လုပ်ငန်းဦးဆောင်မှုမှာ စိတ်ဖိစီးမှုများလာတဲ့အခါ သင်လုပ်နိုင်တဲ့ နည်းလမ်း (၁) ခု

သင့် ဖောက်သည်တွေ မကျေမနပ်ဖြစ်စေနိုင်တဲ့ အဓိကအကြောင်းအရင်း (၅) ချက်
December 3, 2020
သင့်လုပ်ငန်းကို လုပ်ငန်းသေးသေးတွေအဖြစ် ခွဲခြမ်းစိတ်ဖြာသင့်တဲ့ အကြောင်းအရင်း (၅) ခု
December 5, 2020

လုပ်ငန်းကို ဦးဆောင်တဲ့သူတွေအနေနဲ့ ဘဝမှာ တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ စိတ်ဖိစီးမှုတွေ များလာတတ်ပါတယ်။ နေ့တိုင်းနီးပါးလည်း ဖြစ်ချင်ဖြစ်မယ် ဒါမှမဟုတ် လစဉ် တစ်ကြိမ်မဟုတ်တစ်ကြိမ် ဖြစ် တတ်ပါတယ်။ စိတ်ဖိစီးမှု များလာတတ်ပါတယ်။ တစ်ခါတရံဆိုရင် ဆိုးဆိုးရွားရွားနဲ့ ဘာဆက်လုပ်လို့ ဆက်လုပ်ရမှန်း မသိတော့တဲ့ အခြေအနေတွေ ဖြစ်ကောင်းဖြစ်တတ်ပါတယ်။ အဲဒီလိုအချိန်မှာ အသုံးပြုလို့ရမယ့် နည်းလမ်းတချို့ကို ပြောပြပါမယ်။ ဒီနည်းလမ်းကို English လို “Zero Base Thinking” မြန်မာလိုပြောရရင် သုညအခြေပြု စဉ်းစားတွေးခေါ်မှုလို့ ခေါ်လို့ရပါတယ်။ အဓိပ္ပာယ်ဖွင့်ဆိုဖို့ ခက်ပါတယ်။ ဒီ “Zero Base Thinking” ကို စဉ်းစားတော့မယ်ဆိုရင် အားလုံးစဉ်းစားလို့ရမယ့် မေးခွန်းလေးတွေကို ပြောပြပေးချင်ပါတယ်။


(၁) ငါသာ အစကနေ ပြန်လုပ်ရမယ်ဆိုရင် ဘာတွေကို မလုပ်တော့ဘူးလဲ။


ငါသာ အစကနေ ပြန်လုပ်ရမယ်ဆိုရင် ဘာတွေကို မလုပ်တော့ဘူးလဲ။ ဆိုလိုတာက လုပ်ငန်းနဲ့ပတ်သက်ပြီး စဉ်းစားတော့မယ်ဆိုရင် ဒီအခြေနေမှာ ကိုယ့်ရဲ့လုပ်ငန်းကြီး ပြိုကျပျက်စီးသွားလို့ ကိုယ်က အာမခံလုပ်ထားမယ်၊ ပိုက်ဆံကလည်း အပိုရှိနေမယ်ဆိုရင် ဒီလိုရုတ်တရက်အခြေနေမျိုးမှာ အစကနေ ပြန်စလုပ်ရမယ့်အချိန် ငါဘာတွေကို မလုပ်တော့ဘူးလဲ ဆိုတဲ့ List ကို ချရေးရပါမယ်။ ချရေးထားပြီး မလုပ်တော့မယ့် List တွေ ပေါ်လွင်လာရင် အဲဒါတွေနဲ့ ပတ်သက်ပြီး အခုချိန်မှာ ဘာတွေ ရပ်ပစ်လို့ရမလဲဆိုတာ စဉ်းစားလို့ရမယ်။


(၂) ငါသာ အစကနေ ပြန်လုပ်ရမယ်ဆိုရင် ဘယ်သူတွေနဲ့ မပတ်သက်တော့ဘူးလဲ။


ငါသာ အစကနေ ပြန်လုပ်ရမယ်ဆိုရင် ဘယ်သူတွေနဲ့ မပတ်သက်တော့ဘူးလဲ။ ဆိုလိုတာက ကိုယ်ခန့်ထားတဲ့ တချို့ဝန်ထမ်းတွေကို မကြိုက်တော့ဘူးဆိုရင် ဆက်ပြီး မခန့်တော့ဘူး။ နောက်ပြီး မိတ်ဆွေ သူငယ်ချင်းတွေရှိမယ်၊ ဒီလူတွေက မကောင်းဘူးဆိုရင် အဲဒီလူတွေနဲ့ မပေါင်းတော့ဘူးဆိုတာကို စာရင်းပြုစုရမယ်။


(၃) ငါသာ အစကနေ ပြန်လုပ်ရမယ်ဆိုရင် ဘယ်ဈေးကွက်တွေနေရာတွေကို မသွားတော့ဘူးလဲ။


ငါသာ အစကနေ ပြန်လုပ်ရမယ်ဆိုရင် ဘယ်ဈေးကွက်နေရာတွေကို မသွားတော့ဘူးလဲ။ ဆိုလိုတာက ဈေးကွက်တွေ အများကြီး ဖြန့်ထားပြီး လုပ်ထားမယ်၊ ပြီးတော့ လုပ်ထားတာတွေက အရမ်းများနေတော့ လူကထူပူနေတတ်တယ်။ အဲဒီတော့ ငါသာ အစကနေ ပြန်လုပ်ရမယ်ဆိုရင် ဘယ်ဈေးကွက်တွေကို မသွားတော့ဘူးလဲဆိုတဲ့ မေးခွန်းက ကျွန်တော်တို့ကို ဘာတွေ ရှောင်ရမလဲဆိုတဲ့ အချက်ကို သတိထားလာမိစေပါတယ်။


(၄) ငါသာ အစကနေ ပြန်လုပ်ရမယ်ဆိုရင် ဘာတွေကို မရောင်းတော့ဘူးလဲ။


ငါသာ အစကနေ ပြန်လုပ်ရမယ်ဆိုရင် ဘာတွကို မရောင်းတော့ဘူးလဲ။ ဆိုလိုတာက ကိုယ့်မှာ ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေ အများကြီးရှိတယ်။ အဲဒီထဲက ဘာတွေကို မရောင်းတော့ဘူးလဲလို့ စဉ်းစားလိုက် ရင် လက်ရှိရောင်းနေပြီး အာရုံမစိုက်သင့်တဲ့ အရာတွေကို တွေ့လာပါလိမ့်မယ်။


(၅) ငါသာ အစကနေ ပြန်လုပ်ရမယ်ဆိုရင် ဘာတွေကို အာရုံမစိုက်တော့ဘူးလဲ။


ငါသာ အစကနေ ပြန်လုပ်ရမယ်ဆိုရင် ဘာတွေကို အာရုံမစိုက်တော့ဘူးလဲ။ ဆိုလိုတာက တစ်ရက် တစ်ရက် ခေါင်းထဲတွေးနေတဲ့အထဲမှာ အာရုံမစိုက်သင့်တာက ဘာတွေလဲဆိုတာ သိလာလိမ့်မယ်။ အဲဒီတော့ အစကနေ ပြန်ပြောရရင် ဘာတွေကို မလုပ်တော့ဘူးလဲဆိုတဲ့ စာရင်းထွက်လာတာကြောင့် အဲဒါတွေကို ဒီနေ့ကစပြီး ငါဘာတွေ ရပ်နိုင်မှာလဲ၊ ငါဘယ်သူတွေနဲ့ မပတ်သက်တော့ဘူးလဲဆိုတာ သိလာပြီဆိုရင် သူတို့တွေနဲ့ အခုကတည်းက တွေ့နေတာကို ဘယ်လိုလျှော့လို့ ရမလဲ၊ ဘယ်လို အဆက်ဖြတ်လို့ ရမလဲဆိုတာ ပြင်ဆင်ရမယ်။
နောက်ပြီး ဘယ်ဈေးကွက် နေရာတွေကို မသွားတော့ဘူးလဲဆိုတာ သိရင် အဲဒီနေရာကနေ ဘယ်လို နောက်ပြန်ဆုတ်လို့ရမှာလဲ။ ပြီးတော့ ဘာတွေကို ဆက်မရောင်းတော့ဘူးလဲ ဆိုတာ သိလာရင် ကိုယ့်မှာရှိတဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုအသစ်တွေအနေနဲ့ ဘာထပ်လုပ်လို့ရမှာလဲ။ ဘာတွေကို အာရုံမစိုက်တော့ဘူးလဲလို့ သိလာရင် ကိုယ်ဘာတွေကို အာရုံစိုက်ရမှာလဲ ဆိုတာကို သိလာလိမ့်မယ်။ ဒါဆိုရင် ကိုယ့်ဆီမှာ မလိုအပ်ပဲ ပုံနေတဲ့ ဝန်ထုပ်ဝန်ပိုးတွေနဲ့ စိတ်ထဲမှာ ရှုပ်ထွေးနေတဲ့အရာတွေကို လွှတ်ချလိုက်လို့ ရပါပြီ။ အဲဒီတော့ အဓိကကျတဲ့အရာကို အာရုံစိုက်လို့ရလာမယ်။
မိတ်ဆွေတို့ အားလုံးပဲ “80-20 Principle” ကို ကြားဖူးကြလိမ့်မယ်လို့ ထင်ပါတယ်။ အရေးကြီးတာက ကျွန်တော်တို့လိုချင်တဲ့ အကျိုးကျေးဇူး ၈၀ ရာခိုင်နှုန်းကို အလုပ် ၂၀ ရာခိုင်နှုန်း ကနေရတယ်။ အဲဒီ ၂၀ ရာခိုင်နှုန်း ကို သေချာမိမယ်ဆိုရင် ကျွန်တော်တို့ ဘဝဟာ ပိုပြီး တိုးတက်လာမယ်၊ ပိုပြီး အောင်မြင်လာမယ်၊ လုပ်ငန်းတွေကလည်း ပိုပြီး ထုတ်လုပ်မှုစွမ်းအားတွေ တက်လာမယ်။ ဒါကြောင့် မိတ်ဆွေတို့အားလုံးအနေနဲ့ လွှတ်ချသင့်တာတွေကို လွှတ်ချလိုက်ပါ။ ဒါက ကျွန်တော်တို့အတွက် စိတ်ဖိဆီးမှုတွေကို အများကြီး လျော့ကျစေပါလိမ့်မယ်။ ဘဝမှာ ပိုပြီး ပျော်ရွှင်လာမယ်။ လုပ်ငန်းက ပိုပြီး အောင်မြင်လာပါလိမ့်မယ်။


Naing Win Aung (MBA, PCC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

naingwinaungceocoach

naingwinaungexecutivecoach

Leadership #Coaching #Transformation #NLP

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial