လုပ်ငန်းရှင်တွေ လက်တွေ့လုပ်ငန်း လုပ်ဆောင်တဲ့အခါ အရေးပါတဲ့ အချက် (၄) ချက်

ခေါင်းဆောင်တွေမှာ မရှိမဖြစ်လိုအပ်တဲ့ အရည်အချင်း (၇) ခု
September 22, 2020
အရည်အချင်း မပြည့်ဝတဲ့ ခေါင်းဆောင်တွေ ဖန်တီးတဲ့ ပြဿနာ (၆) ခု
September 24, 2020

လုပ်ငန်းရှင်တွေ လက်တွေ့လုပ်ငန်း လုပ်ဆောင်တဲ့အခါ အရေးပါတဲ့ အချက် (၄) ချက်

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

၁။ သတ်မှတ်တဲ့ရလဒ်ကို ထွက်အောင်လုပ်ပါ။

သတ်မှတ်တဲ့ရလဒ် မထွက်တာဟာ အလုပ်မပြီးဘူး။ အလုပ်လုပ်တာဟာ အလုပ်ပြီးတာ မဟုတ်ဘူး။ အလုပ်ပြီးတယ်ဆိုတာ Result ထွက်တာ။ အဲဒါကို သေချာပြောပြဖို့ လိုအပ်တယ်။ အလုပ်သွားလုပ်တဲ့အခါ ဘယ်လို Result ကို ဘယ်အချိန်မှာ ထွက်အောင်လိုချင်တယ်ဆိုတာ သေသေချာချာ ပြောမှသာ သူအနေနဲ့ Attention ရှိလာမယ်။ အဲဒီလိုမှမဟုတ်ရင် အလုပ်ကပြီးမှန်မသိ၊ Result က ထွက်မှန်းမသိ ဖြစ်နေနိုင်ပါတယ်။ သူ့ကို တာဝန်ပေးလိုက်ပြီဆိုရင် ကိုယ်ဘယ်လို Result လိုချင်တယ် သေသေချာချာ ပြောဖို့အရေးကြီးတယ်။

၂။ သတ်မှတ်တဲ့ အချိန်မှာ ပြီးအောင်လုပ်ပါ။

အလုပ်တာဝန်တစ်ခု ပေးလိုက်ပြီဆိုရင် အဲဒီအလုပ်တာဝန်ကို ဘယ်အချိန်မှာ ပြီးအောင်လုပ်ရမယ်ဆိုတာ သတ်မှတ်ပေးဖို့ လိုအပ်ပါတယ်။ လုပ်ငန်းခွင်မှာ အစည်းအဝေးတွေ လုပ်တဲ့အခါ အစည်းအဝေးမှတ်တမ်းမှာ ဘယ်သူဘာလုပ်ရမယ် ဘယ်နေ့မှာပြီးရမယ်ဆိုတာ တစ်ခါတည်းပြောဖို့ လိုအပ်ပါတယ်။ မပြောခဲ့ရင် အလုပ်က မပြီးတာမျိုး မလုပ်တာမျိုး ပြန်မစစ်နိုင်တာမျိုး ဖြစ်တတ်ပါတယ်။ အဲဒါကြောင့်အလုပ်ကို သတ်မှတ်တဲ့အချိန်မှာ ပြီးအောင်လုပ်ပါဆိုပြီး ပြောဖို့လိုအပ်ပါတယ်။

၃။ ပြီးရင် ပြန်သတင်းပို့ပါ။

Leader ဆိုတာက လူအများကြီးကို ဦးဆောင်ရတယ်။ လူအများကြီးနဲ့ လုပ်ဆောင်ရတဲ့ အခါမျိုးမှာ တာဝန်တစ်ခုပေးထားရင် အဲဒီတာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ပြီးပြီဆိုရင် ပြန်လည်သတင်းပေးပို့ဖို့ လိုအပ်ပါတယ်ဆိုတာ ပြောဖြစ်အောင် ပြောပြဖို့ လိုအပ်ပါတယ်။

၄။ တစ်စုံတစ်ခုကြောင့် အစီအစဉ်အတိုင်း မဖြစ်တော့ဘူးဆိုရင် အဲဒါကို သိသိချင်းအမြန်ဆုံးပြင်ပါ။

အဲဒီဟာက ဝန်ထမ်းတွေကို ရှင်းပြရမယ့် ကိစ္စပါ။ ဝန်ထမ်းတွေကို ဘာလုပ်စေချင်တယ်။ ဘာ Result လိုချင်တယ်။ ဘယ်အချိန်မှာ ပြီးရမယ်။ ပြန်သတင်းပေးဖို့ လိုအပ်တယ်ဆိုတာ ပြောပြထားပြီးမှ ဝန်ထမ်းဘက်မှ အကြောင်းအမျိုးမျိုးကြောင့် မပြီးသေးဘူးဆိုရင် အထက်လူကြီးကို ပြန်လည်တင်ပြပါဆိုတာ ပြောပြထားဖို့ လိုအပ်ပါတယ်။ အဲဒီလိုမှ ဝန်ထမ်းကို ပြန်သင်ပေးတာ ပြန်ကူညီပေးတာ ပြန်လည်လုပ်ဆောင်ပေးလို့ ရတယ်။ သေချာရှင်းပြထားမှသာ လက်တွေ့လုပ်ငန်းမှာ လက်တွေ့ကျပြီး အသုံးတည့်မယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်။

Naing Win Aung (MBA, ACC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

#naingwinaungceocoach
#naingwinaungexecutivecoach
#Leadership#Coaching#Transformation
#NLP#Breakthrough
#Breakthrough_Coaching_Myanmar
#Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial