ဝင်ငွေနဲ့ သင့်အရည်အချင်း ချိတ်ဆက်မှုနဲ့ပတ်သက်ပြီး သိသင့်တဲ့ အချက် (၃) ချက်

သင့်လုပ်ငန်းအလားအလာကို မြှင့်တင်ဖို့အတွက် အဓိကကျတဲ့ သော့ချက် (၅) ခု
October 22, 2020
အကျင့်စာရိတ္တဟာ ဦးဆောင်သူတွေအတွက် အရေးကြီးတဲ့အကြောင်းအရင်း (၅) ခု
October 29, 2020

ဝင်ငွေနဲ့ သင့်အရည်အချင်း ချိတ်ဆက်မှုနဲ့ပတ်သက်ပြီး သိသင့်တဲ့ အချက် (၃) ချက်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
ဝင်ငွေနဲ့ သင့်အရည်အချင်း ချိတ်ဆက်မှုအကြောင်း မပြောခင်မှာ Jim Rohn ပြောတဲ့အကြောင်းကို အရင်ဆုံး မျှဝေချင်ပါတယ်။ Jim Rohn က ဘာပြောလဲဆိုရင် လူတစ်ယောက်ရဲ့ဝင်ငွေဟာ သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်မှုထက် သာတယ်ဆိုတာ အရမ်းရှားတယ်။ လူတစ်ယောက်က သူ့မှာရှိတဲ့ အသိပညာအတိုင်းပဲ အောင်မြင်မှုရတယ်တဲ့။
(၁) သင့်အရည်အချင်းရှိသလောက်ပဲ အောင်မြင်မယ်။
သင်က စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်အနေနဲ့ စဉ်းစားကြည့်ရအောင်။ စီးပွားရေနဲ့ပတ်သက်ပြီး သင်ဘယ်လောက်အထိ သိသလဲ၊ သင်ဘယ်လောက်အထိ စီမံခန့်ခွဲနိုင်တယ်၊ ဘယ်လောက်ထိ လူမှုဆက်ဆံရေးတွေ ကောင်းတယ်။ အဒါတွေအပေါ် မူတည်ပြီး အောင်မြင်တယ်။ နောက်ဆက်စပ်တာက လုပ်ငန်းရှင်တွေဆိုရင် Marketing တို့ Sale တို့ကိုလည်း နည်းလည်သင့်သလောက် နားလည်ရမယ်။ သင်က လက်ရှိမှာ ဝင်ငွေနည်းနေတယ်ဆိုရင် သင့်အရည်အချင်း တိုးတက်ဖို့ လိုတယ်။
(၂) သင့်အရည်အချင်းရှိသလောက်နဲ့ တူတဲ့ အပေါင်းအသင်းတွေပဲ သင်ပေါင်းလို့ရတယ်။
သင်က အရည်အချင်း နိမ့်တယ်ဆိုရင်လည်း အဲဒီအရည်အချင်းနဲ့ မတိမ်းမယိမ်း အပေါင်းအသင်းတွေရနိုင်ပြီး အရည်အချင်းမြင့်တယ်ဆိုရင်လည်း အရည်အချင်းမြင့်တဲ့ ပတ်ဝန်းကျင်က အပေါင်းအသင်းတွေကို ရနိုင်တယ်။ လုပ်ငန်းသဘောအရ အပြန်အလှန် ပံ့ပိုးမှုတွေပေးကြတဲ့အခါ အရည်အချင်းကောင်းတဲ့သူတွေရဲ့ ပတ်ဝန်းကျင်မှာနေတာ သင့်အတွက် ပိုပြီးတော့ လုပ်ငန်းမှာ အောင်မြင်နိုင်ခြေများတယ်။ သင့်အရည်အချင်းရှိသလောက်ပဲ သင့်ရဲ့အပေါင်းအသင်းကလည်း အရည်အချင်းရှိမှာဆိုတော့ ပိုအရည်အချင်းရှိတဲ့ အပေါင်းအသင်းလိုချင်တယ်ဆိုရင် သင်ကိုယ်တိုင် သင့်ရဲ့အရည်အချင်းကို မြှင့်တင်ရမယ်။
(၃) သင့်အရည်အချင်း ရှိသလောက်ပဲ သွားလို့ရတာဖြစ်တယ်။
ကားတစ်စီးမှာ ဆီတိုင်ကီတစ်ခုပဲရှိသလို အဲဒီဆီတိုင်ကီထဲမှာ ဆီရှိသလောက်ပဲ ခရီးသွားလို့ရတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့က အရည်အချင်းတွေ မြင့်တက်လာဖို့အတွက် လေ့လာသင်ယူမှုတွေ လုပ်ရမယ်။ တစ်နေရာရောက်ရင် တစ်ခါလုပ် ပြီးရင် ခဏနား၊ နောက်တစ်နေရာရောက်ရင် နောက်ထပ် လေ့လာသင်ယူမှုတွေ ထပ်လုပ်သွားရမယ်။ လေ့လာသင်ယူမှုက ဘယ်တော့မှ ရပ်လို့မရပါဘူး။

Naing Win Aung (MBA, PCC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

#naingwinaungceocoach#naingwinaungexecutivecoach#Leadership #Coaching #Transformation #NLP #Breakthrough_Coaching_Myanmar#Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial