သင့်လုပ်ငန်းကို သိသိသာသာ တိုးတက်ပြောင်းလဲစေမယ့် ခေါင်းဆောင်မှု မဟာဗျူဟာ ၁၃ ချက်

ခေါင်းဆောင်တွေက စီးပွားရေးလုပ်ငန်းမှာ အရေးကြီးတဲ့ Objective တွေကို ချမပြထားရင် ဖြစ်လာမယ့် ဆိုးကျိုး (၄) ခု
August 19, 2020
ရေရှည်မှာ ခိုင်မာတဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ရရှိလိုသူများအတွက်
August 21, 2020

🚩လက်ရှိရနေတဲ့ ရလဒ်တွေကို သင်မကြိုက်ဘူးဆိုရင် သင်ခေါင်းဆောင်နေတဲ့ပုံစံကို ပြန်ဆန်းစစ်ကြည့်ဖို့ လိုလာပြီဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်ပါတယ်။

🚩သင့်လုပ်ငန်းမှာ သင်အရင်က လုပ်နေသလိုပဲ ဆက်ပြီး လုပ်နေမယ်ဆိုရင် အရင်က ရနေတာတွေကိုပဲ ဆက်ပြီးရနေပါလိမ့်မယ်။ မတူတဲ့ရလဒ်တွေကို လိုချင်ရင် သင့်အနေနဲ့ မတူတာတွေကို လုပ်ဖို့လိုပါတယ်။

🚩သင့်ဝန်ထမ်းတွေ လုပ်နေကိုင်နေတာတွေကို မကြိုက်ဘူးဆိုရင် ဒါမှမဟုတ် အဖွဲ့အစည်းထဲမှာ ဖြစ်နေတာတွေဟာ သင်ဖြစ်ချင်တဲ့အရာတွေ မဟုတ်ဘူးဆိုရင် အဲဒါတွေကို ပြောင်းလဲနိုင်ဖို့ ကြိုးစားရပါမယ်။
ပြောင်းလဲတဲ့နေရာမှာ အရင်ဆုံး စတင်ရမှာကတော့ သင်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။

🚩သင့်လုပ်ငန်းကို တိုးတက်လာအောင် လုပ်ဆောင်တဲ့နေရာမှာ သင်အလေးထားသင့်တဲ့ ခေါင်းဆောင်မှု မဟာဗျူဟာ ၁၃ ချက်ကို မျှဝေလိုက်ပါတယ်။

၁။ သင့်လုပ်ငန်းရဲ့အခြေအနေတွေကို လေးလေးနက်နက် ထိုင်ပြီး စဉ်းစားဖို့အတွက် တစ်ပတ်ကို အနည်းဆုံး တစ်နာရီအချိန်ဇယားဆွဲထားပါ။

၂။ သင့်ရဲ့တစ်နေ့တာကို မစတင်ခင်မှာ ကြိုတင်အစီအစဉ် ဆွဲထားပါ။

၃။ သင့်ရဲ့ သနားစရာကောင်းတဲ့ ဆင်ခြေတွေကို လက်မခံပဲ သင့်နေ့စဉ်အလုပ်ပြီးမြောက်မှု အခြေအနေကို တွန်းအားပေးမယ့်သူ တစ်ယောက်ထားပါ။ (ဖြစ်နိုင်ရင် Business Coach တစ်ယောက် ငှားထားပါ။ မြန်မာနိုင်ငံမှာ PBCA သင်တန်းဆင်း Certified Professional Business Coach တွေ ရှိပါတယ်။)

၄။ သင့်ရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ မကြိုးစားခင်မှာ သင့်ကို ရှေ့ကို တိုးတက်မလာအောင် ဘယ်အရာက တားဆီးထားတယ်ဆိုတာကို တိတိကျကျ ရှာဖွေဖို့ အရင်ကြိုးစားပါ။

၅။ သင့်လုပ်ငန်းကို အဓိက မောင်းနှင်တဲ့အရာ ၅ ခုကို သတ်မှတ်ပြီး ပုံမှန်တိုင်းတာစစ်ဆေးပါ။

၆။ သင့်ကို ဖောက်သည်အသစ်တွေ ရရှိဖို့နဲ့ ရှိပြီးသားဖောက်သည်တွေကို ထိန်းသိမ်းထားဖို့ကို တနည်းနည်းနဲ့မှ အထောက်အပံ့မဖြစ်စေတဲ့ ကုန်ကျစရိတ်တွေကို လျှော့ချပါ။

၇။ သင့်လုပ်ငန်းရဲ့ Culture ကို တိုးတက်ကောင်းမွန်လာအောင် အာရုံစိုက်ပြီး သင့်ရဲ့ Team ကို စွမ်းဆောင်ရည်မြင့်မားတဲ့ Team အဖြစ်ကို ပြောင်းလဲပါ။

၈။ Customer တွေအနေနဲ့ သူတို့တခြားလုပ်ငန်းဆီကို သွားဝယ်တယ်ဆိုရင် ငါတို့ရူးနေလို့ပဲလို့ သူတို့ဟာသူတို့ ထင်လာမယ့်အထိကို လုပ်ငန်းကို ကောင်းနေအောင် တည်ဆောက်ထားပါ။

၉။ သင့်ဝန်ထမ်းတွေကို အရည်အချင်းမြှင့်တင်ပါ။ သင့်မှာ ရွေးချယ်စရာ ၃ ခု ရှိပါတယ်။ သင်ရဲ့လူတွေကို သင်လိုချင်တဲ့အတိုင်း ဖြစ်လာအောင် လေ့ကျင့်သင်ကြားပေးတာ၊ ဖြစ်နေတာကို သည်းခံပြီး ထိုင်ကြည့်နေတာနဲ့ အလုပ်ကနေ အနားပေးတာတွေ ဖြစ်ပါတယ်။

၁၀။ သင့်အဖွဲ့အစည်းမှာ ရှိတဲ့သူတွေကို ကျေးဇူးတင်ကြောင်းပြောပါ။ သူတို့ကို အသိအမှတ်ပြုခြင်းအားဖြင့် သူတို့ကို ချစ်ကြောင်းကို ပြပါ။

၁၁။ ဝယ်ယူတဲ့သူအရေအတွက်တက်မလာပဲနဲ့ကို အမြတ်နဲ့ငွေလည်ပတ်မှုကို တက်လာအောင် လုပ်ပါ။ စရိတ်တွေကို လျှော့ချပါ။ ဝယ်ယူမှုပမာဏကို တိုးမြှင့်အောင် လုပ်ပါ။ ရရန်ရှိတွေကို ကာလလျှော့ပစ်ပါ။ ကုန်ပစ္စည်းလက်ဝယ်ထားရှိတဲ့ကာလကို လျှော့ချပါ။ ပေးရန်ရှိတွေရဲ့ ကာလကို တိုးမြှင့်ပါ။

၁၂။ သင့်ရဲ့ အမြတ်ငွေကို တိုးတက်လာစေမယ့် အရေးအပါဆုံးကိစ္စရပ်တွေကို သိအောင်လုပ်ပါ၊ အကောင်အထည်ဖော်ပါ၊ အရင်းအမြစ်တွေ ပိုပေးပါ။

၁၃။ သင့်ရဲ့ အာရုံစိုက်မှုနဲ့ တိုးတက်မှုကို ထိခိုက်စေပြီး အချိန်လည်း ကုန်တဲ့လုပ်ဆောင်ချက်တွေကို ရပ်ပစ်ပါ။ ရပ်လို့ မရရင် တခြားလူကို လွှဲရင်လွှဲပါ။ ဒါမှမဟုတ် အပြင်ကို အပ်ပါ။

အထက်ပါ အချက်များကို ပြန်လည်ဖတ်ရှူပြီး အရင်ဆုံး ပြုပြင်ရမယ့် အချက် ၃ ချက်ကို ဆွဲထုတ်ပါ။ အသေးစိတ် အစီအစဉ်ချရေးပါ။ လက်တွေ့အကောင်အထည်ဖော်ပါ။

Naing Win Aung (MBA, ACC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

naingwinaungceocoach

naingwinaungexecutivecoach

Leadership #Coaching #Transformation

NLP #Breakthrough

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial