ဖော်ဖော်ရွေရွေ ရှိခြင်းကနေ ဦးဆောင်သူတွေ ရလာနိုင်မယ့် ရလဒ် (၅) ခု

ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြုံလာရတဲ့ အခက်အခဲတွေအပေါ် သင့်အမြင်ရဲ့ အရေးပါပုံ (၄) မျိုး
December 7, 2020
ဆက်ခံခြင်း အစီအစဉ်ထားရှိခြင်းရဲ့ အကျိုးကျေးဇူး (၄) ခု
December 9, 2020

(၁) ဖော်ဖော်ရွေရွေနေတော့ လူချစ်လူခင် များလာမယ်။


ပြုံးနေတဲ့သူကို လူတွေက ပိုသဘောကျပါတယ်။ စကားပြောတဲ့အခါ မျက်နှာစူပုပ်ပြီး ပြောနေရင် ဘယ်လိုလုပ် ရနိုင်မှာလဲ။ အဲဒီတော့ ကျွန်တော်တို့ဆိုလည်း သတိထားပြီးတော့ ကိုယ့်ရဲ့ ဗီဒီယိုတွေကို ပြန်ကြည့်လို့ရှိရင် အရမ်းတည်နေတဲ့အခါ ဘယ်လိုပြန်လုပ်ရင် ကောင်းမလဲလို့ စဉ်းစားရပါတယ်။ အဲဒီလိုအချိန်မှာ ကိုယ့်ဘာသာကို ကြည့်ပြီး ကိုယ်က ဘာတွေကို ပြင်သင့်သလဲ၊ ပြင်သင့်တဲ့ အရာတွေကို ပြင်ရင်တော့ ကောင်းပါတယ်။ ကျွန်တော်ဆိုလည်း အရင်တုန်းက ဗီဒီယိုရှေ့မှာ စကားပြောရတဲ့အခါ Tension ဖြစ်နေတတ်တော့ ပြုံးဖို့ အင်မတန် ခက်ပါတယ်။ အရင်တုန်းကထက် အခုနောက်ပိုင်းမှာတော့ Used to ဖြစ်လာတယ်။ ဒါကြောင့် ပြုံးတတ်ဖို့ အမြဲတမ်း လိုအပ်ပါတယ်။ နံပါတ် (၁) အနေနဲ့ ပြုံးပြုံးရွှင်ရွှင် ဖော်ဖော်ရွေရွေ နေရင် လူချစ်လူခင်များမယ်။ လူချစ်လူခင် များတာနဲ့ လူမုန်းများတာ ဘယ်ဟာက ပိုကောင်းလဲဆိုရင် လူချစ်လူခင်များတာက အင်မတန် ပိုကောင်းတယ်။


(၂) ဖော်ဖော်ရွေရွေနေတော့ ကိုယ်နဲ့ နေတဲ့သူတွေလည်း ပျော်မယ်။


အထက်လူကြီးက မျက်နှာစူပုပ်နေရင် ဘယ်လိုလုပ်မှာလဲ။ ကျွန်တော့်ရဲ့ ရုံးမှာတောင် ကိစ္စတစ်ခုကို ပြောနေရတယ်။ လူကြီးတွေက အပြင်မှာ အဆင်မပြေတာ တစ်ခုခု ရှိလာရင် ရုံးထဲက လူတွေက အဲဒီ Emotion အပေါ်မှာ လိုက်ပြီးနေရတဲ့ အနေအထားမျိုးဆိုတော့ ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ပါဘူး။ အရေးကြီးတာက ဖော်ဖော်ရွေရွေ ပြုံးပြုံးရွှင်ရွှင်နေရင် ကိုယ်နဲ့ နေတဲ့သူတွေလည်း ပျော်မယ်။ ကိုယ်နဲ့ အလုပ်လုပ်နေရတဲ့ သူတွေ ပျော်မယ်။ လုပ်ငန်းခွင်မှာ ဝန်ထမ်းတွေကို ပျော်အောင်ထားရတယ်ဆိုတာ ပျော်ဖို့အတွက် “က”ပြနေလို့ မရပါဘူး၊ ခရီးတွေချည်း ပို့ပေးနေလို့ မရပါဘူး။ ဒါပေမယ့် လုပ်ငန်းမှာ သူပုံမှန်လုပ်ရတဲ့ အလုပ်လေးတွေမှာ သူ့ကို ပျော်အောင်ထားပေးရင် လုပ်ငန်းခွင်မှာ ထုတ်လုပ်မှု စွမ်းအားတွေ မြင့်လာနိုင်ပါတယ်။ ဒါကြောင့် သူတို့တွေ ပျော်တာဟာ ကောင်းပါတယ်။


(၃) ဖော်ဖော်ရွေရွေနေတော့ ကိုယ်နဲ့ အလုပ်တွဲ လုပ်ချင်တဲ့သူတွေ များမယ်။


ဖော်ဖော်ရွေရွေနေရင် ကိုယ်နဲ့အလုပ်တွဲ လုပ်ချင်တဲ့သူတွေ များမယ်။ ကိုယ့်ကို ပိုက်ဆံပေးချင်တဲ့ သူတွေ များမယ်။ ကိုယ့်ကို အလုပ်ပေးချင်တဲ့ သူတွေ များမယ်။ မိတ်ဆွေတို့ အားလုံးအနေနဲ့ အလုပ်လုပ်တယ်ဆိုတာ ဘယ်လောက်ပဲ ပျော်ဖို့လုပ်တယ်လို့ ပြောပြော အလုပ်လုပ်တာဟာ ပိုက်ဆံလိုချင်လို့ပဲ မဟုတ်လား။ ပိုက်ဆံရဖို့ဆိုရင် ကိုယ်နဲ့ အလုပ်လုပ်ချင်တဲ့သူတွေ များဖို့ လိုပါတယ်။ ကိုယ်က အမြဲတမ်း တင်းမာခက်ထန်ပြီး နေမယ်ဆိုရင် ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ပါဘူး။ ကိုယ်က ပြုံးပြုံးရွှင်ရွှင် ဖော်ဖော်ရွေရွေ နေရင် အလုပ်လုပ်ချင်တဲ့သူတွေ များမယ်၊ ဝင်ငွေပိုများမယ်။ ဒါဆိုရင် နောက်ထပ် အခွင့်အလမ်းတွေလည်း အများကြီး ပိုများနိုင်ပါတယ်။


(၄) ဖော်ဖော်ရွေရွေနေတော့ ကိုယ့်ဝန်ထမ်းတွေ ကိုယ့်ကို လာတင်ပြဖို့ ဝန်မလေးတော့ဘူး။


Leader တွေအနေနဲ့ ဖော်ဖော်ရွေရွေနေရင် ကိုယ့်ရဲ့လက်အောက်က ဝန်ထမ်းတွေအတွက် ကိုယ့်ကိုလာတင်ပြဖို့ ဝန်လေးနေမှာ မဟုတ်တော့ဘူး။ အခက်အခဲ တစ်ခုခုရှိလို့ သွားတင်ပြလိုက်ရင် ဆူမှာပဲဆိုပြီး တွေးနေမှာ မဟုတ်တော့ပါဘူး။ Marshall Goldsmith ပြောထားတာ တစ်ခုရှိပါတယ်။ ဘာပြောသလဲဆိုရင် သတင်းပို့တဲ့သူ၊ ရှင်ဘုရင်တွေခေတ်တုန်းက စစ်မြေပြင်တွေကနေ သတင်းလာပို့တဲ့အခါ ကောင်းတဲ့သတင်းလာပို့ရင် ချီးမြှောက်ပြီး မကောင်းတဲ့သတင်းလာပို့ရင် အရေးယူလိုက်သလိုမျိုး သတင်းပို့တဲ့သူကို Action ယူလိုက်တော့ လုပ်ငန်းခွင်မှာ ဝန်ထမ်းတွေက အဆင်မပြေဘူးဆိုပြီး လာတင်ပြတဲ့အချိန် ကိုယ်က ဆူပစ်လိုက်မယ်ဆိုရင် သူတို့အနေနဲ့ အထက်ကို လာတင်ပြဖို့ ဝန်လေးသွားပါလိမ့်မယ်။ ဒါကြောင့် ကိုယ်က ရင်းရင်းနှီးနှီး ဖော်ဖော်ရွေရွေနဲ့ သူတို့ကို တံခါးဖွင့်ပေးထားပါရင် လာပြီးတင်ပြဖို့ကို ဝန်လေးနေကြမှာ မဟုတ်တော့ပါဘူး။


(၅) ဖော်ဖော်ရွေရွေနေတော့ ကိုယ့်အတွက်လည်း ပိုပြီးတော့ ပျော်စရာကောင်းမယ်။


ဖော်ဖော်ရွေရွေ နေမယ်ဆိုရင် အရေးကြီးတာက ကိုယ့်အတွက်လည်း ပိုပြီးတော့ ပျော်စရာကောင်းလာမယ်။ မိတ်ဆွေတို့ အားလုံးအနေနဲ့ ဘဝဆိုတာ ပျော်ဖို့ လိုပါတယ်။ ကိုယ်က ကြိုက်တဲ့ ဘယ်အလုပ်ကိုပဲ လုပ်လုပ် ဥပမာ တရားဘာဝနာဘက်ကကြည့်ရင် နိဗ္ဗာန်ရောက်ကြောင်း လုပ်တာပဲ ဖြစ်ဖြစ် ဘဝကိုငြိမ်းချမ်းအောင် နေတာပဲဖြစ်ဖြစ် အဲဒါပြီးရင် အရေးကြီးတာက ပျော်ဖို့ပဲဖြစ်ပါတယ်။ မပျော်ဘူးဆိုရင် ဘယ်လောက်ပဲ ပိုက်ဆံရှိနေပါစေ တချို့တွေ ပိုက်ဆံအများကြီး ရှိနေပြီး ပျော်စရာမကောင်းဘူး။ တချို့တွေက အဆင်မပြေတာတွေပဲ အကုန်လုံး ပတ်ကြည့်နေပြီး အဆင်ပြေတာတွေကို မကြည့်တော့ ပျော်စရာ မကောင်းဘူး။ ဒီလိုမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ကိုယ်က လူတွေနဲ့ အဆင်ပြေအောင် ရင်းနှီးအောင် ဖော်ဖော်ရွေရွေ ချစ်ချစ်ခင်ခင် နေတဲ့အခါ သူတို့တွေ ပျော်ကြရင် ကိုယ်လည်း ပျော်ရွှင်လာမှာ ဖြစ်ပါတယ်။ ဒါက ဘဝမှာ အဓိပ္ပါယ်ရှိတယ်လို့ ပြောလို့ရပါတယ်။
ဒါကြောင့် မိတ်ဆွေတို့အားလုံးအနေနဲ့ အိမ်မှာပဲဖြစ်ဖြစ် လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် ပိုပြီးတော့ ဖော်ဖော်ရွေရွေ နေနိုင်အောင် ကြိုးစားကြပါ။ ဒါဆိုရင်တော့ မိတ်ဆွေတို့ အားလုံးအတွက် ပိုပြီး ပျော်စရာကောင်းလာမှာ ဖြစ်သလို အလုပ်ခွင်မှာလည်း ပိုပြီး အဆင်ပြေလာမယ်လို့ ကျွန်တော့်အနေနဲ့ မျှော်လင့်မိပါတယ်။


Naing Win Aung (MBA, PCC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

naingwinaungceocoach

naingwinaungexecutivecoach

Leadership #Coaching #Transformation #NLP

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial