လုပ်ငန်းခွင်မှာ ပိုထိရောက်ဖို့ လုပ်ပိုင်ခွင့် ရချင်သူများအတွက်

သင့်လုပ်ငန်း အောင်မြင်မှုအတွက် မဖြစ်မနေ အာရုံစိုက်သင့်တဲ့ အရာ (၄) ခု
December 14, 2020
သင့်လုပ်ငန်း သာမန်အဆင့်က တက်ဖို့လုပ်သင့်တဲ့ အရာ (၃) ခု ကို
December 21, 2020

ဒါဆိုရင် လုပ်ပိုင်ခွင့် ဘယ်နှစ်မျိုး ရှိလဲဆိုတာကို အရင်ဆုံးလေ့လာရမယ် …

အမျိုးကွဲပေါင်း အများကြီးရှိနိုင်ပေမယ့် မှတ်လို့လွယ်အောင် ပြောရင် ယေဘူယျအားဖြင့် လုပ်ပိုင်ခွင့် ၂ မျိုး ရှိတယ် ပြောရမယ် …

၁။ ပထမဆုံးက ရာထူးက ပေးတဲ့ လုပ်ပိုင်ခွင့် ဖြစ်တယ် …

ဒီလုပ်ပိုင်ခွင့်က ရာထူးနဲ့ ဆိုင်တယ် … သူရထားတဲ့ ရာထူးအရ တာဝန်နဲ့ဝတ္တရား Job Description (JD) မှာ ဖော်ပြထားတဲ့ လုပ်ပိုင်ခွင့်ဖြစ်တယ် … ရာထူးမှာ ဘာတွေတော့ လုပ်ပိုင်ခွင့်ရှိတယ် … ဘယ်ကိစ္စတွေမှာ သူဆုံးဖြတ်နိုင်တယ် … ဘယ်သူတွေက သူ့ကို တင်ပြရမယ် စသဖြင့် JD မှာ ဖော်ပြလေ့ရှိတယ် …

လူတွေက သူ့စကား နားထောင်ရမယ် … ဘာဖြစ်လို့လဲဆိုတော့ သူ့မှာ လုပ်ပိုင်ခွင့်ရှိလို့ … လူတွေက တခုခုဆို သူ့ကို တင်ပြရမယ် … ဘာဖြစ်လို့လဲဆိုတော့ သူတရားဝင် မဆုံးဖြတ်ပေးရင် အတည်မဖြစ်လို့ … ဒါက ရာထူးက ပေးထားတဲ့ လုပ်ပိုင်ခွင့် ဖြစ်တယ် …

ဒီလုပ်ပိုင်ခွင့်က အရေးမကြီးဘူးလားဆိုတော့ အရေးကြီးတယ် … သင့်မှာ အခြားဘယ်အရာတွေပဲ ပြည့်စုံနေသည်ဖြစ်စေ အဖွဲ့အစည်းတစ်ခုက တရားဝင် လုပ်ပိုင်ခွင့်ပေးမထားရင် အရေးကြီးကိစ္စတွေမှာ သင်ဆုံးဖြတ်ပေးလို့ မရဘူး ဖြစ်တတ်တယ် …

၂။ ဒုတိယတမျိုးကတော့ ရာထူးနဲ့ မသက်ဆိုင်တဲ့ လုပ်ပိုင်ခွင့်ဖြစ်တယ် …

အချို့သောသူတွေကို ကြည့်ရင် ရာထူးနေရာ လက်ကိုင် မရှိပေမယ့် လူတွေလေးစားကြတာကို တွေ့နိုင်တယ် … လူတစ်ယောက် ခေါင်းဆောင်မှု အရည်အချင်း ရှိသလား မရှိဘူးလားသိချင်ရင် ဒါနဲ့ စမ်းသပ်ပါလို့ ပြောနိုင်တယ် …

အဲဒါကတော့ သူကိုယ်တိုင်ဖြစ်စေ၊ သူ့လက်အောက်ကလူဖြစ်စေ အလုပ်ကနေ ထွက်သွားပြီး ပြန်တွေ့ကြတဲ့အခါမှာ သူ့လက်အောက်ကသူက သူ့ကို ဆက်ပြီး လေးစားသလား မလေးစားဘူးလားဆိုတာ ဖြစ်တယ် … လူတွေ လေးစားလာပြီဆိုရင် ဒီလူသာပြောလိုက် ဘာမဆိုနီးပါး လုပ်ပေးမယ်ဆိုတာမျိုး ဖြစ်လာတတ်တယ် …

လူတွေ လေးစားလာဖို့ဆိုရင် အကျင့်စာရိတ္တကောင်းတာ၊ သဘောထားပြည့်ဝတာ၊ သက်ဆိုင်ရာနယ်ပယ်မှာ ကျွမ်းကျင်တာ၊ ဗဟုသုတပြည့်စုံတာ၊ ရည်မှန်းချက်ရှိတာ၊ ပတ်ဝန်းကျင်ကလူတွေကို မြှင့်တင်ပေးတာ၊ စာနာထောက်ထားတတ်တာ၊ အလုပ်ကို ရလဒ်ထွက်အောင် လုပ်တတ်တာ စတဲ့ ခေါင်းဆောင်မှု အရည်အချင်းတွေ လိုအပ်ပါတယ် …

စဉ်းစားကြည့်ပါ …

  • ရာထူးရှိပြီး လူတွေ မလေးစားဘူးဆိုရင် အချို့ကိစ္စတွေမှာ လူတကာ မျက်မုန်းကျိုးပြီး လုပ်ရကိုင်ရခက်ပါလိမ့်မယ် …
  • လူတွေနဲ့ အဆင်ပြေပြီး ရာထူးမရှိရင် သင်အချို့သောကိစ္စတွေမှာ လုပ်မရ ကိုင်မရနဲ့ ထိရောက်မှု မရှိတာမျိုး ကြုံရပါမယ် …

စစ်မှန်တဲ့ လုပ်ပိုင်ခွင့်ကို လိုချင်ရင် ဒီအတိုင်းနေနေလို့မရဘူး … ကြိုးစားယူမှ ရမယ် …

အဲဒါကြောင့် ရာထူးတက်အောင်လည်း ကြိုးစားပါ … လူတွေ လေးစားတဲ့သူတစ်ယောက် ဖြစ်လာအောင်လည်း နေပါလို့ အကြံပြုချင်ပါတယ် …

Naing Win Aung (MBA, ACC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

naingwinaungceocoach

naingwinaungexecutivecoach

Leadership #Coaching #Transformation

NLP #Breakthrough

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial