တစ်စုံတစ်ခုကို အကြောင်းပြပြီး စောင့်ဆိုင်းတတ်သူတွေအတွက် အကြံပြုချက် (၁) ခု

လူတွေကို သူတို့လိုချင်တဲ့ ရလဒ်တွေ မရအောင် တားဆီးထားတဲ့ ထိပ်ဆုံးက အရာတစ်ခု
June 30, 2020
ဦးဆောင်သူတွေမှာရှိနေတဲအားနည်းချက်တွေနဲ့ သူတို့ဘာတွေလုပ်နိုင်လည်းဆိုတဲ့ ရွေးချယ်နိုင်တဲ့ အချက် (၂) ချက်
June 30, 2020

တစ်စုံတစ်ခုကို အကြောင်းပြပြီး စောင့်ဆိုင်းတတ်သူတွေအတွက် အကြံပြုချက် (၁) ခု

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

တစ်ခါတစ်လေမှာ ကျွန်တော်တို့က အကြောင်းကြောင်းကြောင့် လုပ်စရာရှိတာကို မလုပ်ဘဲနဲ့ တစ်စုံတစ်ခုကို အကြောင်းပြပြီး အချိန်ရွှေ့ဆိုင်းပြီး အချိန်ဆွဲနေတဲ့ သဘောမျိုးတွေ ရှိတတ်ပါတယ်။

အဲဒီလို နေမယ်ဆိုရင် ကျွန်တော်တို့မှာ ဘာတွေထိခိုက်နိုင်လည်းဆိုတော့ ကျွန်တော်တို့ အသက်သာ ကြီးလာမယ် ရလဒ်တွေကို အပြောင်းအလဲ မလုပ်နိုင်ဘူး။ အဲဒီလိုမျိုး ရလဒ်မပြောင်းနိုင်ရင် ကိုယ့်မှာလည်း ဆိုးကျိုးတွေရှိသလို ကိုယ့်မိသားစုမှာလည်း ဆိုးကျိုးတွေ ရှိတယ်။

ကိုယ့်ကိုယ်ကိုယ် လေးစားမှုလည်း ကျလာမယ်။ ကိုယ့်ကိုယ်ကိုယ် လေးစားမှု မရှိရင် တစ်ခြားသူတွေကလည်း လေးစားမှုရှိမှာ မဟုတ်ဘူး။ အဲဒီအခါမှာ ပိုပြီးတော့ ဆိုးရွားတဲ့ရှုံးနိမ့်မှု အခြေအနေတစ်ခုကို ရောက်သွားနိုင်တယ်။ ပြီးတော့ ကိုယ်က အချိန်ဆွဲနေတဲ့အချိန်မှာ ကိုယ့်ပတ်ဝန်းကျင်က လူတွေက အချိန်မဆွဲဘူး၊ လုပ်စရာရှိတာ လုပ်နေမယ်ဆိုရင် သူတို့နဲ့ ယှဉ်မယ်ဆိုရင် ကိုယ်က ပြတ်ကျန်ခဲ့လိမ့်မယ်။ လိုက်မမှီနိုင်တဲ့ အခြေအနေမျိုးတွေ ဖြစ်သွားလိမ့်မယ်။ အဲဒီလို အခြေအနေမျိုးကို ဘယ်သူမှ မလိုချင်ဘူး။ အဲဒီအတွက်ကြောင့် ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးတော့ တွန်းဖို့ လိုတယ်။

တစ်ခါတစ်လေကျရင် မစရသေးလို့ Motivation မရှိတာဖြစ်နိုင်တယ်။ အဲဒီအတွက်ကြောင့် စလုပ်လိုက်။ လုပ်ရင်းလုပ်ရင်းနဲ့ ရလဒ်လေးတွေ ကောင်းလာပြီဆိုရင် အရှိန်ရလာမှာပါ။ တစ်ခါတစ်လေကျရင် ဘာရလဒ်မှ မတွေ့တဲ့အတွက်ကြောင့် ကိုယ်က ပျင်းနေတာပေါ့။ အဲဒီတော့ စလုပ်ဖို့လိုတယ်။ လုပ်လို့ရတာလေးတွေက အရင်တုန်းက အချိန်ဆွဲခဲ့တဲ့အတွက်ကြောင့် ကိုယ့်မှာရှိတဲ့ အဆင်မပြေမှုကို ချရေးဖို့လိုတယ်။ ပြီးရင် ပြန်ပြီး သုံးသပ်သင့်တယ်။ နောက်ပြီးရင် ငါဒီအတိုင်းပဲ ဆက်ပြီး အချိန်ဆွဲနေမယ်ဆိုရင် အနာဂတ်မှာ ဘာဆိုးကျိုးတွေ ရှိနိုင်မလဲ ဒါလေးတွေကို ဆင်ခြင်ဖို့လိုတယ်။

ကိုယ်တကယ်လိုချင်တာက အချိန်ဆွဲပြီး ခွေခေါက်ပြီး နေချင်တာလား၊ ကိုယ့်ဘဝမှာ တကယ်အရေးကြီးတဲ့ ပြီးမြောက်အောင်မြင်မှုတွေ ဘာတွေကို လုပ်သွားချင်လဲ။ အဲဒါလေးတွေကို သုံးသပ်ကြည့်ပါ။ ပြီးရင် ကိုယ့်အနေနဲ့ နားချင်တဲ့ဟာကို အချိန်တစ်ခုဖယ်ထားပြီး တစ်နာရီပဲနားနား နှစ်နာရီပဲနားနား၊ အချိန်ဖယ် ထားလိုက်။ ကျန်တဲ့အချိန်မှာတော့ တွန်းစရာရှိတာ တွန်းပါ။

ကိုယ်လုပ်စရာရှိတာကို ချရေးပြီးတော့ အရေးအပါဆုံး အခက်ဆုံးဖြစ်မယ့်ဟာကို စပြီးတော့ ဖြိုလိုက်ပြီးရင် ကျန်တဲ့ အသေးလေးတွေကို နားပြီး ပြန်လုပ်။ ဒါဆိုရင် လုပ်ရတာ ပိုပြီးတော့ အားရှိတယ်။ နောက်ပြီးရင် ကိုယ်က တစ်ခုပြီးတစ်ခု ပြီးသွားတိုင်း ကိုယ့်ကိုယ်ကိုယ် လေးစားမှုက ပိုပြီး မြင့်လာတယ်။ ကိုယ်က နောက်ထပ် ရလဒ်ကောင်းတွေ လိုချင်ရင် ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးတွန်းလာမယ်။

အဲဒီအတွက်ကြောင့် အကြောင်းအမျိုးမျိုးပြပြီး အချိန်ဆွဲနေတတ်တဲ့ အကျင့်ကို ပြင်ဖို့ လိုမယ်။ ပြီးရင်တော့ အချိန်ဆွဲနေမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်တောင် ဦးမဆောင်နိုင်တဲ့ သူတစ်ယောက် တစ်ခြားသူတွေကို ဦးဆောင်နိုင်မှာ မဟုတ်ဘူး။

ကိုယ်ကိုယ်တိုင်က ရှေ့ကနေ စံပြ မလုပ်ဘဲနဲ့ တစ်ခြားသူတွေက လိုက်လုပ်လာမှာ မဟုတ်ဘူး။ ကိုယ်က ရှေ့ကနေပြီးတော့ နိုးနိုးကြားကြား တက်တက်ကြွကြွ လုပ်နေပြီဆိုရင် နောက်က ပါလာမှာ သေချာပါတယ်။ ကိုယ်ကရှေ့ကနေပြီး အချိန်ဆွဲနေရင် နောက်က အဖွဲ့အစည်းတစ်ခုလုံးကနေ ပါလာပြီး ကြာရင်အဖွဲ့အစည်း တစ်ခုလုံးက ထိခိုက်လာပါလိမ့်မယ်။

ဒါကြောင့် ကိုယ်ကတာဝန်ယူပါ ကိုယ်က စပါ။ ပြင်စရာရှိရင် ကိုယ်က အရင်ပြင်ပါ။ ကိုယ့်မှာရှိတဲ့ မကောင်းတဲ့စရိုက်ကို တစ်ယောက်ယောက်ပြောမှ ပြင်တာထက် ကိုယ်တိုင်သိပြီး ပြင်တာက အများကြီး ပိုပြီးတော့ အကျိုးများပါတယ်။ အဲဒီအတွက်ကြောင့် ထိရောက်တဲ့ ဦးဆောင်သူဖြစ်ဖို့ အချိန်မဆွဲဘဲ လုပ်စရာရှိတာကို လုပ်ဖို့အတွက် တိုက်တွန်းချင်ပါတယ်။

Naing Win Aung (MBA, UK)
Business & Executive Coach
Leadership Development Facilitator
Myanmar 1st NLP Master Trainer

#naingwinaungexecutivecoach
#Leadership#Coaching#Transformation
#NLP#Breakthrough
#Breakthrough_Coaching_Myanmar
#Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial