ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်ဖို့ အစီအစဉ် ဆွဲထားသူတွေဆီမှာသာ တွေ့နိုင်တဲ့ အချက် (၅) ချက်

လုပ်ငန်းရှင်တွေ ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းမှာ ဦးဆောင်တဲ့အခါမှာ အဓိကကျတဲ့ အချက် (၅) ချက်
June 30, 2020
မကောင်းတဲ့ စိတ်နေသဘောထားရှိတဲ့ ဦးဆောင်သူတွေကို ဆက်ဆံတဲ့အခါမှာ ရွေးချယ်နိုင်တဲ့ ရွေးချယ်မှု (၃) ခု
June 30, 2020

ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်ဖို့ အစီအစဉ် ဆွဲထားသူတွေဆီမှာသာ တွေ့နိုင်တဲ့ အချက် (၅) ချက်

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

Personal Growth Plan ဆွဲဖို့က ဦးဆောင်သူတွေ လုပ်ငန်းရှင်တွေ ဝန်ထမ်းတွေ ဘယ်သူမဆို အရေးကြီးတယ်။ ကျွန်တော်တို့ရဲ့ အနာဂတ်ကို တစ်ခြားသူက လာလုပ်ပေးမှာမဟုတ်ဘဲ ကိုယ့်ရဲ့ အနာဂတ်ကို ကိုယ့်ဘာသာ ဖန်တီးလို့ရတယ်။

ကိုယ်က အဲဒီအရည်အချင်းကို ဒီအပင်စိုက်ရင် ဒီအသီးသီးမှာပဲ အဲဒီအတွက် ကိုယ့်ရဲ့ Persoanl Growth Plan ကို ကိုယ်ကိုယ်တိုင် ဦးဆောင်ပြီး ပျိုးထောင်တာက ကျွန်တော်တို့လို ဦးဆောင်သူတွေအတွက် အင်မတန် အရေးပါပါတယ်။

ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်ဖို့ ပျိုးထောင်တာဟာ Personal Growth Plan ပဲ။ အဲဒီလိုမျိုး Personal Growth Plan ဆွဲထားတဲ့သူတွေဆီမှာသာ တွေ့နိုင်တဲ့ အချက် ၅ ချက်ကို မျှဝေသွားမှာ ဖြစ်ပါတယ်။

(၁) လုပ်ရတဲ့ အလုပ်မှာ သူက တက်တက်ကြွကြွ ရှိတယ်။

Personal Growth Plan ဆွဲထားတဲ့ သူတွေက သူတို့ကိုကြည့်ရင် များသောအားဖြင့် တက်ကြွနေတယ်။ သူတစ်ရက် တစ်ရက် လုပ်နေတဲ့ အရာတွေက တိုက်ဆိုင်လို့ လုပ်နေတာမဟုတ်ဘူး။ သူများခိုင်းလို့ လုပ်နေတာ မဟုတ်ဘူး။ သူလုပ်ချင်လို့ကို လုပ်နေတာ။

အဲဒီအတွက်ကြောင့် သူသွားနေတဲ့ အရာမှန်သမျှက သူ့အတွက် တိုးတက်ရာ တိုးတက်ကြောင်းအတွက်ပဲ။ သူ့လုပ်နေတဲ့ အရာမှန်သမျှက သူ့ရဲ့စိတ်နဲ့ တစ်သားထဲဖြစ်တယ်။ အဲဒီအတွက်ကြောင့် သူလုပ်ရတဲ့အလုပ်မှာ သူက တက်တက်ကြွကြွရှိတယ်။

(၂) မဆုံးနိုင်တဲ့ လေ့လာသင်ယူမှုတွေ လုပ်ကြတယ်။

သင်တန်းတွေ ဆက်တိုက်တက်နေတဲ့ သူမျိုးတွေ၊ စာအုပ်တွေ ဆက်တိုက် ဖတ်နေတဲ့ သူမျိုးတွေကိုတွေ့ရင် ဖတ်နိုင်လိုက်တာ ငါတော့ မလုပ်နိုင်ဘူးလို့ စိတ်ထဲမှာ ထင်ရင်ထင်မယ်။ ဘာလို့လည်းဆိုတော့ သူက Personal Growth Plan ရှိတဲ့အတွက်ကြောင့် သူက သူ့တိုးတက်မှုအတွက် စာအုပ်တွေ ဖတ်ရမယ်။ သင်တန်းတွေ တက်ရမယ် ဆိုတာကို သူသိနေတာဖြစ်နိုင်တယ်။

နောက်တစ်ခုကကျတော့ လေ့လာသင်ယူမှုက လုပ်ရင်း လုပ်ရင်းနဲ့မှ စိတ်ပါလာတာ လုပ်ရင်းလုပ်ရင်းနဲ့မှ ပိုပြီးမြင်လာတာမျိုး ပိုပြီးတော့ သိချင်လာလေလေ ဖြစ်တယ်။ အဲဒီအတွက်ကြောင့် လေ့လာသင်ယူမှု လုပ်လေလေ ဆက်ပြီးတော့ လေ့လာသင်ယူမှု လုပ်ချင်လေလေဖြစ်တယ်။ မဆုံးနိုင်တဲ့ လေ့လာသင်ယူမှုတွေ လုပ်ကြတယ်။

(၃) ကိုယ်ရတဲ့ အသိပညာကို အခြားသူတွေလည်း ရစေချင်တယ်။

သင်တန်းတစ်ခုခု တက်လာတယ် အိမ်ကလူတွေကို ပြန်မျှဝေတယ် ပြောပြတယ်။ တစ်ခုခုဖတ်လာတယ် Facebook ပေါ်မှာ စာတွေတက်ရေးတယ်။ အရေးကြီးတာက တစ်ခုခု ရလာပြီဆိုရင် လူတွေကို Share လုပ်တယ် မျှဝေချင်တယ်။အဲဒါနဲ့ပတ်သက်ပြီး စိတ်အားထက်သန်မှုက အပြည့်ရှိနေတယ်။

ကျွန်တော်တို့ဆိုရင် NLP တက်လာတာ ကျွန်တော့် Life ကို ဘယ်လိုပျော်ရွှင်စေတယ်။ ဒါက ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပြောင်းသွားတယ်။ Leadership တက်တယ်။ ဘယ်လိုပြောင်းသွားတယ်။ Jack Canfield တက်တယ် ဘယ်လိုပြောင်းသွားတယ်။ ဒါတွေကို ကျွန်တော် သိလာတယ်ဆိုရင် ကျွန်တော့်အိမ်မှာ ကျွန်တော့်အမျိုးသမီးကို NLP တက်ခိုင်းတယ်။ ကျွန်တော့်သားလေးဆိုလည်း ကျွန်တော် US ထိ အကုန်အကျခံပြီးတော့ John Maxwell ကို Join ခိုင်းတယ်။
Tony Robbin ရဲ့ UPW ကို တက်ခိုင်းတယ်။ သူလည်းလိုက်လုပ်တယ်။

ဆိုလိုတဲ့သဘောက ကိုယ်တစ်ခုခုကို ရရင် ရစေချင်လို့။ အောင်သုခ (၁၅) ရက် တရားစခန်းဝင်တယ်။ အင်မတန် အကျိုးထူးတယ်။ ရုံးက Breakthrough က သူတို့ဆန္ဒနဲ့သူတို့ ရုံးက လစာလုံးဝမဖျက်ဘဲ တရားစခန်း ဝင်ခိုင်းတယ်။ ပြောချင်တဲ့သဘောက ကိုယ်ရတဲ့ အသိပညာကို အခြားသူတွေလည်း ရစေချင်တယ်။

(၄) မလိုလားအပ်တဲ့ အပျော်အပါးကိစ္စတွေကို အချိန်ပေးတာ နည်းလာတယ်။

စားမယ်၊ သောက်မယ်၊ KTV သွားမယ် ဒါမျိုးတွေက ရှိကောင်းရှိမယ်။ ဒါပေမယ့် နည်းလာလိမ့်မယ်။ ဒါမျိုးတွေက အင်မတန် အချိန်ကုန်တဲ့ဟာလို့ သူမြင်လာတဲ့အတွက် ဒါမျိုးတွေကို သူမလုပ်တော့ဘူး။

(၅) သူကိုယ်သူ လေးစားမှုရှိတယ်။

သူကိုယ်သူ လေးစားမှု ရှိတဲ့အတွက် သူ့ကိုကြည့်လိုက်ရင် အသက်အရွယ်နဲ့ လိုက်ဖတ်မှု မရှိလောက်အောင် ရင့်ကျက်မှုရှိတယ်။ သူက သူ့ကိုယ်သူ ထိန်းနိုင်တယ်။ ဘာကိုမလုပ်ရဘူး ဘာကိုမပြောရဘူး ဒါမျိုးတွေကို သူ့ကိုသူ ထိန်းသိမ်းနိုင်လောက်အောင် ရင့်ကျက်မှု ရှိတယ်။

Personal Growth Plan ကို သေချာဆွဲထားပြီးတော့ လုပ်ထားတဲ့သူတွေဆီမှာ ရှိတာတွေဖြစ်တယ်။ အဲဒီအတွက်ကြောင့် ဒီမှာရှိတဲ့ မိတ်ဆွေတွေ Personal Growth Plan ဆွဲနိုင်ရင် ဆွဲပါ။ Personal Growth Plan ကို ပိုပြီး ထဲထဲဝင်ဝင်သိချင်ရင် ကျွန်တော်တို့ Breakthrough ရဲ့ Transformational Leadership Journey ကို သင်တန်းတွေ ပြန်ဖွင့်တဲ့အခါ လာပြီး Join နိုင်ပါတယ်။

Naing Win Aung (MBA, UK)
Business & Executive Coach
Leadership Development Facilitator
Myanmar 1st NLP Master Trainer

#naingwinaungexecutivecoach
#Leadership#Coaching#Transformation
#NLP#Breakthrough
#Breakthrough_Coaching_Myanmar
#Make_Myanmar_A_Better_Place

Comments are closed.

Wordpress Social Share Plugin powered by Ultimatelysocial