ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အကြံပြုချက် (၅) ချက်

ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အရေးကြီးတဲ့ အချက် (၄) ချက်
July 16, 2020
သင့်ကိုယ်သင် စကားပြောတဲ့အခါ သတိထား ဆင်ခြင်သင့်တဲ့ အကြောင်းအရင်း (၃) ချက်
July 16, 2020

ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အကြံပြုချက် (၅) ချက်

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

Personal Growth ဆိုတာ ကျွန်တော် အမြဲတမ်းပြောတယ်။ အဓိကက စီးပွားရေး လုပ်ငန်းရှင်ပဲပြောပြော၊ ဒါရိုက်တာပဲပြောပြော၊ ကိုယ်က ပညာရှင် လုပ်နေတယ်ပဲပြောပြော ဘယ်သူမဆို ကိုယ့်ရဲ့အရည်အချင်းတွေက တိုးတက်စရာ ကျန်သေးတယ်လို့ ဒီလိုမျိုးခံယူရမယ်။

ပြီးရင် တောက်လျှောက်လည်း ကိုယ့်ရဲ့အရည်အချင်းတွေ တိုးတက်အောင်လုပ်ရမယ်။ Personal Growth Plan က ဘာဖြစ်လို့ အရေးကြီးတာလဲဆိုတော့ ကျွန်တော် ရှေ့မှာ အများကြီး ဆွေးနွေးလာတယ်။ Personal Growth Plan ဆိုတာက ကိုယ်ရဲ့ အသိပညာတွေ တိုးတက်လာတယ် ခေါ်တယ်။

ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်ရမယ်။ ကိုယ်ရဲ့ အရည်အချင်းတွေ တက်လာရမယ်။ တခြားသူတွေကို ပြန်ပြီးတော့ သင်ပေးလာနိုင်မယ်။ ဒါက Personal Growth Plan ခေါ်တာပေါ့။ အရေးကြီးတာက ကိုယ့်ရဲ့ လုပ်ငန်း တိုးတက်လာဖို့ ကိုယ်ရဲ့ အလုပ်ကိုင် တိုးတက်လာဖို့၊ ကိုယ်ရဲ့ တခြားသူတွေကို သွန်သင် လမ်းပြပေးနိုင်တဲ့ အရည်အချင်း တိုးတက်လာဖို့ ဒါတွေ တိုးတက်ဖို့ဆိုရင် ကိုယ့်ရဲ့ Personal Growth Plan တိုးတက်မှရမယ်။

(၁) ကိုယ့်ရဲ့ပန်းတိုင်ကဘာလဲ

ဒါကို ကျွန်တော်တို့ သေချာသိဖို့လိုတယ်။ အဲဒါကို မသိဘဲနဲ့ ကျွန်တော်တို့က ဘယ်ကိုဦးတည်ပြီးသွားလို့ သွားမှန်းမသိဘူး။ ဘယ်ကိုဦးတည်ပြီ လေ့လာလို့ လေ့လာရမှန်းမသိ။ အဲဒါကြောင့် Personal Growth Plan ဆွဲတော့မယ်ဆိုရင် ကိုယ်ဘာလုပ်ချင်တာလဲ၊ ကိုယ့်ရဲ့ပန်းတိုင်ကဘာလဲ ၊ ဒါကိုအရင်ဆုံး ကျွန်တော်တို့ တိတိကျကျ သိဖို့လိုပါတယ်။

(၂) ကိုယ့်ရဲ့ရည်ရွယ်ချက်

ကိုယ့်ရဲ့ရည်ရွယ်ချက် အဲဒီရည်ရွယ်ချက်တွေ ပြည့်မှီဖို့အတွက် ကိုယ်ထိပ်ဆုံးက လိုနေတဲ့အရည်အချင်း နှစ်ခု၊ ဒါမှမဟုတ် သုံးခုပေါ့။ ကိုယ်အခုမတက်သေးတဲ့ အရည်အချင်းနှစ်ခု သုံးခုရှိတယ်။ အဲဒီမတက်သေးတဲ့ အရည်အချင်း နှစ်ခုသုံးခုက တက်လာပြီဆိုရင် ကိုယ့်ရဲ့ ဘဝက ဆနဲ့ချီပြီး တိုးတက်လာလိမ့်မယ်။ မဖြစ်မနေ လိုအပ်နေတဲ့ အရည်အချင်းသုံးခုက ဘာတွေလဲ ကိုယ့်ဘာသာ ရှာရမယ်။

(၃) ကိုယ်ရဲ့ အားသာချက် အားနည်းချက်တွေကို လေ့လာပါ

ကိုယ်ဘာကိုဝါသနာပါလဲ ကိုယ်ဘာလုပ်ရတာ ပျော်လဲ။ ဘာတွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်လဲ၊ ဘာနဲ့ပတ်သက်ရင် အားနည်းလဲ။ ကျွန်တော် ဆိုရင် ကျွန်တော် ဘယ်နေရာတွေမှာ အားသာလည်း ဘယ်နေရာတွေမှာ အားနည်းလဲ ကျွန်တော် လိုက်လေ့လာတယ်။

အချို့ အားနည်းချက်တွေက လိုက်ဖြည့်စရာမလိုဘူး ဖြည့်လည်း တတ်မှာမဟုတ်ဘူး။ ဖြည့်လည်း နည်းနည်းပဲတက်မယ်။ တချို့ အားနည်းချက်တွေက နည်းနည်းတက်လာရင် ကောင်းတယ်။ တချို့ အားနည်းချက်တွေက အတော်ကြီးကိုဖြည့်ရမယ်။ တချို့ အားနည်းချက်တွေနေရာမှာ ကိုဖြည့်နေတာထက် တခြားသူ ခေါ်ခိုင်းလိုက်တာ အဆင်ပြေတယ်။

ကိုယ့်ရဲ့ အားသာချက်တွေ တချို့အားနည်းချက်တွေက ဆက်ပြီး လေ့လာစရာ မလိုတော့ဘူး။ တချို့အားသာချက်တွေက ဆက်ပြီးဖြည့်လိုက်မယ်ဆိုရင် ကောင်းနေရာကနေ လန်ထွက်သွားလိမ့်မယ်။ ဒါဆိုရင် အားသာနေတဲ့အချက်လေးတွေကိုဆက်ပြီးလေ့လာပေါ့။ အဲဒီတော့ နံပါတ်သုံးက ကိုယ့်ရဲ့ အားသာချက် အားနည်းချက်တွေကို ဆက်ပြီးလေ့လာနေရမယ်။

(၄) အချိန်ဇယား ဆွဲပါ။

အရည်အချင်းတွေ ပြည့်သွားအောင် ကိုယ်လေ့လာသင့်တဲ့ စာအုပ်တွေ၊ တက်သင့်တဲ့ သင်တန်းတွေ၊ ကိုယ့်ကိုယ် သွန်သင်ပေးနိုင်မယ့် Coach တွေ၊ Consultant တွေ သူတို့တွေကို စာရင်းပြုစုရမယ်။ အဲဒါတွေနဲ့ ဆက်စပ်ပြီးတော့ စာရင်းပြုစုပြီးရင် ဦးစားပေး အစဉ်ဆွဲရမယ်။
ကိုယ်အနေနဲ့ ကိုယ်လေ့လာသင့်တဲ့ စာအုပ်တွေ၊ သင်တန်းတွေက ဘာတွေလဲ။

ဦးစားပေးအစီစဉ်ဆွဲ၊ ပြီးရင် အချိန်ဇယားဆွဲ။ ဘယ်ဟာက တစ် ဘယ်ဟာက နှစ် ဘယ်ဟာကို သုံး လုပ်မယ်၊ အချိန်ဇယားဆွဲပါ။ အချိန်ဇယားဆွဲပြီးတော့ ဘယ်လမှာ လေ့လာမလဲ။ ဘယ်နှနှစ်အတွင်းမှာ ငါဘာတွေတော့ ပြီးအောင်လေ့လာမလဲ။

၂၀၂၀ အတွင်းမှာ ဘာလေ့လာမလဲ။ ၂၀၂၁ အတွင်းမှာ ဘာလေ့လာမလဲ။ ၂၀၂၂ အတွင်းမှာ ဘာလေ့လာမလဲ။ ပြီးရင်တော့ တစ်လချင်း အချိန်ဇယား လိုက်ထည့်လို့ရတယ်။ တစ်ပတ်ချင်း အချိန်ဇယားလိုက်ထည့် လုပ်သင့်တယ်။

(၅) စည်းကမ်းရှိရှိနဲ့ မှန်မှန်လုပ်ပါ။

ကျွန်တော်တို့က သိလာအောင် ပြောပြလို့ရတယ် ၊ လုပ်လာဖို့ဆိုတာက ကိုယ့်စည်းကမ်း ကိုယ်ရှိမှရမယ်။ ကျွန်တော်ကို Coach ငှားတဲ့ Coaching Client တွေရှိတယ်။ ကျွန်တော်ကို Fees အများကြီးပေးပြီး ငှားတယ်။

ဒါပေမဲ့ သူတို့ကို ကျွန်တော်ပေးနိုင်တဲ့အချိန်က တစ်လကို အချိန် နှစ်နာရီခွဲပဲ ပေးနိုင်တယ်။ တစ်နာရီ ဆယ့်ငါးမိနစ် နှစ်ချိန်ဆိုတော့ နှစ်နာရီခွဲပဲ ပေးနိုင်တယ်။ ကျန်တဲ့ နာရီပေါင်း ရာနဲ့ချီနေတဲ့ အချိန်တွေမှာ သူ့ဘာသာလုပ်ရတာ။ သူ့ဘာသာ စည်းကမ်းရှိရှိနဲ့ မလုပ်ဘူးဆိုရင် ဘယ် Coach ပဲ သွားခေါ်ခေါ် အဆင်ပြေချင်မှ ပြေလိမ့်မယ်။

ကိုယ့်ဘာသာကိုယ် လေ့လာမယ်လို့ စဉ်းစားထားတဲ့ အချက်တွေ စည်းကမ်းရှိရှိနဲ့ ကိုယ့်ဘာသာ မှန်မှန်လုပ်သွားဖို့လိုတယ်။ ဒါဆိုရင်တော့ ကိုယ့်ရဲ့ Personal Growth Plan နဲ့ပတ်သက်ပြီးတော့ ဘာကြောင့်အရေးကြီးတာလဲ။ ဒါကို ဘယ်လိုလုပ်မလဲ ဆိုပြီးတော့ သိလာမယ်လို့ ကျွန်တော့် အနေနဲ့ ယုံကြည်ပါတယ်။

Naing Win Aung (MBA, ACC)
CEO Coach & NLP Master Trainer
Leadership Development Facilitator

#naingwinaungexecutivecoach
#ceocoach
#Leadership#Coaching#Transformation
#NLP#Breakthrough
#Breakthrough_Coaching_Myanmar
#Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial