သင့်လုပ်ငန်းထဲမှာရှိတဲ့ လူငယ်တွေ ကိုယ့်စည်းကိုယ့်ကမ်းနဲ့ဖြစ်အောင် ပျိုးထောင်ပေးနိုင်တဲ့ အကြံပြုချက် (၃) ချက်

အသက်ကြီးလာတာနဲ့အမျှ ကိုယ့်စည်းကမ်း ကိုယ်ထိန်းဖို့ အရေးကြီးလာတဲ့ အကြောင်းအရင်း (၄) ခု
October 17, 2020
သင့်အဖွဲ့အစည်းထဲမှာ ကိုယ့်စည်းကမ်း ကိုယ်ထိန်းတတ်တဲ့ ဝန်ထမ်းတွေ များလာအောင် သင်လုပ်နိုင်တဲ့ အကြံပြုချက် (၅) ချက်
October 20, 2020

သင့်လုပ်ငန်းထဲမှာရှိတဲ့ လူငယ်တွေ ကိုယ့်စည်းကိုယ့်ကမ်းနဲ့ဖြစ်အောင် ပျိုးထောင်ပေးနိုင်တဲ့ အကြံပြုချက် (၃) ချက်

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

သူတို့တွေက လွတ်လွတ်လပ်လပ်နဲ့ ပေါ့ပေါ့ပါးပါး နေရတာကို သဘောကျကြတယ်။ တစ်ချို့ ကြိုးစားတဲ့သူတွေ ရှိပေမယ့်လည်း တော်တော်များများက ရေတိုကိုပဲကြည့်ပြီး နေကြတာမျိုးတွေ သင့်အနေနဲ့ ကြုံရနိုင်ပါတယ်။ သင့်အဖွဲ့အစည်းမှာတော့ အဲဒီလူငယ်တွေကို သူတို့အသိစိတ်ဓာတ်နဲ့သာ ဦးဆောင်နိုင်တဲ့ စိတ်ထားမျိုး ဖြစ်လာအောင် လုပ်ပေးနိုင်မယ်ဆိုရင် မလိုလားအပ်တဲ့ကိစ္စတွေမှာ အချိန်သုံးတာ မရှိတော့တဲ့အတွက် လုပ်ငန်းက ပိုပြီးတိုးတက်လာနိုင်တယ်။

(၁) သူတို့တွေကို ကောင်းမွန်တဲ့ ရလဒ်တွေရအောင်၊ သူတို့တွေသာ ကြိုးစားရင် လုပ်ငန်းခွင်မှာ ဘယ်လောက်ထိ ကောင်းတဲ့ရလဒ်တွေ ရလာမလဲဆိုတာကို သူတို့ကိုပြောပြရမယ်။

“Career Plan တွေအနေနဲ့ မင်းတို့ နောက်တစ်နှစ်ဆိုရင် ဘယ်လောက်အထိတောင် တိုးတက်လာနိုင်တယ်။ ဒါပေမယ့် ဒါနဲ့ပတ်သက်ပြီး ဘယ်လိုကြိုးစားရမယ်၊ အဲဒါတွေနဲ့ပတ်သက်ပြီး သင်ပြပေးမယ်” ဆိုရင် သူတို့ကိုယ်သူတို့ စည်းကမ်းထိန်းပြီး သူတို့ကိုယ်သူတို့ ဦးဆောင်ဖို့ အများကြီး အထောက်အကူဖြစ်တယ်။ သူတို့က ကောင်းတဲ့အနာဂတ်လည်း မမြင်ဘူး။ မကြိုးစားရင်ဖြစ်လာမယ့် အနာဂတ်ကိုလည်း မမြင်တဲ့အတွက်ကြောင့် သူတို့က သာမန်အတိုင်းပဲနေပြီး ဝေလေလေလုပ်နေကြနိုင်ပါတယ်။ ဒါပေမယ့် သူတို့မှာ ပိုကောင်းတဲ့ အနာဂတ်ရှိတယ်။ မကြိုးစားရင် အဲဒီအနာဂတ်ကို လက်လွှတ်ရမယ့်အပြင် မကောင်းတဲ့အနာဂတ်တွေ ရလာနိုင်တယ်ဆိုတာကို ရှင်းပြပေးရင်၊ ဝေဖန်ပိုင်းခြားနိုင်တဲ့သူဖြစ်အောင် ရှင်းပြပေးရင် အားလုံးအတွက် အဆင်ပြေပါတယ်။

(၂) စာဖတ်ခိုင်းတာတွေ သင်တန်းတွေတက်ခိုင်းတာတွေ စာအုပ်ကို အတူတူဖတ်ပြီး အားလုံးဝိုင်းပြီး ဆွေးနွေးကြတာတွေ၊ သင်ကြုံခဲ့ဖူးတဲ့ အနိမ့်အမြင့် အတက်အကျတွေကို သူတို့ကို သင်ပေးတာတွေ (အဲဒီလို အတွေ့အကြုံတွေက လုပ်ငန်းရှင်တွေလည်း အများကြီးကြုံဖူးမှာပါ။) အဲဒါတွေကို ပြောပြရင် သူတို့အနေနဲ့ “ငါတို့ Boss တောင်မှ ဒီလိုမျိုးအခက်အခဲတွေကို ကျော်ဖြတ်ခဲ့တာပဲ” ဆိုပြီး သူတို့တွေ အကောင်းအဆိုးတွေ အကြောင်းအကျိုးတွေကို သိအောင်လုပ်ပေးရမယ်။ စာထဲက အတွေ့အကြုံတွေကို သူတို့ကို မျှဝေပေးတာကလည်း အများကြီး အကျိုးရှိစေပါတယ်။

(၃) ကိုယ်က စပြီး စံပြဖြစ်အောင်နေပါ။ ကျွန်တော် ဆိုလိုတဲ့သဘောက သင်ကိုယ်တိုင်က စံပြမဖြစ်ဘဲ သူတို့ကို ကိုယ့်ကိုယ်ကိုယ် ဦးဆောင်ကြပါလို့ သွားပြောလို့ မရဘူး။ သူတို့တွေ ကိုယ့်ကိုယ်ကိုယ် ဦးဆောင်နိုင်ဖို့ဆိုရင် သင်ကိုယ်တိုင်က ဦးဆောင်နိုင်ရမယ်။ သူတို့တွေကို စည်းကမ်းရှိစေချင်တယ်ဆိုရင် သင်ကိုယ်တိုင်က လုပ်သင့်လုပ်ထိုက်တာတွေကို ဘယ်သူမှ ပြောစရာမလိုဘဲ အချိန်ဇယားနဲ့ လုပ်နေရပါမယ်။ မလုပ်သင့်တာတွေကို ရှောင်ရှားပြတာမျိုးကို တကယ်ရှောင်ရှားပြနိုင်မယ်ဆိုရင် သင့်ရဲ့ Team ထဲမှာ သူတို့ကိုယ်သူတို့ စည်းကမ်းရှိအောင် ဘယ်လို ဦးဆောင်ရမလည်းဆိုတာ သိလာဖို့ အများကြီး အထောက်အကူပြုမှာ ဖြစ်ပါတယ်။

Naing Win Aung (MBA, PCC)
CEO Coach & NLP Master Trainer
Leadership Development Facilitator
#naingwinaungceocoach #naingwinaungexecutivecoach #Leadership #Coaching #Transformation #NLP #Breakthrough #Breakthrough_Coaching_Myanmar #Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial