စိတ်ဆိုးနေတဲ့အချိန်မှာ သင့်ကိုယ်သင် ပေးသင့်တဲ့ အကြံပြုချက် (၄) ချက်

ဦးဆောင်သူတွေ ကိုယ်လိုချင်တဲ့ ရလဒ်တွေကို ရယူချင်တယ်ဆိုရင် အမြဲတမ်း သင့်ကိုယ်သင် ပြောသင့်တဲ့ အရေးကြီးဆုံး စကား (၄) ခု
July 16, 2020
ပြဿနာကို ဖြေရှင်းတဲ့အခါမှာ ကိုယ့်မှာရှိသင့်တဲ့ အရည်အချင်း (၁) ခု
July 21, 2020

မိတ်ဆွေတွေ အားလုံးပဲ ဘယ်သူမဆို အကြောင်းအရာတစ်ခုနဲ့ ပတ်သက်ပြီးတော့ စိတ်နည်းနည်းပဲဖြစ်ဖြစ် အများကြီးပဲဖြစ်ဖြစ် စိတ်ဆိုးတတ်မယ့်သူတွေ ရှိမယ်ထင်ပါတယ်။ အဲဒီလိုမျိုး စိတ်ဆိုးပြီဆိုရင် ကောင်းတာလား မကောင်းတာလား။

ကျွန်တော့် အမြင်မှာတော့ မကောင်းတာလို့ ကျွန်တော် မြင်ပါတယ်။ စိတ်ဆိုးပြီဆိုရင် မကောင်းတဲ့ အကျိုးဆက်တွေဖြစ်လာမယ်။ လူတစ်ယောက်ကို စိတ်ဆိုးတာက ကျွန်တော် ကြားဖူးတဲ့အရာလေး ကျွန်တော်ထင်တာ Jim Rohn သူပြောတာဖြစ် ပါလိမ့်မယ်။ သူက ဘာပြောလဲဆိုရင် လူတစ်ယောက်ကို စိတ်ဆိုးတာက ဘာနဲ့တူလဲဆိုရင် ကျွန်တော်တို့က အဆိပ်ရည်ကို သောက်ပြီးသွားရင် သူများကို သေပါစေလို့ ဆုတောင်း ပေးတာနဲ့တူတယ်။ ဆိုလိုတဲ့ သဘောက ကိုယ်ကအဆိပ်ကိုသောက်ပြီး တခြားသူတစ်ယောက်ကို သေပါစေလို့ ဆုတောင်း ပေးနေတာ။

ကျွန်တော်တို့က ဒေါသထွက်တယ်ဆိုတာက တခြားသူကို ဒေါသထွက်ပြီး ကိုယ်ကခံနေရတာ။ ကိုယ်စိတ်ဆိုးလာပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် သတိပေးသင့်တဲ့အချက် အကြံပြုချက်လေး (၄) ခုကို မျှဝေပေးမှာဖြစ်ပါတယ်။

(၁) စိတ်ဆိုးနေတဲ့ ခံစားမှု မပျောက်သွားခင်မှာ လူတွေကို တစ်ခုခုပြောတာ၊ ရေးတာ၊ တုံ့ပြန်တာ၊ အပြောင်းအလဲ တစ်ခုခုလုပ်တာကို ရပ်တန်းကရပ်လိုက်ပါ။

စိတ်ဆိုးနေတဲ့ ခံစားချက် မပျောက်ခင် လူတွေကို တစ်ခုခုပြောတာ၊ ရေးတာ၊ တုံ့ပြန်တာ၊ ဒါမှမဟုတ်လည်း အပြောင်းအလဲ တစ်ခုခုပေါ့ ၊ အလုပ်ထွက်တာတို့ ၊ ထွက်စာတင်လိုက်တာ ဒါမျိုးပေါ့ ၊ အဲဒါမျိုးတွေ အပြောင်းအလဲ တစ်ခုခု လုပ်တာမျိုးတွေ မလုပ်ပါနဲ့၊ အဲဒါမျိုးလုပ်ဖို့ စဉ်းစားတာကို ရပ်တန်းကရပ်ပါ။

(၂) ကိုယ်စိတ်ဆိုးနေတဲ့ အရာက ဘယ်အရာလဲဆိုတဲ့ အကြောင်းအရင်းကို ရှာပါ။

ကိုယ်စိတ်ဆိုးနေတဲ့ အရာက ဘယ်အရာလဲဆိုတဲ့ အကြောင်းအရင်းကို ရှာရမယ်။ လူအများစုက စိတ်ဆိုးတယ်ဆိုတာက အခြားလူကို စိတ်ဆိုးတာမဟုတ်ပဲနဲ့ များသောအားဖြင့် စိတ်ဆိုးတာက ကိုယ့်ကိုယ်ကိုယ်ဖြစ်ဖို့ များတယ်။

အခြားသူကို စိတ်ဆိုးတာထက် ကိုယ့်ကိုယ်ကိုယ် စိတ်ဆိုးတာဖြစ်ဖို့ များတယ်။ ဘာလို့ ကိုယ့်ကိုယ်ကိုယ် စိတ်ဆိုးတာလဲ၊ ငါဒီလောက်လုပ်နိင်ရဲ့သားနဲ့ ဘာလို့မဖြစ်တာလဲ။ ငါဒီလို မဖြစ်လို့ ငါအပြောခံရတာ၊ အဲဒီမှာ ကိုယ့်ကိုယ်ကိုယ် စိတ်ဆိုးတာက ကျွန်တော်တို့က မပြချင်တဲ့အခါကျ အဲဒီစိတ်ဆိုးတာက တခြားသူကို ပြလိုက်ရော။

အဲဒီအခါမှာ များသောအားဖြင့် စိတ်ဆိုးတာက ကိုယ့်ကိုယ်ကိုယ် စိတ်ဆိုးတာများတယ်။ ကျွန်တော်တို့ ဘယ်နယ်ပယ်နဲ့ ပတ်သက်ပြီး အားမလို အားမရ ဖြစ်နေလဲ သိအောင်ရှာပါ။ ကိုယ့်ရဲ့ ဘယ်အချက်တွေကို နာလို့ စိတ်ဆိုးသွားတာလဲ သိဖို့လိုတယ်။

(၃) အားမလို အားမရဖြစ်တဲ့အချက် အဲဒီအချက်ကို တိုးတက်သွားအောင် ငါ့အနေနဲ့ ဘာတွေလုပ်သင့်သလဲ။

အားမလို အားမရဖြစ်တဲ့အချက် အဲဒီအချက်ကို တိုးတက်သွားအောင် ငါ့အနေနဲ့ ဘာတွေလုပ်သင့်သလဲ၊ လုပ်လို့ရတဲ့ နည်းလမ်းတွေ ချရေးပါ။ ပြီးရင် ဆက်ရေးလို့ရတာကတော့ အဲဒီအရာတွေသာ တိုးတက်သွားမယ်ဆိုရင် ကိုယ့်ဘဝ ဘာကောင်းသွားမလဲပါ ချရေးလိုက်ပါ။ အဲဒီတော့ ကိုယ်အားမလို အားမရ ဖြစ်နေတဲ့ ကဏ္ဍက ဘယ်ကဏ္ဍလဲ၊ အဲဒါတိုးတက်အောင် ဘာလုပ်ရမလဲ၊ အဲဒါတိုးတက်ရင် ကိုယ့်ဘဝ ဘာပြောင်းလဲသွားမလဲ ချရေးပါ။

(၄) နားစရာရှိနားလိုက်ပါ ၊ အိပ်စရာရှိ အိပ်လိုက်ပါ။

အနာဂတ်အတွက် ပြင်ဆင်စရာရှိတာလည်း ပြင်ဆင်ပြီးပြီ၊ စိတ်ကလည်း အတိုင်းအတာတစ်ခု လျော့သွားပြီဆိုတဲ့အခါမှာ ကိုယ့်ရဲ့အနာဂတ်အတွက်ကို ပြင်ဆင်မှုတွေ အားထုတ်မှုတွေ အများကြီး လုပ်ရတော့မယ်။
အဲဒီအတွက် ကိုယ်သာ အခြေအနေ ပေးတယ်ဆိုရင် ခဏလောက် ကိုယ်တစ်ယောက်ထဲ နေပြီးတော့ နားလိုက်ပါ။ အိပ်လို့ရရင် အိပ်လိုက်ပါ ။ အိပ်ရာက နိုးလာရင် ကိုယ့်အတွက် ကောင်းမွန်တဲ့ အနာဂတ်က စောင့်ကြိုနေပါတယ်။

ကိုယ့်ရဲ့ အနာဂတ်အတွက် Plan ဆွဲပြီးသွားပြီ ကိုယ်ကမနားလိုက်ဘူး၊ ကိုယ်တစ်ယောက်ထဲ မနေလိုက်ဘူးဆိုရင် ခုနက စိတ်ညစ်နေတဲ့ အခြေအနေမှာ တစ်ခုခုသွားပြီးတော့ ဆက်သွယ်မိတာတွေ ဖြစ်နေလိမ့်မယ်။

ဒါမှမဟုတ် တစ်ဖက်က ပြန်ဆက်သွယ်တာလည်း ဖြစ်နေလိမ့်မယ်၊ အဲဒီလိုမျိုး ဖြစ်မယ့်အစား နားစရာရှိနားလိုက်ပါ။ အိပ်စရာရှိခဏ အိပ်လိုက်ပါ။ ဒါဆိုလို့ရှိရင်တော့ စိတ်ညစ်နေတဲ့ အခြေအနေကနေ ကိုယ့်အတွက် အကောင်းဆုံး အခြေအနေတစ်ခုကို ဦးတည်သွားမယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်။

Naing Win Aung (MBA, ACC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

naingwinaungexecutivecoach #ceocoach

Leadership #Coaching #Transformation

NLP #Breakthrough

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial