ခေါင်းဆောင်တွေက စီးပွားရေးလုပ်ငန်းမှာ အရေးကြီးတဲ့ Objective တွေကို ချမပြထားရင် ဖြစ်လာမယ့် ဆိုးကျိုး (၄) ခု

သင်ကိုယ်တိုင်ရဲ့ လုပ်ငန်းဦးဆောင်မှု အမှားတွေကနေ သင်ယူသင့်တဲ့ အကြောင်းရင်း (၄) ခု
August 17, 2020
သင့်လုပ်ငန်းကို သိသိသာသာ တိုးတက်ပြောင်းလဲစေမယ့် ခေါင်းဆောင်မှု မဟာဗျူဟာ ၁၃ ချက်
August 21, 2020

ကျွန်တော့်အနေနဲ့ လူ ၄၀ လောက်ကို မန်နေဂျာအနေနဲ့ ဦးဆောင်ခဲ့ဖူးသလို ဆိုင်ခွဲတွေ အများကြီးရှိတဲ့ စားသောက်ဆိုင် လုပ်ငန်းစုမှာလည်း Operation Director အနေနဲ့ရော Executive Director အနေနဲ့ရော HR အနေနဲ့ရော Shareholder အနေနဲ့ရော လုပ်ခဲ့တယ်။ အဲဒီအတွက်ကြောင့် စီးပွားရေး လုပ်ငန်းရှင်တွေ လက်တွေ့ဖြစ်နေတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး အတွေ့အကြုံ အများကြီးရခဲ့တယ်။
ကျွန်တော့်ရဲ့ အတွေ့အကြုံတွေနဲ့ရော ကျွန်တော်လေ့လာခဲ့တဲ့ အတွေ့အကြုံတွေနဲ့ပါ ​ေပါင်းစပ်ပြီးတော့ မျှဝေသွားမှာ ဖြစ်ပါတယ်။ အဓိကက လုပ်ငန်းခွင်က ဝန်ထမ်းတွေကို ကိုယ့်ရဲ့လုပ်ငန်းက ဘယ်ကို ဦးတည်ပြီး သွားမလဲဆိုတဲ့ Objective တွေကို ချပြထားရမယ်။ ချပြထားမှ သူတို့ဆီက ကျွန်တော်တို့က ဘာကိုအလိုရှိပြီး ဘာကိုလုပ်စေချင်လည်းဆိုတာကို သိမယ်။ ချမပြထားရင် မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာနိုင်တယ်။


(၁) သူတို့ကို ဘယ်ကိုသွားမလဲဆိုတာကို ချပြထားသင့်တယ်။
လုပ်ငန်းခွင်မှာ မြင်တတ်တဲ့သူနဲ့ မမြင်တတ်တဲ့သူ ရှိတဲ့အခါ မြင်တတ်တဲ့သူက သူမြင်တဲ့အတိုင်း ထင်သလို လုပ်လိုက်တဲ့အခါမှာ ကိုယ်တစ်ကယ်လိုချင်တာနဲ့ လွဲချော်သွားတတ်တယ်။ အဲဒီအခါမှာ သူနဲ့ကိုယ်နဲ့ အဆင်မပြေ ဖြစ်တဲ့အခါမှာ ဝန်ထမ်းကောင်းတွေကိုလည်း ဆုံးရှုံးနိုင်တယ်။ အဲဒီအခါမှာ ကျွန်တော်တို့က သူတို့ကို ဘယ်ကိုသွားရမလဲ ဆိုတာကို ချပြထားသင့်တယ်။

(၂) မမြင်တတ်တဲ့ လူတွေကျတော့ ဘာမှ ထိထိရောက်ရောက် မလုပ်တဲ့အတွက်ကြောင့် လုပ်အားဆုံးရှုံးတယ်။
ခေါင်းဆောင်ဆိုတာက လမ်းပြပေးဖို့ တာဝန်ရှိတဲ့အတွက် မမြင်တတ်တဲ့ သူတွေကို မြင်တက်အောင် လမ်းပြပေးရမယ်။


(၃) သင့်ရဲ့ ခေါင်းဆောင်မှုအပေါ် သူတို့ အားမလိုအားမရ ဖြစ်နေလိမ့်မယ်။
လုပ်ငန်းခွင်မှာ ရှိတဲ့သူတွေကို ဘယ်ကိုသွားရမလဲဆိုတာကို ချမပြထားတဲ့အတွက်ကြောင့် သူတို့က ကိုယ်ဘယ်လောက်သိတယ်၊ သူတို့ကို ဘယ်လောက်ထိ ထိထိရောက်ရောက် ဦးဆောင်တယ်ဆိုတာကို မသိဘဲနဲ့ အားမလို အားမရ ဖြစ်လာကြတယ်။ အဲဒီအတွက်ကြောင့် သူတို့ကို ဘာတွေလုပ်နေတယ် ဘယ်လောက်လေ့လာထားတယ် ဆိုတာကို ပြောသင့်တယ်။ တစ်ခါတစ်လေကျရင် အထက်လူကြီးတွေက မအားတဲ့အတွက် လုပ်နေတာတွေကို မပြောမိဘူး။ အဲဒီအတွက် အရေးကြီးတာက ကိုယ်ဘယ်လောက်ပဲလုပ်လုပ် ချမပြရင် အငယ်တွေက ကိုယ့်ကို အားမလိုအားမရ ဖြစ်နိုင်တယ်။


(၄) စိတ်ဓာတ်ပါကျလာကြပြီး အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေ ဆုံးရှုံးရနိုင်တယ်။
အထက်လူကြီးက ဘာလုပ်နေလဲဆိုတာကို ချမပြတဲ့အခါ လက်အောက်က ဝန်ထမ်းတွေအနေနဲ့ အားငယ်ပြီး သူတို့အတွက် ကောင်းမယ်ထင်တဲ့ နေရာကို ပြောင်းရွေ့သွားနိုင်တဲ့ အတွက်ကြောင့် အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေကို ဆုံးရှုံးနိုင်တယ်။ ဦးဆောင်သူတွေအနေ လုပ်ငန်းမှာ ဘာကိုလုပ်စေချင်တယ်။ ဘာဖြစ်ချင်တယ်။ လက်အောက် ငယ်သားတွေအနေနဲ့ ဘာလုပ်ပေးပါဆိုတာကို ရှင်းရှင်းလင်းလင်း ချပြထားဖို့လိုပါတယ်။ မတူတဲ့ ဝန်ထမ်းတွေ မတူတဲ့ Department တွေ မတူတဲ့ Objective တွေ အားလုံးကိုချပြပြီး သူတို့ကို နားလည်အောင် ပြောပြပြီးတဲ့အခါ သူတို့ဘယ်လို နားလည်လည်းဆိုတာကို ပြန်ပြောခိုင်းရင် အများကြီး အဆင်ပြေပါတယ်။


Naing Win Aung (MBA, ACC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

naingwinaungceocoach

naingwinaungexecutivecoach

Leadership #Coaching #Transformation

NLP #Breakthrough

Breakthrough_Coaching_Myanmar

Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial