိန်းတတ်တဲ့ ဝန်ထမ်းတွေ များလာအောင် သင်လုပ်နိုင်တဲ့ အကြံပြုချက် (၅) ချက်
October 21, 2020
ဝင်ငွေနဲ့ သင့်အရည်အချင်း ချိတ်ဆက်မှုနဲ့ပတ်သက်ပြီး သိသင့်တဲ့ အချက် (၃) ချက်
October 28, 2020

စီးပွားရေးလုပ်ငန်းရှင်အားလုံး ကိုယ့်ရဲ့လုပ်ငန်းကို ဦးဆောင်ပြီဆိုကတည်းက နောက်တစ်ဆင့်တင်မကဘူး၊ ပိုပြီးတော့ အောင်မြင်ချင်တယ်။ အောင်မြင်နိုင်တဲ့ အလားအလာအားလုံးကို လုပ်ချင်ကြမှာပဲ။ အဲဒါက မှန်လားဆိုတော့ မှန်တယ်။ ဒါပေမဲ့ အဲဒီလို လုပ်တဲ့နေရာမှာ ကျွန်တော်တို့မှာ ရှိရမယ့် ခံယူချက်တွေ၊ လုပ်သင့်တဲ့အရာတွေ အဲဒါတွေကို သိပြီးလုပ်မယ်ဆိုရင် ပိုပြီးတော့ မြန်မြန်ဆန်ဆန် သွားလို့ရမယ်။ ပိုပြီးတော့ လွယ်လွယ်ကူကူ သွားလို့ရမယ်။ ပိုပြီးတော့ ထိထိရောက်ရောက် သွားလို့ရလာလိမ့်မယ်။

(၁) မိမိလုပ်ငန်းမှာ တိုးတက်စရာ အများကြီးကျန်သေးတယ်လို့ ယုံကြည်ပါ။

ကျွန်တော်တို့ Business Coaching လုပ်တယ်ဆိုတာ Multi-national တွေကို သွားလုပ်နေတာ မဟုတ်ဘူး။ အများသောအားဖြင့် ကျွန်တော်တို့ Business Coaching လုပ်ပေးနေတာက Small Business တွေ့ရဲ့ CEO တွေ သူတို့တွေကို လုပ်ပေးတာများတယ်။ အဲဒီတော့ ကျွန်တော်လေ့လာကြည့်ရသလောက် ဒီလိုမျိုး Business တွေက တိုးတက်စရာ ကျန်သေးတယ်။ ကျွန်တော်တို့နိုင်ငံက အခုမှ ဖွံ့ဖြိုးတိုးတက်မူကို တရွတ်တိုက် အသားကုန်လုပ်နေကြတာ။ အဲဒီအခါကျတော့ အခြားနိုင်ငံမှာ လုပ်ထားပြီးတော့ ကျွန်တော်တို့နိုင်ငံမှာ မလုပ်ရသေးတဲ့ဟာတွေ အများကြီးရှိသေးတယ်။

ကျွန်တော်တို့လုပ်ငန်းတွေမှာ စနစ်ကျဖို့ လိုနေသေးတာတွေ၊ တိုးတက်ဖို့ လိုနေသေးတာတွေ အဲဒါတွေကို တကယ်ဖြစ်အောင် လုပ်ဖို့ဆိုရင် သင့်ရဲ့လုပ်ငန်းက တိုးတက်စရာ အများကြီးကျန်နေသေးတယ်ဆိုတဲ့ ယုံကြည်မူရှိဖို့လိုတယ်။

မဟုတ်ရင် ငါ့လုပ်ငန်းက ဆက်ပြီးတိုးတက်စရာ မရှိတော့ဘူး။ ကုန်သွားပြီလို့ ယူဆရင် ဒီတိုင်းရပ်နေပြီ။ ရပ်နေပြီဆိုရင် အရာအားလုံးပြန်ကျပြီ။ ဥပမာနှစ်ခု – တစ်ခုက Growth ၊ တစ်ခုက Die ဖြစ်တယ်။

Growth ဆိုတာက ဆက်ပြီးဖွံဖြိုးတိုးတတ်တာ။ Die ဆိုတာက သေဆုံးတာ။ သေဆုံးတာဆိုတာက ချက်ချင်းမဟုတ်ရင်တောင် ဖြည်းဖြည်းချင်း ကျနေတာ၊ အဲဒီတော့ တိုးတက်စရာ အများကြီးရှိနေသေးတယ်၊ တိုးတက်စရာ ရှိနေသေးတယ်လို့ ယုံကြည်မူရှိဖို့လိုတယ်။ အကယ်၍ လုပ်ငန်းအနည်းငယ် တိုးတက်လို့ မရတော့ရင်တောင် Product ပြောင်းတာတို့ Target Market အနည်းငယ်ပြောင်းတာတို့ ဒါမျိုးတွေလည်း ဖြစ်နိုင်တယ်။ ဒီလိုဆိုရင်တော့ အလားအလာရှိတဲ့အတွက် ကျွန်တော်တို့ လုပ်ကိုင်ခွင့် ရနေသေးတယ်။

(၂) လုပ်နေကျအရာတွေကိုပဲ လုပ်နေကျအတိုင်းပဲ လုပ်မယ်ဆိုတဲ့စိတ်ကို စွန့်လွှတ်လိုက်ပါ။

ကျွန်တော်တို့ ကမ္ဘာကြီးက ပြောင်းလဲနေတယ်။ ဈေးကွက်တွေကလည်း ပြောင်းလဲနေတယ်။ ပတ်ဝန်းကျင်ကလည်း ပြောင်းလဲနေတယ်။ အရင်ပုံစံလေးအတိုင်းလုပ်ပြီး ဆက်ပြီးထိန်းထားနိုင်တယ်လို့ ယုံကြည်တာ လက်တွေ့ကျတယ်လို့ ကျွန်တော်အနေနဲ့ မမြင်ဘူး။ ကျွန်တော်အနေနဲ့ ပိုပြီးတော့ကောင်းအောင် တိုးတက်အောင် လုပ်နေကြတာပဲ။ Customer တွေကလည်း ပိုပြီးကောင်းတဲ့ဟာကို လိုချင်ကြတယ်။ အဲဒီအခါကျတော့ ကျွန်တော်တို့က အရင်အတိုင်း လုပ်နေမယ့်အစား ငါတို့ ဘာတွေပြောင်းလဲရမလဲ၊ ဈေးကွက်က လိုအပ်ချက်အသစ်က ဘာတွေလဲ၊ Customer တွေ ထပ်ပြီလိုချင်နေကြတဲ့ အရာတွေက ဘာတွေလဲ။

သူတို့ အရင်တုန်းကနဲ့ မတူဘူး။ ထပ်ပြီးတော့ လိုအပ်ချက်အသစ်တွေကို စဉ်းစားဖို့ဆိုရင် ပြောင်းလဲချင်စိတ် ရှိဖို့လိုတယ်။ ပြောင်းလဲချင်စိတ် မရှိဘူး၊ အရင်အတိုင်းပဲ ဒီလူတွေနဲ့ လုပ်နေကျပုံစံလေးအတိုင်းဆိုရင် ဒီ Result တွေပဲ ရမယ်။ Comfort Zone လို့ခေါ်တယ်။ ကျွန်တော်တို့ Comfort Zone ထဲက ထွက်လို့ရတယ်။ အရင်တုန်းက မကြိုးစားဖူးတာတွေကို စပြီးကြိုးစားလို့ရတယ်။ အရင်တုန်းက မတွေ့ဖူးတဲ့လူတွေ တွေ့လို့ရတယ်။ မလုပ်ဖူးတဲ့အရာတွေ စလုပ်လို့ရအောင် စဉ်းစားလို့ရမယ်။ ဒါမျိုးစဉ်းစားလို့ရရင် အလားလာက ပိုပြီးတော့ပွင့်လာမယ်။

(၃) လက်ရှိလုပ်နေတဲ့အရာတွေကို ပိုပြီးတော့ကောင်းအောင် ဘယ်လိုလုပ်နိုင်လဲဆိုတာကို စဉ်းစားပါ။

ဒါတွေကိုပဲ ဒီအချိန်မှာ မလုပ်တော့ဘူဆိုရင် ပြောင်းလဲချင်ရင် စဉ်းစားပါ။ ဘယ်ကနေစမလဲ။ လက်ရှိလုပ်နေတဲ့ အလုပ်ကနေ စမယ်။ လက်ရှိလုပ်နေတဲ့ နေရာတွေမှာ ငါ့တို့အကောင်းဆုံး လုပ်ဖို့ကျန်နေသေးတဲ့ အပိုင်းတွေ ဘယ်နေရာတွေ ကျန်နေသေးလဲ။ လုပ်ငန်းစဉ်တွေ System တွေ Customer Service တွေ ဘယ်နေရာတွေ ရှိမလဲ။ ဒါတွေ ကျွန်တော်တို့ လိုက်စဉ်းစားကြည့်လို့ ရတယ်။

သင်ဘယ်နေရာတွေမှာ တိုးတက်အောင် လုပ်လို့ရဦးမလဲ၊ ဘယ် Product ကို ပိုကောင်းအောင် လုပ်လို့ရမလဲ၊ ဘယ် Service ကို ပိုပြီးကောင်းအောင် လုပ်လို့ရမလဲ။ ဒါလေးတွေလိုက်ပြီး စဉ်းစားရင် အနာဂတ်အလားအလာ ပွင့်လာမယ်။ ပိုပြီးတော့ တိုးတက်ချင်ရင် လက်ရှိလုပ်နေတဲ့ လုပ်ပုံကိုင်ပုံ မပြောင်းဘဲနဲ့တော့ တိုးတက်မှုဆိုတာ စိတ်ကူးယဉ်တာပဲ ရှိမှာပဲ။ အဲဒီအခါကျတော့ တိုးတက်ချင်တယ်ဆိုရင် ငါတို့ပြောင်းလဲရမယ်။ အရင်တုန်းကအတိုင်း သွားနေတာမဟုတ်ဘဲနဲ့ ဘာတွေ ပြောင်းလဲကြရင်ကောင်းမလည်း ကျွန်တော်တို့ စဉ်းစားတာကောင်းတယ်။

(၄) မလုပ်ရသေးတဲ့ အသစ်တွေ ငါတို့ ဘာတွေ လုပ်နိုင်မလဲဆိုတာကို ရှာဖွေပါ။

အဲဒါကို မလုပ်ရသေးတဲ့အတွက်ကြောင့် မလုပ်နိုင်ဘူးလို့ မဆိုလိုသလို မလုပ်သင့်ဘူးလို့လည်း မဆိုလိုဘူး။ ကိုယ့်ရဲ့ Leadership Team အဖွဲ့သားတွေနဲ့ ထိုင်ပြီးဆွေးနွေးပြီးသွားရင် ငါတို့မလုပ်ရသေးတဲ့ အသစ်တွေ လုပ်စရာကျန်နေသေးတဲ့ အသစ်တွေဘာတွေရှိလဲ။ ဥပမာ Competitor တွေ ဘာတွေလုပ်ကြလဲ၊ သူတို့ဆီက ငါတို့ဘာတွေ နမူနာယူစရာရှိလဲ၊ ငါတို့လုပ်မယ်လုပ်မယ်ပြောပြီး မလုပ်ဖြစ်သေးတဲ့ Idea တွေ ဘာတွေရှိသေးလဲ၊ ငါတို့နည်းနည်းလေး လေ့လာသင်ယူပြီး လုပ်မယ်ဆို လုပ်လို့ရတဲ့ မဟာဗျူဟာအသစ်တွေ ဘာတွေရှိလာနိုင်လဲ ဒါတွေ စဉ်းစားပြီးတော့ Brainstorming လုပ်ရမယ်။

(၅) သင်မသိသေးတဲ့အရာတွေကို သိအောင်လေ့လာသင်ယူပါ။

သင်က သိလည်းမသိဘူး။ လေ့လာသင်ယူမူလည်းမရှိရင် ဘယ်လိုလုပ်မလဲ။ သင့်စကားကို လူတွေ နားမထောင်ကြဘူးဆိုရင် Leadership လုပ်မှ ရမယ်။ ကိုယ့်စကားကို လူတွေက ရှေ့မှာပဲ နားထောင်တယ်။ နောက်မှာ နားမထောင်ဘူးဆိုရင် Leadership လိုမယ်။ ကိုယ်က စနစ်မကျဘူးဆိုရင် Management လိုတယ်။ ဒါမှမဟုတ် ငွေကြေးနဲ့ပတ်သက်တယ်ဆို Financial Management တို့ Account တို့ လေ့လာရင်လေ့လာ၊ မလေ့လာရင် တတ်ကျွမ်းတဲ့သူကို ခေါ်ရမယ်။ HR ဆိုရင်လည်း အတူတူပဲ၊ ဒီဘက်ခေတ်မှာဆို Marketing က အဓိကကျတယ်။
တစ်ချို့ဆို Email တောင် မသုံးတတ်ဘူး။ Email Account တောင် သေချာမရှိဘူး။ Facebook ကလည်း သူများ ဖွင့်ပေးထားတာ။ အဲဒီတော့ ဆိုလိုတာက နည်းပညာတွေက ဂြိုလ်တုလွတ်တဲ့ နည်းပညာမဟုတ်ဘူး။ ဘယ်သူမဆို သူသူကိုယ်ကိုယ် လေ့လာလို့ရတယ်။ အချိန်လေး နည်းနည်းပေးပြီး စိတ်ရှည်လိုက်ရင် လေ့လာလို့ရတယ်။ အဲဒီအခါ သင်က နည်းပညာအကူညီ ယူရမယ်။ လေ့လာစရာရှိ လေ့လာရမယ်။ သင်ဘာတွေကို အပြောင်းအလဲ လုပ်လို့ရမလဲ၊ အပြောင်းအလဲ လုပ်လို့ရမယ့် နည်းလမ်းတွေကို အကုန်လုံးရှာပြီးတော့ အဲဒါတွေ လုပ်ဖို့အတွက်ကို မတတ်သေးတဲ့အရာတွေ မသိသေးတဲ့အရာတွေ သင်ယူမယ်ဆိုရင် သင့်ရဲ့ Business ကို ပိုပြီးတိုးတက်လာစရာ မဖြစ်နိုင်စရာ အကြောင်းမရှိဘူးလို့ ကျွန်တော်အနေနဲ့ ယုံကြည်ပါတယ်။

Naing Win Aung (MBA, PCC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

#naingwinaungceocoach #naingwinaungexecutivecoach #Leadership #Coaching #Transformation #NLP #Breakthrough #Breakthrough_Coaching_Myanmar #Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial