နေ့စဉ်အလုပ်တွေ ပိုပြီးထိထိရောက်ရောက် ပြီးချင်တယ်ဆိုရင်

ပြဿနာကို ဖြေရှင်းတဲ့အခါမှာ ကိုယ့်မှာရှိသင့်တဲ့ အရည်အချင်း (၁) ခု
July 21, 2020
အခြေအနေနဲ့ ကိုက်ညီတဲ့ လိုက်လျောညီထွေမှုမျိုး ဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ
July 21, 2020

ကျွန်တော်တို့ တစ်နေ့တာမှာ ကိုယ်က ထိထိရောက်ရောက် အလုပ်ပြီးချင်ရင် ကိုယ်က ဘယ်အချိန်မှာ အလုပ်လုပ်တာ ကိုယ့်အတွက် Productive ဖြစ်လဲ။ ဘယ်အချိန်မှာ ကိုယ့်ရဲ့ Productivity ဖြစ်ဆုံးလဲ အဲဒါလေးကို ရှာပါ။ တစ်နည်းပြောရရင် အဲဒါကို Prime Time လို့လဲခေါ်တယ်။ အဲဒီအချိန်မှာ အလုပ်လုပ်ရင် ကိုယ့်ရဲ့ Results က ကောင်းတယ်။ အဲဒီအချိန်မှာ ကိုယ့်ရဲ့ Productivity ထုတ်လုပ်မှု စွမ်းအားက ကောင်းတယ်။ ကိုယ်က စိတ်ကကြည်နေမယ် ရှင်းနေမယ် အဲဒီလိုအချိန်မှာ တစ်ခုခုကို ဖန်တီးရတာမျိုး အဲဒါမျိုးတွေ လုပ်မယ်ဆို အဆင်ပြေတယ် ။

ကျွန်တော့်ရဲ့ Mentor တစ်ယောက်ဖြစ်တဲ့ Alex Mandossian သူနဲ့ One on One Session တွေမှာ ဆိုရင်တော့ သူကကျွန်တော်ကို ပြောဖူးတယ်။ သူနဲ့ကျွန်တော်နဲ့ စတွေ့တဲ့ Session မှာပေါ့ ဘာပြောလဲဆိုတော့ ” မင်းက နေ့သမားလား၊ ညသမားလား ” တဲ့ ဆိုလိုတဲ့ သဘောက တချို့လူတွေက ညဘက်မှာ ညဉ့်နက်အောင်နေလေလေ အဲဒီအချိန်မှာ တီထွင်ကြံဆမှု ကောင်းလေပဲ။ ကျွန်တော်က အရင်တုန်းကတော့ ညသမားပဲ။ ညသမားဆိုတာက ကျွန်တော် တော်တော်နဲ့မအိပ်ဘူး ညကို ၁၁ နာရီ ၁၂ နာရီ ၁ နာရီ အဲဒီလောက်ထိနေတယ်။

အရင် MBA မှာ Assignment တွေ Thesis ရေးတော့လဲ ညဘက်တွေရေးတာပေါ့။ ကျွန်တော်က ညဘက်တွေနေပြီးရင် Plan တွေဆွဲ ပြီးရင်ညဘက် သန်းခေါင်ကျော်မှ နောက်ကျပြီးအိပ်သွား နောက်တနေ့ကျတော့လဲ မဖြစ်မနေ ထရမယ်ဆိုတော့လည်းထ တခါတလေကျရင်လည်း အချိန်ကျော်ပြီး အိပ်ပေါ့ ဒီလိုမျိုးတွေ ဖြစ်ကုန်တာ။

ကျွန်တော်အခု Breakthrough ကိုထူထောင်ပြီးတော့ Coaching တွေ Training တွေ လုပ်တဲ့ အခါကျတော့ ညဘက် သိပ်နောက်ကျအိပ်တာက ကျွန်တော်အတွက် အဆင်မပြေဘူး။ ကြိုးစားပြီးတော့ အရှေပိုင်း တိုးတိုးပြီးအိပ်တာပေါ့။ တိုးအိပ်တယ် ဆိုပေမယ့်လည်း အစောဆုံးက ၁၀ နာရီ ၁၁ နာရီ။ ကြိုးစားပြီးတော့ ရှေတိုးအိပ်တယ်။ ရှေတိုးအိပ်တော့ ဘာဖြစ်လာလဲဆိုတော့ မနက်နိုးရင် စောပြီးနိုးတယ်။ အဲဒီအခါမှာ ဘာလုပ်လဲဆိုရင် ကျွန်တော်က အခုနောက်ပိုင်း တစ်ရက်ကို တစ်နာရီ ပုံမှန်တရားထိုင်နိုင်အောင် ကြိုးစားပြီး ထိုင်တယ်။

ခုတလော မှာဆိုရင် လုံးဝမပျက်ဘူး တောက်လျှောက်ထိုင်ဖြစ်တယ်။ ကျွန်တော်မှာ ပုံမှန်လုပ်ဖြစ်တဲ့ အလုပ်လေးတွေရှိတယ်။ Gym သွားတာရှိတယ်၊ သင်တန်းတွေမသင်ရတဲ့ ရက်မျိုးတွေမှာဆိုရင် ကြိုးစားပြီး သွားလေ့ရှိတယ်။ Gym သွားတယ်၊ တရားထိုင်တာ ရှိတယ်။ ကျွန်တော်က မနက်ပိုင်းတွေမှာ တရားထိုင်တယ်။ ဒါမှမဟုတ်ရင် Gym တွေ ဘာတွေသွားလိုက်ရော သွားလိုက်တော့ ကျွန်တော်ရဲ့ တကယ့်ကို Energy အမြင့်ဆုံး တီထွင်ကြံဆနိုင်မှု အမြင့်ဆုံးအချိန်ကို Gym ကို သွားလိုက်တဲ့ဟာမျိုး သတိထားမိတယ်။ အဲဒီအခါကျတော့ ကျွန်တော်အတွက် စဉ်းစားပြီးလုပ်ရတဲ့ အပိုင်းတွေမှာ ဘာရှိလဲဆိုရင် ကျွန်တော်က သင်ရိုးတွေ ပြုစုတယ်။

ကျွန်တော်က အဓိက ကျွန်တော့် ဆရာ John Maxwell တို့ Les Brown တို့ Jack Canfield တို့ သူတို့ဆီက Content တွေ ကျွန်တော် ယူသင်တာများပါတယ်။ အဲဒါတွေကို ကျွန်တော်ဖတ်ရတယ် ၊ မြန်မာလို ပြန်တယ် ကျွန်တော် သင်တန်းသားတွေကို မြန်မာလို ရစေချင်တယ်။ သင်တန်းတွေမှာ ဘာသာပြန် ပြန်ပေးထားတာလေးရှိတယ်။ အဲဒီအခါကျတော့ အဲဒီလိုဟာမျိုးလေးတွေက Concentration လုပ်ရမယ့် အရာမျိုးလေးတွေ အာရုံစူးစိုက်နိုင်မှရတယ်။ ကျွန်တော်က အဲဒီလို ဟာတွေကို Energy မြင့်နေတဲ့ အချိန်မှာ မဟုတ်ပဲနဲ့ နေ့လည် ထမင်းစားပြီးတဲ့ အချိန်တို့ လုပ်ရင် Energy က Down ရော အဲဒါမျိုးလေးတွေ သွားတွေ့တယ်။

ကျွန်တော်ရဲ့ Energy အမြင့်ဆုံး အချိန်က မနက် ၆ နာရီကနေ နေ့လည် ၁၁ နာရီလောက်ထိ အဲဒီလောက်ထိက လူက Fresh ဖြစ်တယ်။ တော်တော်လေးမဆိုးဘူး။ ၁၁နာရီ နောက်ပိုင်းဆို ဗိုက်က ဆာပြီးရင် ထမင်းတွေဘာတွေစားလိုက်တော့ ၊ ထမင်းစားပြီးရင် Energy က တက်လားကျလားဆိုရင် ကျတယ်။ ကျတာကမှ ဆက်တိုက်ကျတာ အိပ်ချင်တာတို့မျိုးတွေ ဖြစ်လာရော ကျွန်တော်ထင်တယ် အဲဒါက ၃ နာရီ ၃:၃၀ ၊ ၄နာရီလောက်ထိသွားတယ်။ ဘယ်ချိန်လောက်မှာမှ နည်းနည်းလေးပြန်ပြီးတော့ တရိပ်ရိပ် ပြန်တက်လဲဆိုရင် ၄ နာရီ ၄:၃၀ ၊ ၅ နာရီ အဲဒီလောက်မှ ပြန်တက်တာကို အဲဒီလိုမျိုးနဲ့ တဖြေးဖြေးတက်တာ ဘယ်လောက်ထိ တက်လဲဆိုတော့ ၈ နာရီလောက်ထိ တက်တယ်။ ၈ နာရီနောက်ပိုင်းဆို ပြန်ကျပြန်ပြီ။

အဲဒီအခါကျတော့ အခုစာဖတ်နေတဲ့ မိတ်ဆွေတွေကို အကြံပေးချင်တာက ကိုယ့်ရဲ့တစ်နေ့တာမှာ ကိုယ်နိုးနေတဲ့ အချိန်မှာ Energy အမြင့်ဆုံးအချိန်ရှိတယ် အလယ်အလတ် အချိန်ရှိတယ် ၊ အနိမ့်ဆုံး အချိန်ရှိတယ်။ အဲဒီတော့ အမြင့်ဆုံးအချိန်မှာ ကျွန်တော်တို့ ဘာလုပ်သင့်လဲ တီထွင်ကြံဆရတဲ့ ကိစ္စတွေ လုပ်သင့်တယ်။ အလယ်အလတ် အချိန်မှာဆိုရင်တော့ ဝန်ထမ်းတွေနဲ့ ဆွေးနွေးတာတို့ ဒါမျိုးလေးတွေ လုပ်လို့ရနိုင်တယ်။ Energy ကျတဲ့ အချိန်ကတော့ သိပ်ပြီးစဉ်းစားစရာ မလိုတဲ့ဟာမျိုးလေးတွေ လုပ်သင့်တယ်။

ကျွန်တော်ဆိုရင် လောလောဆယ်မှာ Energy ကျတဲ့ အချိန်မျိုးမှာ Gym သွားလည်း ကိစ္စမရှိဘူး။ Energy ကျတဲ့ အချိန်မှာ တရားထိုင်လည်း ကိစ္စမရှိဘူး ။ ဘာလိုလဲဆိုတော့ ကျွန်တော် အေးဆေးလေး ပေါ်လာတဲ့ အရာ ထိုင်မှတ်တာတို့ ၊ Gym သွားတယ်ဆိုလည်း ပြေးဆိုလည်းပြေး ၊ Personal Trainer နဲ့ ကစားတယ်ဆိုရင်လည်း သူပြောတာလေးတွေ လိုက်လုပ်နေတာပေါ့။ ဆိုလိုတဲ့ သဘောက အဲဒီအချိန်မှာ ကျွန်တော်အနေနဲ့ တစ်ခုခုကို ဖန်တီးရမယ်ဆိုတာမျိုး မရှိဘူး။ အဲဒါကြောင့် ပြဿနာမရှိဘူး။

ဒီမှာရှိတဲ့ မိတ်ဆွေတွေ ကိုယ့်အချိန်ကိုယ် အဲဒီလိုမျိုးလေး ပိုင်းကြည့်ပါ ပြီးရင်အမြင့်ဆုံး အချိန်မှာ ငါဘာတွေလုပ်မလဲ အလယ်အလတ်အချိန်မှာ ဘာတွေလုပ်မလဲ အနိမ့်ဆုံး အချိန်မှာ ဘာတွေလုပ်မလဲ။ အဲဒီလိုလေး လုပ်ကြည့်မယ်ဆိုရင် သိသာတဲ့ ရလဒ်လေးတွေ ရလာမယ်လို့ ယုံကြည်တယ်။

Naing Win Aung (MBA, ACC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

naingwinaungexecutivecoach #ceocoach

Leadership #Coaching #Transformation

NLP #Breakthrough

Breakthrough_Coaching_Myanmar

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial