ခေါင်းဆောင်မှုဆိုတာ ပြဿနာတွေကို ဖြေရှင်းတာ ဖြစ်တယ်

တစ်ကိုယ်ကောင်းဆန်တဲ့ ခေါင်းဆောင်တွေကြောင့် ဖြစ်လာတတ်တဲ့ အကျိုးဆက် (၅) ချက်
September 5, 2020
မကောင်းတဲ့ အတွေးတွေဟာ အလေ့အကျင့် ဖြစ်လာပြီဆိုရင် သင်ရင်ဆိုင်ရနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာ (၅) ခု
September 8, 2020

ခေါင်းဆောင်မှုဆိုတာ ပြဿနာတွေကို ဖြေရှင်းတာ ဖြစ်တယ်။
အဖွဲ့အစည်းနဲ့ လူတွေရဲ့ ပြဿနာတွေကို ဖြေရှင်းပေးရမှာဟာ ဦးဆောင်သူတွေရဲ့ တာဝန်ဖြစ်ပါတယ်။
လူတွေအများကြီးနဲ့ လုပ်နေတဲ့အလုပ်တွေမှာ ပြဿနာမတက်ပါနဲ့ဆိုတာဟာ လက်တွေ့မကျသလို ပြဿနာတွေကို မရှင်းပဲ ရှောင်ပြေးနေတာဟာလည်း လက်တွေ့မကျနိုင်ပါဘူး။
တကယ်တော့ ပြဿနာတွေဟာ ခေါင်းဆောင်တွေကို ခေါင်းဆောင်နေရာမှာ ရှိနေစေတဲ့အရာတွေလည်း ဖြစ်ပါတယ်။
လုပ်ငန်းမှာ ဘာပြဿနာမှ မရှိဘူးဆိုရင် သင့်ကိုလည်း ခေါင်းဆောင်အနေနဲ့ ဆက်ပြီး ရှိနေဖို့ လိုအပ်နေမှာ မဟုတ်ပါဘူး။
အဲဒါကြောင့် ပြဿနာတွေ၊ အခက်အခဲတွေဟာ သင် ဦးဆောင်မှုရာထူးမှာ ရှိနေရခြင်းရဲ့ အကြောင်းရင်းအဖြစ်ကြိုဆိုပါ။
သင့်အဖွဲ့အစည်းမှာ ဖြစ်နေတာတွေအတွက် တာဝန်ယူပါ။ တာဝန်ခံပါ။
လုပ်ငန်းခွင်ထဲမှာ သင့်အဖွဲ့သားတွေ ကြုံနေတဲ့အခက်အခဲတွေကို ဖြေရှင်းပေးပါ။
တိုင်ပင်သင့်တဲ့သူနဲ့ တိုင်ပင်ပါ။ တင်ပြသင့်တဲ့သူနဲ့ တင်ပြပါ။
ရလာခဲ့တဲ့ ရလဒ်တွေအပေါ်မှာ သင်ခန်းစာယူပြီး နောက်တစ်ကြိမ်မှာ ပိုကောင်းလာအောင် လုပ်ပါ။
အဲဒီလိုလုပ်တဲ့အတွက် သင်ဟာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ ဦးဆောင်သူတစ်ယောက်အနေနဲ့ လူတွေရဲ့ လေးစားခြင်းကို ခံရပါလိမ့်မယ်။

Naing Win Aung (MBA, ACC)

CEO Coach & NLP Master Trainer

Leadership Development Facilitator

#naingwinaungceocoach

#naingwinaungexecutivecoach

#Leadership #Coaching #Transformation

#NLP #Breakthrough

#Breakthrough_Coaching_Myanmar

#Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial